Professional Authors

Weekly Gossips of Class (WGC) – 1

ပေါ အသင်းဥက္ကဌကြီး MMKO ရုတ်တရက်ရာထူးမှ အနားယူရန် စဉ်းစားနေပြီး အဘယ့်ကြောင့် အနားယူရန် စဉ်းစားနေကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

HandSet စီမံကိန်းအမြန်ဆုံးပြီးစီးသွားရန် ရည်ရွယ်၍ EC HWY သည် ခြိုးခြံချွေတာခြင်းအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိရာ မည်သူမဆို အတိုးမဲ့ ချေးငွေ ထုတ်ယူနိုင်ကြောင်း သိရှိရပါသည်။

စာရေးဆရာကြီး MMKyi ၏ “တိတ်တိတ်နေရသည့် အကြောင်းအရင်း” ပညာပေးစာအုပ်သစ် မိတ်ဆက်ပွဲနှင့် စာပေဟောပြောပွဲကို (ဒဟတ္တော) ကွန်ပျူတာတက္ကသိုလ် FC ဘောလုံးကွင်းတွင် မကြာမှီ ကျင်းပသွားရန် စီစဉ်ထားကြောင်း သတင်းရရှိထားပါသည်။

ဇော်ညီနောင်တေးသံသွင်းမှ “တကယ်ပါ…. တကယ်ပါ” စီးရီးသစ် မိတ်ဆက်ပွဲအား မကြာမှီ ထုတ်ဝေဖြန့်ချီသွားရန် စီစဉ်လျက်ရှိပြီး “မှတ်စမ်းကွာ” အခွေမှာ VCD ရိုက်ကူးလျက်ရှိကြောင်း ပြောကြားသွားခဲ့သည်။

“စိတ်ဓာတ်တွေ စိတ်ဓာတ်လေးတွေက” ဟောပြောပွဲကို UCSM ကျောင်းသားများ တက်ရောက် ကြရန် STHH မှ တိုက်တွန်းပြော ကြားသွားပါသည်။

MCSc ကျောင်းသားများသည် အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစား (ငတ်ကြီးကျသူများ) ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ဝေဖန်သုံးသပ် သွားခဲ့သည်။

ပြေတီဖောင်းဒေးရှင်း ဥက္ကဌ ပြေတီမင်းနိုင် သည် ယခုလတွင်း မန္တလေးတောင်သို့ သွားရောက် လှူဒါန်းမှုမှာ နောက်ဆုံး အကြိမ်   ဖြစ်ပြီး First Term Exam အပြီးမှ ပြန်လည် လှူဒါန်းမည်ဟု ပြောကြားသွားခဲ့သည်။

အုံးသီးခွဲခြင်းကို အများဆုံး လုပ်ကြသော MCSc ကျောင်းသားများ၏ ခေါင်းဆောင် ရွေးကောက်ခြင်း ပြုလုပ်သွားရာ MMKyi သည် EC HWY အား ၁၇-၁၅ ဖြင့် ၂ မဲ အသာ ရကာ ဇယားထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိသည်။

တုတ်ထိုးမင်းနိုင် ရေတိမ်နစ်မှုတွင် ဘရင်းကြက်ပေါင်းရည် သောက်ကာ ကြွက်တစ်ကောင်မှ ကယ်ဆယ်သွားခဲ့ကြောင်း၊ ထိုကြွက်မှာ အိန္ဒိယမှ မဟုတ်သော်လည်း အမည်မှာ ဆွာမိ ဖြစ်သည် ဟု WGC မှ သတင်းရရှိပါသည်။

MCSc ကျောင်းသား/သူများ (အုပ်စုလိုက်) ကျောင်းပျက်ရန်နှင့် စရိတ်သက်သာစေရန် ရည်ရွယ်၍ EC HWY မှ ကျောင်းကား အစီအစဉ် ရေးဆွဲလျက်ရှိရာတွင် အိပ်ရာထနောက်ကျသူ ကျောင်းသားနှစ်ဦးနှင့် ဘယ်အိပ်၍ ဘယ်ဝင်ခေါ်ရမှန်းမသိသာ   ကျောင်းသားတစ်ဦးတို့ကြောင့် လမ်းကြောင်း ရေးဆွဲရန် ခက်ခဲနေလျက်ရှိရာ အကြိတ်အနယ် ဆွေးနွေးမှုများ ပြီးဆုံးပြီးနောက်တွင်   အောင်မြင်တော့မည် ဖြစ်ကြောင်း WGC အား ပြောကြား သွားခဲ့သည်။

နေပူရှိန်မြင့်မားခြင်းမှ မျက်စိထိခိုက်မှုမရှိစေရန်အတွက် ရိုက်ကူးသော နေကာမျက်မှန် ကြော်ငြာတွင် ၀ါရင့်သရုပ်ဆောင်တစ်ဦး   ဖြစ်သော MMKo ပါဝင်သရုပ်ဆောင်ရိုက်ကူးမှုမှာ ညနေ ၆ နာရီလောက် တိုင်အောင် ပြီးဆုံးခြင်း မရှိသေးကြောင်း WGC သတင်း ဌာနမှာ ဖော်ပြသွားခဲ့သည်။

၂၀၁၂ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပရန်ရှိသော အားကစားပွဲများအနက် Table Tennis ပြိုင်ပွဲမှာ ပိုက်ပျောက်နေ   သောကြောင့် လည်းကောင်း၊ ဘောလုံးပြိုင်ပွဲမှာ ဘောလုံးကွင်းအား အကြီးစားပြင်ဆင်မှုများပြုလုပ်ရန်နှင့် ဘောလုံးကွင်း   မြက်ခင်းပြင် ခြုံအောက်ရောက်ရှိနေသောကြောင့် လည်းကောင်း၊ ကြက်တောင်ပြိုင်ပွဲမှာ ကြက်တောင်များ မစုဆောင်းရသေး   သောကြာင့် လည်းကောင်း၊ စစ်တုရင် ပြိုင်ပွဲမှာ ကျင်းပရန် နေရာ အခက်အခဲရှိသောကြောင့် လည်းကောင်း ယခုနှစ် Second Term မေလဆန်း လောက်တွင် ဆက်လက်ကျင်းပသွားနိုင်မည် ဖြစ်ကြောင်း WGC မှ သတင်းရရှိထားပါသည်။

International Language အချိန်များနှင့် Network ချိတ်ဆက်မှုများအကြောင်း သင်သည် ထင်ရသော ဘာသာရပ်အချိန်များကို ဆက်လက်တက်ရောက်သွားမည် မဟုတ်ကြောင်း MCSc ကျောင်းပုန်းငါးဦးမှ WGC သို့ပြောကြားသွားခဲ့သည်။

UCSM ကျောင်းဖွင့်ချိန်မှစ၍ နာမည်မတူ လူတူ ကျောင်းသူနှစ်ဦးအား UCSM ကျောင်းသားများမှ စိတ်ဝင်စားရာ MCSc တွင် စိတ်ဝင်စားမှု အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

UCSM ကျောင်းတွင် ရုပ်ရည်ခန့်ငြားသော ကျောင်းသားတစ်ဦးအား ကျောင်းသူတစ်ဦးမှ ရည်းစား စကားပြောမှုဖြစ်ပွားခဲ့ရာ တိကျ   သော အဖြေ ထွက်ပေါ်လာခြင်းမရှိသည်မှာ ထိုကျောင်းသား၏ အချိန်ကန့်သတ်မှု (သုံးလ) ကြောင့် ဖြစ်ကြောင်း သိရှိရသည်။

UCSM ကျောင်းသို့ MCSc ကျောင်းသားတစ်ဦး ည ၁၀ နာရီကျော်ခန့်တွင် ကျောင်းသွား တက်ကြောင်း WGC မှ စုံစမ်းရရှိသည်။

In: Others Posted By: Date: Mar 27, 2012
Comment #1

ဖတ်သွားတယ်ဗျ….အနော်က UCSY

commentinfo By: အသဲကွဲမိုး at Mar 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment