Professional Authors

ငါ့ဒိုင်ယာရီ

ငါတို့နှစ်ကိုယ်တူ ချစ်ခဲ့ကြတာပါနော်။ ငါနင့်ကိုသိပ်ချစ်ခဲ့တာပါ။ တနယ်စီဝေးနေလဲ ငါနင့်အပေါ်မှာ သစ္စာရှိခဲ့တယ်။ဘယ်သူတွေဘာပြောပြော ငါဘယ်သူ့ကိုမှ လက်မခံခဲ့ပါဘူး။ နင့်ကိုပဲချစ်ခဲ့တယ် နင့်ကိုပဲ လက်ထပ်မယ်ဆိုပြီးတော့ပေါ့။ ငါ့ဘ၀မှာချစ်သူနဲ့ လက်ထပ်သူဟာ တစ်ယောက်ထဲပဲ ဖြစ်ချင်ခဲ့တာ။ ငါနင့်ကို သန့်သန့်ရှင်းရှင်းနဲ့ချစ်ခဲ့တယ်။ အခုခေတ်ကြီးကဘာကြီးလဲ။ချစ်သူတွေ လက်မထပ်ကြသေးဘဲနဲ့ အတူနေနေကြတယ်။အတူနေဖို့နင်တောင်းဆိုတာကို ငါလက်မခံခဲ့ပါဘူး။ အဲဒီလိုပြောလာတဲ့နင့်ရဲ့စကားကြောင့် ငါဝမ်းနည်းရပေမဲ့ ငါနင့်ကို ချစ်တဲ့စိတ်နဲ့ခွင့်လွှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ငါတို့ချစ်သက်တမ်း 10 နှစ်ထဲကိုရောက်လာခဲ့တယ်။ နှစ်ဖက်မိဘတွေကိုလဲ လက်ထပ်ကြတော့မယ်ဆိုတာကို အသိပေးပြီးကြပြီ ။ နင်တို့မိဘတွေဖက်က နိုင်ငံရေး/စီးပွားရေး/လူမူရေး/ အခြေအနေအရဆိုပြီးတော့ နောက်သီတင်းကျွတ်မှ လက်ထပ်ပေးမယ်လို့ပြောလာတယ်။ အဲဒီကစပြီး နောက်ပိုင်း ဘာတွေဖြစ်လာတာလဲမသိတော့ဘူး နင်တို့မိဘတွေလဲ ကြည်2ဖြူ2ပါဘဲ(ငါထင်ခဲ့တယ်)။နောက် နင်ကိုယ်တိုင် ငါ့ကို အဆက်အသွယ်မလုပ်တော့ဘူး ငါဆက်သွယ်တယ် ဒါပေမဲ့ဘာမှ ထူးမလာဘူး။ အဲဒါ ဘာတွေဖြစ်သွားကြတာလဲ ငါလုံးဝနားမလည်နိုင်တော့ဘူး (ငါနင့်ကိုမေးမိတယ် ဘာဖြစ်တာလဲဆိုတော့ ရီစရာစကား တခွန်းကြားလိုက်ရတယ် အိမ်ထောင်ရှင် အမျိုးသမီးတယောက်နဲ့ သူများတွေကလဲပြောတယ်ငါကလဲသံသယစကားပြောလို့တဲ့ အဲဒီတုန်းက ငါလေ ဘာကိုမှ လွန်လွန်ကြူးကြူး စကားမပြောမိပါဘူး သူတပါးရဲ့ကိုယ်ကျင့်တရားကို ငါအသားလွတ်ကြီး မစော်ကားတတ်ဘူးဆိုတာ နင်အသိဆုံးပါ။အဲဒီအမ ဒီလိုမဖြစ်သင့်ဘူးလို့ ငါစိတ်ဆိုးတယ်လို့ပဲပြောမိတာ အဲဒီနောက်ပိုင်းမှာတောင် နင်အသွားအလာမပျက်ခဲ့ဘဲနဲ့များ) အခုမှ ဘာဖြစ်ရတာလဲ။ ငါလေ ဒီစကားကြားပြီး ဘယ်လိုခံစားရမှန်းတောင်မသိဘူး ငါထင်တယ် ငါ့ကို ထားခဲ့ချင်တာအပြစ်ရှာမရလို့ စကားတွေလျှောက်ပြောနေတာလားလို့။ ငါလေ အခုအရမ်းကိုခံစားနေရတယ် နင်ထားခဲ့တာကိုလေ။ ငါရဲ့အချစ်တွေကို နင်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုခဲ့တာကိုး။ နင်အသစ်တွေ့နေတာမို့လား ဆက်လုပ်ပါ။ နင်အဆင်ပြေပါစေဘဲ ငါဆုတောင်းပေးရမှာပေါ့လေ။ ငါ့မှာတော့ နင်ပြောတဲ့စကားကြောင့် (အငိုမျက်လုံး အပြုံးမျက်နှာ)ဆိုသလိုဘဲ ဖြစ်နေရပြီဟ။ နင်လာကြည့်ပါလား ရီနေတဲ့ငါ့ကို မျက်လုံးမှာ မျက်ရည်စတွေနဲ့ပေါ့ ရင်ဘတ်တွေလဲ အောင့်လို့။ နင်ပျော်ရွင်ပါစေလို့ ငါဆုတောင်းပါတယ် ချစ်သူ————————-

In: Others Posted By: Date: Aug 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment