Professional Authors

အိပ်မက်ရှည်( သို့ )

ဘာလို့များ နင့်အတွက်မက်ခဲ့ဖူးတဲ့
အဆုံးအစမဲ့ အိပ်မက်ကို
တစ်ဝက်တစ်ပျက်မှာ လာလှုပ်နှိုးပါလိမ့်
မျှော်လင့်ချက်တွေရယ်
ထားတတ်ခဲ့လွန်းတော့
ငါ့ရင်မှာလည်း ၀ုန်းဒိုင်းကြဲနေပါပြီ
ဘာတွေကိုများ ငါမက်မောတွယ်တာနေပါလိမ့်
နှလုံးသားတွေအက်ကွဲနေပြီကို
ဒါပေမယ့်လေ
ရင်နာနာနဲ့ နင်နဲ့ပတ်သက်ခဲ့ဖူးတဲ့
အမှတ်တရတွေကို
နောက်ဆုံးအချိန်အထိ ထွေးပိုက်ထားချင်ခဲ့တာ
ကိုယ်ကိုယ်တိုင်လည်း နားမလည်ဘူး
ဘာကြောင့်များနင့်အပေါ်ဒီလောက်ရူးသွပ်လဲပေါ့
ဘာအကြောင်းကိုမှ မတွေးချင်ပေမယ့်
နင့်အကြောင်းပဲခေါင်းထဲရောက်နေတတ်တဲ့ငါ့ကို
နင်တစ်ချက်လောက်စာနာပါလား
ရင်ဘတ်ကြီးလည်း ၀ုန်းဒိုင်းကြဲနေပြီ
စိတ်တွေလည်းယောက်ယက်ခတ်
အိပ်မက်ကလည်းလန့်နိုးပြီး
မျက်ဝန်းထဲကမိုးရေတွေကို
ထစ်ချုန်းရွာချပစ်လိုက်တယ်

In: ကဗျာ Posted By: Date: Jan 30, 2011
Comment #1

ကဗျာလေးတွေအရမ်းကောင်းပါတယ်

commentinfo By: ma latt at Sep 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment