Professional Authors

လူဖြစ်တည်မှု ဒဿန —- ဒု ——-

အခန်း (နှစ်)

ဖြစ်တည်ခြင်းဝါဒဆိုတာ ဖြစ်နေတာ လက်ရှိ ဖြစ်နေတာတွေ၊ လက်ခံခြင်းတွေကို ကိုယ်စားပြုတဲ့ စကားစုလို့ အကြမ်းဖျဉ်းပြောလို့ရပါတယ်….

အမျိုးသမီးတစ်ယောက်က ပြောတယ် သူ့ပါးစပ်ကနေ အယုတ္တအနတ္တတွေ၊ ယုတ်ညံ့သိမ်ဖျဉ်းတာတွေ ပြောပြီး ငါဟာ ဖြစ်တည်ခြင်း ၀ါဒကို လက်ကိုင်ထားနေပါလားလို့ ပြောသတဲ့… ..

သဘောကတော့ သူ မကောင်းတာတွေ လုပ်နေတာတွေ ပြောနေတာကို သတိထားမိလိုက်တာ၊ အပြစ်တစ်ခုအဖြစ် မြင်လိုက်တာ….. ဒါဟာ ဖြစ်နေတာတွေ ပြောနေတာတွေကို မကောင်းဘက်ကနေ မြင်လိုက်တာပါ…

တစ်ချို့ လူတွေ ကျပြန်တော့ ငါတို့ဟာ သဘာဝသမားတွေတဲ့၊ သဘာဝသမားလို့ဆိုတော့ ကျွန်တော်တို့ လူတွေဟာ ဘာတွေများ ယုတ်ရင်းကြမ်းတမ်းနေကြလို့ပါလဲ??  ဒါပေမယ့် ခုခေတ်ကာလမှာ သဘာဝသမားဆိုတာကို လူတွေက လက်မခံနိုင်စရာ စကားအဖြစ် မထင်ကြတော့ပါဘူး တစ်ချို့များက ဂုဏ်တောင် ယူတတ်ပါသေးတယ်…

“ဒါနက အိပ်မက်(စိတ်ကူးယဉ်မှု) ထဲက စတယ်ဆိုတဲ့” စကားမျိုးတွေ၊ ပြီးတော့ နောက်ရှိသေးတယ် ….

ရာဇ၀တ်သား လူဆိုးကို မမြှောက်စားနဲ့၊ သင့်ကို ပျက်စီးအောင် လုပ်လိမ့်မယ်၊ သူ့ကိုချိုးနှိမ်ပစ်ပါ၊ သင့်ကို သူက ကိုးကွယ်ဆည်းကပ်လိမ့်မယ်ဆိုတဲ့ စကားမျိုးတွေ ……………..ကြည့်စမ်း ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းသလဲ….

ဒီလိုမျိုး စကားတွေ လူ့ဘောင်အဖွဲ့အစည်းမှာ ဘယ်လောက်တောင် များသလဲ ဆိုတာ ကျွန်တော်တို့ လူသားတိုင်း သတိထားမိကြမှာပါ။

ဒီလို စကားစုတွေဟာ အမှန်တော့ သဘောထားခြင်း အတူတူချည်းပါဘဲ၊ အာဏာကို မလွန်ဆန်နဲ့ အင်အားကြီးတဲ့ အဖွဲ့အစည်းကို မဆန့်ကျင်နဲ့၊ မတိုက်ခိုက်နဲ့၊ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စ၀င်မပါချင်နဲ့ ဆိုတာတွေ………………..

ပြီးတော့ ထုံးတမ်းစဉ်လာနဲ့ ဆန့်ကျင်တဲ့ အပြုအမူမျိုးတွေဆိုရင် စိတ်ကူးယဉ်တာသာ ဖြစ်တယ်လို့ ကောက်ချက်ချတတ်ပြန်တယ်… လူတွေ တွေ့ကြုံနေကြ လက်ခံထားပြီးသား အတွေ့အကြုံအရ ……… ထောက်ခံချက် မရှိတဲ့ အပြုအမူဟာ အရှက်တကွဲ အကျိုးနည်း ဖြစ်ရမှာပဲ ဆိုတာတွေ …….

လူတွေကို မကောင်းမှုဘက်ကို ယိမ်းယိုင်စေတယ်လို့ ထင်ရတဲ့ အတွေ့အကြုံတွေကို ထိန်းချုပ်ဖို့အတွက် ခိုင်မာတဲ့ စည်းမျဉ်း ဥပဒေတွေ ရှိနေတယ်… ဒီလိုမှ မရှိရင် မင်းမဲ့စရိုက်တွေ ပေါ်လာမှာဘဲ ဆိုတာတွေ …. ဒါက လူတွေ ပါးစပ်ထဲ ဒလစပ် ပြောနေကျ စကားတွေပါ ….

အတော်အတန် စိတ်ညစ်စရာ၊ စိတ်ပျက်စရာစကားတွေ ပြောဖြစ်ကြရင်လည်း …….. လူ့သဘာဝကလည်းကွာ ဆိုပြီး ညည်းတတ်ကြပြန်ပါသေးတယ်…

ဒါက လူဖြစ်နေရတာကို စိတ်ပျက်ခြင်း အနုတ်လက္ခဏာပြနေခြင်း သဘောပါ…. အဲ့ဒါကို စိတ်ညစ်စရာကောင်းတဲ့ အမြင်မျိုးလို့ခေါ်ရင်လည်း မှန်မယ်ထင်တယ်…

သူတို့ကို စိတ်ဆိုးစေတဲ့၊ စိတ်မကျေနပ်စေတဲ့ အဖြစ်အပျက်တွေက  တခြားတစ်ဖက်က အနုတ်လက္ခဏာချည်းတွေကြောင့်ပဲ ဖြစ်စေတယ်လို့ သူငယ်ချင်းတို့ ထင်ပါသလား ခင်ဗျာ…

အခြားတစ်ဘက်က အပေါင်းလက္ခဏာပြ အကောင်းဘက်ကနေလဲ ….. လူတစ်ယောက်ကို စိတ်မကျေနပ်  ဖြစ်စေတယ်ဆိုတာ သူငယ်ချင်းတို့ စဉ်းစားကြည့်ရင် သိနိုင်ပါလိမ့်မယ်…

———- ဆက်ပါဦးမယ်—-
မင်းရာဇာအောင် (လိပ်ပြာ) 
ကိုးကား ( ဒဿနပညာရှင် ဆားဗ်၊ ဦးဆန်းလွင်၊ ဦးရွှေအောင် နှင့် ဖတ်မိသမျှ )

Comment #1

ကျွန်တော် ဖတ်သွားပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Jan 20, 2012
Comment #2

ဆက်ရေးပါဗျာ…စောင့်ဖတ်နေပါတယ်…အကို

commentinfo By: poem.poem28 at Jan 20, 2012
Comment #3

အားပေးလို့ ကျေးဇူးပါနော် အသဲကွဲမိုးရော ရဲလေးရော… ပျောက်သွားတဲ့ တခဏမှာ ပြောင်းလဲခြင်းတွေ ဖြစ်သွားတယ်ထင်တယ် အသဲကွဲမိုးက ကျွန်တော်တွေ ဘာတွေဖြစ်လို့… မပြောင်းလဲသေးတာပါ အီဖေကိုယ်ပဲ ထင်လယ်…

Comment #4

ကိုကြီး ဘယ်ပျောက်

Leave Comments

Name*

Email*
Website
Email me whenever there is new comment