Professional Authors

ကြယ်အကြွေကောက်ချင်တဲ့ကောင် (အိုင်လွယ်ပန်)

နားမလည်တတ်ဘူးလို့ခဏခဏမပြောပါနဲ့……မင်းအတွက်ဆိုရင်ကိုယ့်အိပ်မက်တွေကိုကိုယ်အကြိမ်ကြိမ် ပြန်ထုပ်သိမ်းခဲ့သူပါ…..အရာအားလုံးထက်ကိုပိုပြီးမင်းကိုမြတ်နိုးတယ်ဆိုတာသေချာသိလိုက်ရတော့ ငါ့ဦး နှောက်တွေဆွံ့အသွားတယ်……နဂိုကတည်းကနောင်တဆိုတာကိုငါမုန်းတယ်…….တစ်ခုလိုချင်ရင်တစ်ခု ကိုတော့ပေးရစမြဲပေါ့……သီအိုရီတွေကတစ်ခါတစ်လေဆန္ဒနဲ့ထပ်တူမကျတတ်ဘူး……မင်းဆီကိုငါလှမ်းဖို့ငါ နင်းရမယ့်ရင်ဘတ်က“မိဘ”ဖြစ်နေရအောင်ဘယ်ဂြိုလ်တွေကစီးနင်းထားသလဲတော့ငါမသိဘူး……..ဖြစ်နိုင် ရင်ငါ့“မိဘ”ရဲ့နှလုံးသားကို…………… မင်းကိုနှစ်သက်တတ်လာအောင်အိပ်မွေ့ချချင်တယ်……….ဆန္ဒဟာဆန္ဒသက်သက်ပါပဲ………. ဘာတွေပဲဖြစ်ဖြစ်…………အားလုံးကိုခဏလွှတ်ချပြီးငါလှမ်းခဲ့တယ်………..ငါသိတဲ့ငါ့အမှန်တရားဟာငါ့ခြေလှမ်းပေါ့……….
နားမလည်တတ်ဘူးလို့ခဏခဏမပြောပါနဲ့……………တစ်ခါတစ်လေမင်းနဲ့ငါနားလည်မှုလမ်းကြောင်းတွေ လွဲကောင်းလွဲမယ်………သေချာတာတစ်ခုကတော့ငါဟာဘာကောင်မှမဟုတ်ရင်တောင်………… မင်းကိုချစ်တဲ့ကောင်ပါ…..ဆန္ဒတွေတနင့်တပိုးကိုမီးရှို့သုတ်သင်ပြီးမှနှလုံးသားရင်ငွေ့ခိုသူပါ………. မင်းရဲ့ဆန္ဒတွေကိုလျစ်လျူရှုပြီးမင်းရဲ့နားလည်မှုတွေကိုဥပေက္ခာပြုပြီးနေခဲ့မိတဲ့ကြိမ်နှုန်းတွေရှိကောင်းရှိမိ မယ်……….နားမလည်တတ်ဘူးလို့ခဏခဏမပြောပါနဲ့……………….နားလည်ပေးပါ…………………………. ကြယ်တွေကြွေရင်ဆုတောင်းရမှာထက်စာရင်အဲဒီကြယ်အကြွေတွေကိုငါလိုက်ကောက်ကြည့်ချင်တယ်……. မဖြစ်နိုင်ဘူးလို့ပဲဆိုချင်ဆိုငါ့“မိဘ”ရဲ့မင်းနဲ့ပတ်သတ်ရင်ဖြစ်တတ်တဲ့ခါးသီးမှုဆိုတဲ့ကြယ်ကြွေတွေကို……….. ငါလိုက်ကောက်ကြည့်ချင်တယ်……………နားမလည်တတ်ဘူးလို့ခဏခဏမပြောပါနဲ့………………………….. မင်းငါ့ကိုအားရပါးရပြုံးပြစမ်းပါ………………ကမ်းထားတဲ့ငါ့ရဲ့လက်ပေါ်မင်းရဲ့လက်ကိုထပ်ပါ………………… ပြီးရင်…ငါတို့ရဲ့အားနေတဲ့လက်တွေနဲ့ကြယ်ကြွေတွေကိုကောက်ကြရအောင်ကွယ်……………………….။။

အိုင်လွယ်ပန်

In: Others,အိုင်လွယ်ပန် Posted By: Date: Aug 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment