ကဗျာသူခိုးများသို့ (poemscorner မှကဗျာခိုးခံရတဲ့ သူငယ်ချင်းများအတွက်)
ပိုင်ရှင်မသိအောင် ယူခဲ့တဲ့ အရာလေး
ပိုင်ရှင်မသိအောင် ပြန်ထားလို့ ရတယ် မိတ်ဆွေ….
လူတစ်ယောက်ရဲ့ နှလုံးသားကို ယူချင်ရင်တော့
သေမှယူပါ…….ကျွန်တော်မသိပါဘူး…
ကဗျာဆိုတာ ကျွန်တော်တို့ နှလုံးသားပါ
ပြီးတော့ မိတ်ဆွေ အသက်၇ှင်ပါ…ခင်ဗျားရင်ထဲမှာ ခုန်နေတာ ကျွန်တော့်နှလုံးသားပါ
လောကမှာ ဘာသာကြီးလေးခုရှိတယ်လို့ အကြမ်းဖျဉ်းသတ်မှတ်တယ်
လေ့လာကြည့်ပါ..ဘယ်ဘာသာတရားက ခိုးယူခွင့်ကို ခွင့်ပြုထားလဲဆိုတာ
ခွင့်ပြုရင်တော့..ယူပါမိတ်ဆွေ..သဘောရှိပေါ့…
အချစ်ဆိုတာရယ်..ဘဝဆိုတာရယ်က လှပသေသတ်တဲ့ ကဗျာတွေပါပဲ
ဒါကြောင့်လဲကဗျာတွေ ဖြစ်လာတယ်
တစ်ယောက်နဲ့ တစ်ယောက်ခံစားချက်တွေ တူနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိတယ်
ကျွန်တော်ချစ်နေသလို …ကျွန်တော်ဖြစ်နေသလိုတော့ ထပ်တူမကျနိုင်ပါဘူးဆိုတာတော့
မိတ်ဆွေ ဝန်ခံပါ…..လက်ရေးတူပေမယ့် လက်ချောင်းလေးတွေ မတူနိုင်ပါဘူး
ရင်ဘတ်ဆိုတာ…အားပြင်းပြင်းနဲ့ တွန်းထိုးမှနာကျင်တာ မဟုတ်ပါဘူး
ဆွဲထုတ်ရင်လဲ ခံရခက်ပါတယ်
မိတ်ဆွေက ဆွဲထုတ်ခဲ့တာပါ…ကျွန်တော်တို့ ခံရခက်ပါတယ်
မိအေးက နှစ်ခါနာပါတယ်…
ကဗျာခိုးခံရတဲ့ နှစ်လုံးသားက အခါခါနာပါတယ်
အချစ်ရယ်ဘဝရယ်က ရိုက်လို့ နာနေပြီးသားပါမိတ်ဆွေ
ဆားနဲ့ မပက်ပါနဲ့ …………မိတ်ဆွေ
စပ်ဖျင်းဖျင်းအရသာတွေမကောင်းဘူးဆိုတာ နားလည်ပေးပါကွယ်
မကောင်းတဲ့အရာတွေ ဆက်မလုပ်ပါနဲ့ 
သူတပါးကိုနာကျင်စေတယ်ဆိုရင်…ဆက်မလုပ်ရဘူးဆိုတာသိရင် 
မိတ်ဆွေ..သင်ဘာဆက်လုပ်မှာလဲ…..????
Comment #2
အားပေးသွားပါတယ်ဗျာ……
 By: moehtetaung18 at Mar 28, 2013
                        By: moehtetaung18 at Mar 28, 2013
                    Comment #3
ခင်ဗျားရင်ထဲမှာခုန်နေတာ ကျနော့်နှလုံးသားပါ
ခိုးယူချင်လောက်အောင်ကောင်းတဲ့ကဗျာရေးနိုင်တာ
ဂုဏ်ယူလိုက်ပါရှင်
 By: မေပျို at Mar 28, 2013
                        By: မေပျို at Mar 28, 2013
                    Comment #4
ဟုတ်ပဗျာ..ကဗျာသူခိုးများဖတ်သွားရင် ပိုကောင်းပါတယ်
 By: သဟံသစ် at Mar 31, 2013
                        By: သဟံသစ် at Mar 31, 2013
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
Hna lone tarr hmit khan sarr twar par de