Professional Authors

မျက်ရည်နဲ့ ရေးတဲ့ ဒိုင်ယာရီ – မိုးကောင်းကင်

သန်ခေါင်ယံညတွေ လွန်မြောက်ပြီ
မိုးလင်းခဲ့ တဲ့  နေ့ ရက်တွေမှာ
အလွမ်းခြေရာကိုပြန်ကောက်ကြည့်တော့ 
လှလှပပ မလွမ်းတတ်ခဲ့ တဲ့ 
ငါ့ ရဲ့ ကဗျာကို
ခွင့် လွတ်ခြင်းနဲ့  စွန့် လွတ်ခြင်းတို့ 
ထွေးပိုက်ကာ
အချစ်တို့ ရဲ့  ဂူသင်္ချိုင်းမှာ
ထာဝရ အိပ်စက်ခဲ့ ပါပြီ

အချိန်ကာလယန္တရားကြီးကို
မျော်လင့် ချက်နဲ့ လောင်စာလုပ်
ချစ်ခြင်းနဲ့ မောင်းနှင်ခဲ့ တာ
ဒီပန်းတိုင်း တစ်ခုထဲအတွက်ပါ
အခုတော့ 
မျော်လင့် ချက်တွေကုန်ခန်းပြီး
မောင်းနှင်မရတဲ့ 
ငါ့ အချိန်တွေမှာ
ချစ်ခြင်းတစ်ခုသာ
ငါပိုင်ဆိုင်ခဲ့ တာ
ငါ့ မျော်လင့် ချက်တွေရိုက်ချိုး
တစ်ခြားတစ်ယောက်အတွက်ငိုတဲ့ 
မျက်ရည်တွေနဲ့ 
ငါ့ ကိုချစ်ပါတယ်ဆိုတာကိုလဲ
ခွင့် ပြုခဲ့ တယ်

တစ်ကြိမ်ပြီးတစ်ကြိမ်
အခါခါကွဲခဲ့ ရတဲ့  ငါ့ နှလုံးသားကိုလဲ
ငဲ့ ညာမနေပါနဲ့ 
ငါ့ ရဲ့ မျက်ရည်တွေ
မင်းကိုမမြင်ရက်စေခဲ့ လည်း
မင်းရဲ့ မျက်ရည် ငါမြင်ခဲ့ ရတယ်
မင့် မျက်ရည်တစ်စက်နဲ့ တင်
ငါ့ ရဲ့ အသည်းနှလုံးဟား
အရည်ပျော်သွားခဲ့ တာ
မင်းမလိုတော့ တဲ့ ငါ့ အချစ်ကို
ဟော့ ဒီအလွမ်းဒိုင်ယာရီနဲ့ အတူ
အဆုံးသတ်ဖို့ 
အားလုံးကို ခွင့် ပြုလိုက်ပါပြီ။ ။
                                      00:36  4.8.2010

In: ကဗျာ Posted By: Date: Aug 4, 2010
Comment #1

ပါးစပ်ကသာခွင့်ပြုတာပါနော် .. နှလုံးသားကတော့လက်ခံမယ်မထင်ဘူး … ဟိဟိ

commentinfo By: chityellusoelay at Aug 17, 2011
Comment #2

တကယ်ချစ်တယ်ဆို အဲ့လောက်ထဲစိတ်မပျော့သင့်ဘူးဗျ ( ကျွန်တော့အမြင်ပါ )
ကဗျာက ခေါင်းစဉ်နဲ့လိုက်အောင် မျက်ရည်တွေတွေ့နေရတယ်ဗျ
ကဗျာကောင်းလေးမို့ ခံစားအားပေးသွားကြောင်းပါ ။

commentinfo By: X - ray at Feb 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment