Professional Authors

အိပ်မက်ရှာသူ

အိပ်မက်တစ်ခုပေါ့
ငါပိုင်ဆိုင်ချင်ခဲ့တာ
နေ့တွေနေ့တွေ
မရေတွက်နိုင်ခဲ့ဘူး
ဆုတောင်းခဲ့တာလည်း
အခုဆို နာရီတွေတောင်
တောင်လိုပုံလို့
ငါ့ကိုငါတောင်ငါမေ့ပြီး
လိုက်ရှာနေတာ
ငါ့ပတ်ဝန်းကျင်ကတောင်
ငါဘယ်ရောက်နေလည်းလို့ငါ့ကိုမေးနေပြီ
ညတွေညတွေ
သူများတွေပြောလို့သာသိတာ
တစ်ညမှမအိပ်ခဲ့ရဘူး
ရှာလို့မှမတွေ့သေးတာ
အိပ်မက်ရေ…အိပ်မက်ရေ………….

In: Others Posted By: Date: Jul 8, 2010
Comment #1

ညမအိပ်​ပဲ အိပ်​မက်​ရှာ ငါဘယ်​​ရောက်​​နေပါလိမ့်​..
ဆရာကြီး​တွေရဲ့ ၀င်္က၀ုတ္တိ တအားလှတယ်

commentinfo By: Shin Nyain Chan at Jan 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment