Professional Authors

စိတ်ကူးသက်သက်

တို့တွေက သူငယ်ချင်းနော်….

ငယ်ငယ်လေးကထဲကလေ

တို့တွေကို မိဘတွေက် သဘောတူကြတယ်နော်…

လက်ထပ်ပေးမယ်တဲ့..

တို့တွေက အရမ်းချစ်ခဲ့ကြတဲ့ ချစ်သူတွေနော်…

တွေ့တဲ့လူတိုင်းက အားကျတယ်လေ..

တို့တွေက ရည်မှန်းချက်ကိုယ်စီနဲ့ လေ

ဘ၀ ကို အလှပဆုံးတည်ဆောက်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့လေ

တို့တွေ လက်ထပ်ကြတော့မယ်နော်

ငါ က နင် နဲ့ လက်ထပ်မှာ မဟုတ်သလို

နင်ကလဲ ငါနဲ့ လက်ထပ်မှာ မဟုတ်ဘူးနော်

နင် ကြောင့် ငါ နာကျင်ရတယ်

ငါ ကြောင့် နင်လဲ နာကျင်ရတယ်

တို့ ၂ ယောက် ဘာတွေမှား ခဲ့ကြလဲ…….

 

In: ကဗျာ Posted By: Date: Jun 10, 2010
Comment #1

တစ်ခါတစ်လေ မင်းမျက်ဝန်းက

လှောင်ပြုံးတွေကို ငါအမှတ်ရတတ်တယ်

တစ်ခါတစ်လေ မင်းနှလုံးသားက

လိမ်ညာတဲ့စကားတွေကို ငါကြားချင်နေတတ်တယ်

တစ်ခါတစ်လေ ငါ့မျက်ဝန်းထဲက

မင်း နှုတ်ခမ်းတွေကို အမှတ်ပေးနေမိတယ်

တစ်ခါတစ်လေ င့ါနှလုံးသားက

ဟန်မဆောင်နိုင်တော့ပဲ ပြောမိမှာကြောက်တတ်လာတယ်

တစ်ခါတစ်လေ ရောက်ဖူးသမျှနေရာတိုင်း

မင်းရှိမလားဆိုပြီးတော့ လှည့်လှည့်ကြည့်မိတဲ့

ငါ .. …. .. ..

မင်း ဘယ်မှာလဲ …

ငါ့ကိုပြောခဲ့ပါ ……..။

commentinfo By: အောင်ရဲသူ at Jul 7, 2011
Comment #2

နှလုံးသားရဲ့ အနီးဆုံးနေရာမှာ ရှိနေပါလိမ့်မယ်. သူငယ်ချင်း…..
ကိုယ့်ကိုကိုယ် ပြန်ရှာကြည့်ပါလား….

thanks for your comment !

commentinfo By: thaeswezin at Jul 7, 2011
Comment #3

မှန်တာပေါ့ သဲရေ….။ အဲ သဲဆွေဇင်ရေ…..။
အားပေးနေလျက်ပါ……။ ဆက်ရေး ပါ ဦး…။

commentinfo By: အောင်ရဲသူ at Jul 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment