ကမ္ဘာဆိုတာလူတိုင်းကိုဗဟိုပြုပြီးလည်ပါတယ်………..
ကလေးရေ
စိတ်ပျက်နဲ့ကွယ်
ကိုယ်တိုင်က မှ ပြဇာတ်ထင်တာ
လူတွေရဲ့သဘာဝပါကွယ်…………..။
အာလူးပူတီ (၁၉၈၈)
ကလေးရေ
စိတ်ပျက်နဲ့ကွယ်
ကိုယ်ကတဲ့ဇာတ်မှာ ကိုယ်ပဲမင်းသားဖြစ်ချင်ကြတာ
လူတွေရဲ့သဘာဝပါကွယ်…………..။
ကလေးရေ
စိတ်မပျက်နဲ့ကွယ်
ကိုယ်တိုင်ဖြတ်တဲ့ဓမ္မသတ် ကိုယ့်ဘက်ပဲမှန်တက်ကြတာ
လူတွေရဲ့သဘာဝပါကွယ်……………..။
ကလေးရေ
စိတ်ပျက်နဲ့ကွယ်
ပြူတင်းတစ်ပေါက်က ကြည့်တာခြင်းအတူတူ
ရွံ့နဲ့ကြယ် အမြင်ခြင်းမတူနိုင်တာ
လူတွေရဲ့သဘာဝပါကွယ်………….။
ကလေးရေ
ဘာတွေပဲဖြစ်ဖြစ် စိတ်မပျက်နဲ့ ကွယ်……….
ကမ္ဘာဆိုတာ လူတိုင်းကို ဗဟိုပြုလည်နေတာပါကွယ်…………….။
Comment #2
ကလေးရေ
စိတ်ပျက်နဲ့ကွယ်
ပြူတင်းတစ်ပေါက်က ကြည့်တာချင်းအတူတူ
ရွှံ့နဲ့ ကြယ် အမြင်ချင်းမတူနိုင်တာ
လူတွေရဲ့သဘာဝပါကွယ်……။ မှန်လိုက်လေ ကဗျာကောင်းတစ်ပုဒ်ဘဲ အားပေးသွားပါတယ် ။
By: X - ray at Aug 20, 2011
Comment #3
ကဗျာကောင်းလေးပါပဲဗျာ..အားပေးလိုက်ပါတယ်
By: အသဲကွဲမိုး at Aug 20, 2011
Comment #4
အားပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးပါ..အားမပေးတဲ့သူကိုလည်းကျေးဇူးပါ………
By: အာလူးပူတီ at Aug 20, 2011




Comment #1
ကလေးရေ
စိတ်မပျက်နဲ့ကွယ်
ကိုယ်တိုင်ဖြတ်တဲ့ဓမ္မသတ် ကိုယ့်ဘက်ပဲမှန်တက်ကြတာ
လူတွေရဲ့သဘာဝပါကွယ်……………..။
သေချာတာပေါ့…….အားပေးသွားပါတယ်။