Professional Authors

သိုးမည်း – ကဗျာရေးသူကိုလည်း အားနာပါ

ကျွန်တော့်နာမည် ရဲထွေးပါ။
ကျွန်တော့်ကဗျာတစ်ပုဒ် online မှာ အတင်ခံရပါတယ်
www.onlinepyidaik.com မှာပါ။
ဒါပေမယ့် တင်တဲ့သူက ကဗျာရေးသူ ကျွန်တော့်ကလောင်နာမည်
သိုးမည်း (UCSM) ဆိုတာကို
ဖော်မပြဘဲ သူ့နာမည်နဲ့သူတင်ပါတယ်
အခု အဲဒီ site မှာ အဲဒီကဗျာက comment တွေအများကြီး အပေးခံရပါတယ်
ရှင်းရှင်းပြောရရင် လူတိုင်းကြိုက်ပြီး သူ့ကိုကောင်းချီးပေးကြပါတယ်
ကျွန်တော် အဲဒီ site ကိုရောက်လို့ဖတ်ကြည့်မိတဲ့အခါ
ကိုယ့်ကဗျာကိုယ် ကိုယ်က ဧည့်သည်တစ်ယောက်အနေနဲ့ဖတ်နေရပါတယ်
အရမ်းရင်နာတာပဲ
ဒါလိုခံစားချက်မျိုး ကဗျာချစ်တဲ့လူတိုင်း ကဗျာရေးတတ်တဲ့လူတိုင်း ခံစားတတ်ကြပါလိမ့်မယ်
စဉ်းစားကြည့်ပါ ကိုယ့်ကဗျာကိုသူများက ခပ်တည်တည်နဲ့ သူရေးတာပါလို့ပရိတ်သတ်ကိုချပြတာ
ကိုယ့်ကွယ်ရာမှာဆိုရင်တော့ ကိစ္စမရှိဘူးပေါ့
သိသွားတဲ့ အခါမှာ ဘယ်လောက်ခံရခက်မလဲ
ကိုယ့်ရင်ကဖြစ်တဲ့ ကိုယ့်ကဗျာလေး
……………..
ကျွန်တော်အဲဒီလောက်ထိ သဘောထားမကြီးနိုင်ပါဘူး
……………..
ကျွန်တော့်ကဗျာနာမည်က
“တစ်ယောက်တည်း ကမ္ဘာ” ပါ
…………….
google search မှာ
ကဗျာနာမည်ရိုက်ရှာကြည့်ပါ
www.onlinepyadaik.com မှာဝင်ပါ
…………..
ဖြစ်နိုင်ရင် သူ့ကို comment ၀င်ရေးပေးခဲ့ပါ . .
…………..
အဲဒီကဗျာဟာ ကျွန်တော့်ကိုယ်တိုင်ရေး ကဗျာဖြစ်ကြောင်း
အောင်မြေ မဂ္ဂဇင်း တိုက် နှင့်
ကွန်ပျူတာက္ကသိုလ် (၂၀၀၆-၂၀၀၉) ကျောင်းသားများအားလုံးကို
သက်သေထားပြီးပြောနိုင်ပါတယ် . .
နောက်ပြီး ကွန်ပျူတာက္ကသိုလ်၂၀၀၉ ခုနှစ် valentine day အမှတ်တရထုတ်တဲ့
ကျွန်တော့်ရဲ့ကဗျာစာအုပ်လေးထဲမှာလည်း ပါပါတယ်
. . . . . . . .
ကျွန်တော့်ကို နားလည်ပေးကြပါ
ကျွန်တော့်ဆီကို ဆက်သွယ်ချင်ရင်
 [email protected]

In: Others Posted By: Date: Jan 25, 2011
Comment #1

ဆိုးတယ်နော် ဆော်သာဆော်ဗျာရှုပ်တယ်
တွေ့ရင်ဆဲလိုက်မယ်

commentinfo By: သြရသ at Jan 25, 2011
Comment #2

အဲ့ဒါဂွပဲ မိန်းမ ကခိုးထားတာလား
ရဲသွေးရေ သေချာလဲ ကြည့်လုပ်ပါဦး
ကိုယ့်ရည်းစားကများပြန်တင်ထားတာလားမသိဘူးနော်

commentinfo By: သြရသ at Jan 25, 2011
Comment #3

တော်ကြာဆဲပီးမှ ဆဲတဲ့လူတွေကိုယ်ပြန်စိတ်ဆိုးနေရဦးမယ်

commentinfo By: သြရသ at Jan 25, 2011
Comment #4

ပြောရဦးမယ် “အွန်းလိုင်း” ရယ်……။

ပြောရဦးမယ်…..
“အွန်းလိုင်း” မှာ”ကဗျာ”၀င်ရေး
ဘာ…..မျှော်လင့်ခြင်း တေးတွေ ဖွင့်လို့ရလဲ?????????
အစကတည်းက အတွေးအခေါ်တွေသယ်
“အင်တာနက်” ဆိုင်အလယ်
ကိုယ်သိတာ ဖလှယ်တဲ့ သဘောဘဲ…….

ပြောရဦးမယ်……
လွန်ခဲ့တဲ့ ရက် တင်ခဲ့တဲ့ ငါ့ကဗျာ
အမည်မဖော်လိုတဲ့ ဆိုဒ်အလယ်မှာ
သူက…..
ရဲရဲကြီးကိုပြန်ပြီးရေး
ကဗျာအောက်ခြေက နာမလေး
“ကကြီး”ဆိုတဲ့ အရာလေးပြေးလို့
“နာမ”အသစ်ကလေး ရေးထားတယ်….

ပြောရဦးမယ်……
ဆိုဒ်တစ်ခုထဲက “ဘလော့” စာ
ရေးသားရာ ပညာပါလို့
“ကကြီး”မှာ ဦးညွှတ်ရတာ အခါခါ
လေးစားလိုက်တာ တစ်ကယ်ပါ
နောက်…..
အားမရလွန်းလို့ သူ့ဂျီမေးလ်
“ကကြီး”အကောင့်မှာ”ကော်ပီ” ပေးလို့ ကူးခဲ့တယ်
စကားတွေလဲ ပြောဖူးတယ်……….
ယနေ့အထိလဲ ရှိနေတယ်…….
ဒါပေမယ့်လည်း ဘယ်နှယ့်ဗျာ…..
ကျွန်တော် လေးစားတဲ့ ဒီဆရာ …”စာ”
မလေးမစား ယူကာ……
“ကလောင်” ကိုပြောင်း…..
စာကြောင်း အဟောင်းတွေနဲ့ ပြန်တင်တယ်….
“”အရှက်အကြောက်ကင်းတဲ့ ဒီလူဆိုး””
ဘယ်လို…”သူခိုး” မျိုးလဲ……..???

ပြောရဦးမယ်…..
ရေးတော့တစ်ပုဒ် ဖတ်တော့တစ်ဆယ်
ကကြီးရဲ့ မူဟန်ရယ် က
ဖတ်တာကို ပိုအားသာ
စာဆိုတာ အသိတရား ပါဘဲ
ဒါကြောင့်လဲ ဆိုဒ်တွေ အလယ်
အသိတရားတွေ ရှောက်သယ်ပါရဲ့…….
မသိတရားတွေ ပျောက်ကုန်ပါရဲ့…..

ပြောရဦးမယ်
ကိုယ့်အချိန်တွေကို သူများပေး
ရေးတဲ့ ဆရာတွေလဲ ဦးညွှတ်ပါရဲ့
ဒါပေမယ့် ဗျာ……
ဆိုဒ်တစ်ခုမှာ သွားပြီးတွေ့
ဘာရည်ရွယ်မှန်းမသိတဲ့ ထိုစာ
ပုတ်ခတ်တာတွေက များ ဖတ်နေသူအနားတောင် ရောက်လာတယ်…
“ရသ”မဲ့တဲ့ ထိုစာ
ထိုးနှက်ချက်များစွာ ဟာ …..တနေရာမှ မလျစ်လပ်…..
ညစ်ပတ်လိုက်တာ…….

အော်..ပြောရဦးမယ်….
လူငယ်တွေ အတွေးမှာ အွန်းလိုင်းဆိုတဲ့ တံတား
တချို့က လိမ်…..တချို့က အချိန်ဖြုန်း
တချို့ ချက်တင်းကို သုံး…..တချို့က “ဒေါ်တာ” ၀ုန်း
ဖြုန်းလိုက်ကြတဲ့ အချိန်တွေ……
သုံးလိုက်ကြတဲ့ နာရီတွေ……
ဂျီတော့ပ် ကိုဖွင့် “ပလစ်” လိုက်ကြတဲ့ မာယာတွေ….
ပိုးလိုးပစ်လစ် ကိုဖြစ်နေတာဘဲ
ကုန်သွားခဲ့တဲ့ အချိန် သူတို့ အတွက်တော့ ……
ဇိမ္ဘဲ……
အင်း…နှမျောလိုက်တာ……..

အင်း တစ်ကယ်တော့
အွန်းလိုင်း ဆိုတဲ့နေရာ တကယ်သာရှာပါ
လိုနေတာတွေ အကုန်ရှိ စိတ်အမြင့်ထိ တက်နိုင်တယ်…..
ရင့်ကျတ်တဲ့ အတွေးအခေါ်
မြင့်မြတ်တဲ့ ဘေးအဖေါ်တွေနဲ့
ဘ၀အတွက် “လင့်ခ်” ရမယ့် မိတ်ဆွေပေါ်တတ်တယ်
“ဗဟု”နဲ့”သုတ” ဆည်းပူးလို့ ချပြ
“ပရ” ကိုအခြေခံ အသိညဏ်ရင့်သန်
“”ဘလော့ အမှန်တွေ”” ရှိနေတယ်….
အချိန်တွေမဖြုန်း တစ်ကယ်သာ သုံးရင် စိတ်ဓါတ်တွေ”မူမှန်”
အတွေးအခေါ် ရင့်သန်
အသိတရား ဆပွား လိုအင်များဟာ
ပဒေသာ….။ ။

[email protected]
(10.1.11)3;00am

commentinfo By: kyagee13 at Jan 25, 2011
Comment #5

ဟိုက်ရှားပါး………….

commentinfo By: သြရသ at Jan 25, 2011
Comment #6

@_@

commentinfo By: သြရသ at Jan 25, 2011
Comment #7

သေချင်းဆိုး..ဒါမျိုးတော့…ဒီတိုင်းမထားဘူး…….. တွေ့မယ်….

commentinfo By: အသဲကွဲမိုး at Jan 26, 2011
Comment #8

ကျွန်တော့်ဘက်မှာရှိကြတဲ့အတွက်
အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်ဗျာ
သူ့ကိုလည်း ဘာမှသွားမပြောနေပါနဲ့တော့
အဲဒီကဗျာကို ရှာကြည့်ချင်ရင်တော့
၂၀၀၉ ခုနှစ် အောင်မြေ နှစ်ပတ်လည်မဂ္ဂဇင်းမှာ ဖတ်နိုင်ပါတယ်
နောက်ထပ်ကျွန်တော်ကဗျာတွေ အများကြီး ဆက်ပြီး တင်ဦးမယ်နော်
အားပေးကြဦး

commentinfo By: ရဲထွေး at Jan 26, 2011
Comment #9

ရဲထွေးရာ ကျွန်တော်နဲ့ လာတူနေတယ်။ ကိုရဲထွေးက တစ်ခြားနေရာတစ်ခုမှာ အတင်ခံရတာ ကျွန်တော်က ဒီနေရာထဲက ခေါင်းစဉ်ကွဲတစ်ခုမှာ နာမည်အသစ်နဲ့ အကူးခံ အတင်ခံလိုက်ရတာပါဗျာ။ ကိုယ်ချင်းစာပါတယ်။ ကျွန်တော်လည်း အဲလို ခံစားခဲ့ရဖူးတယ်။ အားပေးနေတယ်ဗျာ။။။။ ကြိုးစားပါ

Comment #10

ကိုယ့်ကဗျာအဲလိုအလုပ်ခံရတာကို ဘယ်သူကကျေနပ်နိုင်ပါ့မလဲဗျာ.။
ကိုရဲထွေးရေ..ကိုရဲထွေးရဲ့ခံစားချက်ကိုနားလည်ပါတယ်ဗျာ.။

commentinfo By: ဇော်သူရ at Jan 28, 2011
Comment #11

တကယ်တော့ ကဗျာဆိုတာခံစားချက်ကနေပေါက်ပွားလာတဲ့
ရသတစ်ခုလေ
သူမင်းကဗျာကို ယူသွားနိုင်ရင်တောင်မှ
မင်းခံစားချက်ကိုတော့ လုယူသွားနိုင်မှာမဟုတ်ပါဘူး
နောက်ထပ်ကဗျာကောင်းတွေအများကြီးထွက်လာဦးမှာပါ fighting!!!!!!! :p

commentinfo By: apollo at Jan 30, 2011
Comment #12

ရဲထွေး
တကယ်ကြီးလား
နင်အဲဒီကဗျာပါတဲ့ စာအုပ်ငါ့ဆီမှာရှိတယ်ဟ
ငါသိတယ်

commentinfo By: moetharnyo at Feb 17, 2011
Comment #13

လေးစားလို့လာလည်အားပေးသွားတယ်။
အချိန်မရလို့ဘာမှတော့ဟုတ်တိပါတ်တိမဖတ်နိုင်သေးပါ။
လာလည်နှုပ်ဆက်ရုံပါ။
အကောင့်ကိုလည်းအင်ဗိုက်ထားပါတယ်။
မဆုံကြသေးပါ။
ဆက်လက်အောင်မြင်ပါစေ။
ခင်မင်လေးစားလျက်။
ထူးဆန်း
(ကိုယ့်ဘလော့မှာတော့အချိန်မရလို့ဘာမှကိုမစနိုင်သလောက်ပဲ။
အားနာလို့ကြိုပြောထားတာနော်:D)

commentinfo By: ထူးဆန်း at Feb 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment