Professional Authors

ကျွန်တော် ကဗျာ အိပ်မက်ရွာ – (၂)

 

ကဗျာရေ……

အိပ်မက်ထဲမှာ ..ငါ ရှိတယ်လေ

ဘာ့ကြောင့် အခြားသူအကြောင်းတွေ…တွေးးး ..

ပြီးတော့ …ဆွေးနေရတဲ့အကြောင်း … ငါ့ခေါင်းထဲလာရိုက်ထည့်နေမှာလည်း???

 

နင်ကငါ့ဘ၀ပါ ကဗျာ

နင်ကငါ့ကမ္ဘာပါ

 

ငါက နင်မရှိလို့မဖြစ်တော့တဲ့သူ

နင်မပါဘူးဆို .. ကိုယ့်အနာဂတ် ကိုယ်ဖျက်သိမ်း

ကိုယ့် ဘ၀ ကိုယ် ဇာတ် သိမ်း ပြစ် မယ့်ကောင်

တဆိတ်…

ငါ့အကြင်နာတွေ ချောင်ထိုး မထားပါနဲ့။

 

ဒီစကား တွေ.. ငါအိပ်မက်ထဲမှာပဲ ခဏခဏဖွင့်ဟမိတယ်..ကဗျာ

ကိုယ့်မေးခွန်း    ကိုယ်ပြန်ဖြေရင်းးး

မိုးလင်းသွားတဲ့ည အသေများထဲ ငါဟာ

နင့်လက်ကိုဆွဲ တွဲယူပျော်ခွင့် အိပ်မက်ကမ္ဘာထဲ အရုပ်ဆွဲ…မခွဲအတူ ရှိနေဖို့ လည်း  မျှော်လင့်နေမိသေးတယ်။

 

ငါ့အသည်းအသက်ညှာမှ ထိခတ်ကာ ရက်စက်လွန်းတဲ့ ကံကြမ္မာ အကြောင်းလည်း

တစေ့တဇောင်း မျှ နင်သိစေဖို့ မလိုအပ်တော့ပါဘူး  ကဗျာ ။ နင်ချစ်တဲ့သူက..ငါ..မှ…မဟုတ်တာပဲ။

 

ငါနင့်ကိုလွမ်းတယ်ကဗျာ

မြင်နေရက်နဲ့ ငါတကယ် လွမ်းမိတယ်

ငါနမ်းမိတဲ့ နင့်အပြုံး တိုင်းအတွက်လည်း

ရင်ဘတ်နာသော ခံစားချက်တွေသာ

ငါရပေမယ့်

တရှိုက်မက်မက် နမ်းရှိုက်နေမိတုန်း။ဝမ်းနည်းမှုတွေနဲ့ပေါ့။

 

ငါပြောတာတွေများနေရောပေါ့ ကဗျာ

ဒါ အခြားအတွက် ဖွဲ့ သီ တဲ့ စာသားတွေလို့ပဲ ..သတ်မှတ်ပါ

(ထားပါ)

နင်ကမ္ဘာလေး နင်တည်ဆောက်

ငါ့နှလုံးသား နဲ့ ဒေါက်ထောက်ပေးထားတာ ကိုလည်း မေ့ထားလိုက်

နင်နဲ့ငါဟာ မဆုံသောလမ်း

ကြုံအောင်လည်း ငါဘယ်တော့မှ လုပ်ယူ..မဖန်တီးဘူး

 

ကျေးဇူးပြု၍

ငါ့အိပ်မက်တွေ လျစ်လျူရှု မသိယောင်ဆောင်လို့

အိပ်မက်ထဲ အသက်သွင်း ယုယခွင့် ပေးပါ ကဗျာ

အဲဒီ(အိပ်မက်) ရွာ လေး ထဲ နင်ရယ် ငါရယ် ဆုံစည်းကြမယ်။

In: ကဗျာ Posted By: Date: Jun 7, 2012
Comment #1

မမိုး….
ဘာပြောရမလဲ…တောင်မသိတော့ဘူး…
ကဗျာ..ကို ..ကဗျာ ဆိုပြီးပြန်ဖွဲ့ထားတာgood..တယ် အမ

commentinfo By: poem.poem28 at Jun 7, 2012
Comment #2

နင်ကငါ့ဘ၀ပါ ကဗျာ

နင်ကငါ့ကမ္ဘာပါ

ငါက နင်မရှိလို့မဖြစ်တော့တဲ့သူ

နင်မပါဘူးဆို .. ကိုယ့်အနာဂတ် ကိုယ်ဖျက်သိမ်း

ကိုယ့် ဘ၀ ကိုယ် ဇာတ် သိမ်း ပြစ် မယ့်ကောင်

တဆိတ်…

ငါ့အကြင်နာတွေ ချောင်ထိုး မထားပါနဲ့။

ငါ့အသည်းအသက်ညှာမှ ထိခတ်ကာ ရက်စက်လွန်းတဲ့ ကံကြမ္မာ အကြောင်းလည်း
တစေ့တဇောင်း မျှ နင်သိစေဖို့ မလိုအပ်တော့ပါဘူး ကဗျာ ။ နင်ချစ်တဲ့သူက..ငါ..မှ…မဟုတ်တာပဲ။

နင်ကမ္ဘာလေး နင်တည်ဆောက်

ငါ့နှလုံးသား နဲ့ ဒေါက်ထောက်ပေးထားတာ ကိုလည်း မေ့ထားလိုက်

နင်နဲ့ငါဟာ မဆုံသောလမ်း

ကြုံအောင်လည်း ငါဘယ်တော့မှ လုပ်ယူ..မဖန်တီးဘူး

ကျေးဇူးပြု၍

ငါ့အိပ်မက်တွေ လျစ်လျူရှု မသိယောင်ဆောင်လို့

အိပ်မက်ထဲ အသက်သွင်း ယုယခွင့် ပေးပါ ကဗျာ

အဲဒီ(အိပ်မက်) ရွာ လေး ထဲ နင်ရယ် ငါရယ် ဆုံစည်းကြမယ်။

မျက်ရည်ဝဲလောက်အောင် ခံစားမိတဲ့ စာသားတွေပါပဲဗျာ။ ကျွန်တော်ကတော့ တဖက်လူရင်ထဲ အဲလို ရောက်အောင် ရေးနိုင်ဖို့ အများကြီး ကြိုးစားရဦးမယ် ထင်ရဲ့။ လေးစားလျက်ပါ။ ကျွန်တော် နှစ်သက်စွာ ခံစားအားပေးသွားပါတယ်။

commentinfo By: ChIr0N at Jun 7, 2012
Comment #3

ma moe,,really really nice.
i like whatever u write.
so touching to my heart.
u r really proficient.

don’t think like that.
don’t feel depress.
never give up.
1.r u sure u’ll b ok without him in ur future?
2.r u sure u r ready to give him other?
3.r u sure u want him only in ur dream?
plz ask urself…pls don’t lie urself…plz don’t pretend..
if u avoid to face the reality,,u’ll never pass in ur life.
wishing u b happy forever.

commentinfo By: ei lay at Jun 7, 2012
Comment #4

အားပေးသွားတဲ့ မောင်ရဲလေး, ကိုချီရွန်(ပုလဲ) နှင့် ညီမ အိလေး အားလုံးကိုကျေးဇူးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Jun 7, 2012
Comment #5

ရိုးရိုးရှင်းရှင်းလေးနဲ့ရင်ထဲရောက်၏။ ……

commentinfo By: terry at Jun 7, 2012
Comment #6

ငါက နင်မရှိလို့မဖြစ်တော့တဲ့သူ

နင်မပါဘူးဆို .. ကိုယ့်အနာဂတ် ကိုယ်ဖျက်သိမ်း

ကိုယ့် ဘ၀ ကိုယ် ဇာတ် သိမ်း ပြစ် မယ့်ကောင်

တဆိတ်…

ငါ့အကြင်နာတွေ ချောင်ထိုး မထားပါနဲ့။ good!!!

commentinfo By: moezat at Jun 7, 2012
Comment #7

ကို terry သတိတရရှိနေတယ်
ကို Moezat အရျမ်းပျောက်နေတယ်..ပြစ်ထားကြတယ်
………………
အားပေးလို့ကျေးဇူးအများကြီး………………. 😀

commentinfo By: အသဲကွဲမိုး at Jun 8, 2012
Comment #8

ပစ်မထားပါဘူး ။ အားပေးလျက်ပါ။ ညီတွေ ညီမတွေရေးတာတွေပဲလိုက်ဖတ်နေတော့တာ။

commentinfo By: moezat at Jun 8, 2012
Comment #9

ငါ့အသည်းအသက်ညှာမှ ထိခတ်ကာ ရက်စက်လွန်းတဲ့ ကံကြမ္မာ အကြောင်းလည်း

တစေ့တဇောင်း မျှ နင်သိစေဖို့ မလိုအပ်တော့ပါဘူး ကဗျာ ။ နင်ချစ်တဲ့သူက..ငါ..မှ…မဟုတ်တာပဲ။

ငါနင့်ကိုလွမ်းတယ်ကဗျာ

မြင်နေရက်နဲ့ ငါတကယ် လွမ်းမိတယ်

ငါနမ်းမိတဲ့ နင့်အပြုံး တိုင်းအတွက်လည်း

ရင်ဘတ်နာသော ခံစားချက်တွေသာ

ငါရပေမယ့်

တရှိုက်မက်မက် နမ်းရှိုက်နေမိတုန်း။ဝမ်းနည်းမှုတွေနဲ့ပေါ့။

commentinfo By: ငယ် at Jun 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment