Professional Authors

တောင်းဆိုပါတယ်ဟာ

ဘာလုပ်ရမလဲ?? ငါနင့်အကြောင်းတွေပိုသိလာတယ်။ သုံးနှစ်ဆက်တိုက် အသဲကွဲပွဲကျင်းပါတယ်။ အဖြေပေးတဲ့နေ့ကို နင်ခုထိ မှတ်မိနေတယ်။ ဟိုက နင့်ကိုမချစ်တော့လို့ တစ်ခြားတစ်ယောက်နဲ့တွဲသွားတာလေ။ ဒါတောင် ပြန်လာရင် လက်ခံမယ်တဲ့လား။ ဒီလောက်ထိ အသဲစွဲဖြစ်နေတာကို ဘာလို့ငါ့ကို လာစနေတာလဲ။ ငါတစ်ခါမှ ဘယ်သူ့ကိုမှ မချစ်ဖူးဘူးနော်။ ငါ့အသဲနုတယ်။ နင်ငါ့ကို မချစ်ဘူးတဲ့ ငါ့ကို ငါ့သူငယ်ချင်းတွေပြောတယ်။ နင်ငါ့အပေါ်ပြုမူဆက်ဆံတာတွေက ဘာသဘောတွေလဲ။ ငါ့ကိုဘာဖြစ်စေချင်တာလဲ။ သူငယ်ချင်းလို သဘောထားရင် သူငယ်ချင်းလိုပြုမူလေဟာ။ ခုတော့ငါ့မှာ နင့်ကို ရင်ခုန်ရမှာလား။ နင့်ကို ရင်မခုန်ရဘူးလား။ တစ်ကယ်ကို မသိဘူး။ တစ်ကယ်မသိလို့ ခုဆို ငါနင့်ကို အဆက်အဆံသိပ်မလုပ်တော့ဘူး။ မှန်တာပြောရင် နင့်ကိုငါ သူငယ်ချင်းလို့ ခင်ရမှာတောင်ကြောက်လာတယ်ဟာ။ ငါ့ကို နင်ရိုးသားစွာ ဆက်ဆံပြီး။ နင့်ရင်ထဲက ငါ့အပေါ်ထားတဲ့ စိတ်အမှန်နဲ့ ငါ့ကို ဆက်ဆံစေချင်တယ်။ တစ်ကယ် ငါတောင်းဆိုတာပါဟာ။

In: Others Posted By: Date: Oct 3, 2013
Comment #1

Poemscorner=Diary 🙂

commentinfo By: မေပျို at Oct 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment