Professional Authors

လူဖြစ်တည်မှု ဒဿန

လူဖြစ်တည်မှု ဒဿန

နိဒါန်း

ကျွန်တော် စာတွေ မရေးဖြစ်တာ တော်တော်ကြာပါပြီ ကျွန်တော် သိတာကို ပြန်မျှဝေတဲ့ သဘောပါဘဲ… တစ်ခါတစ်လေမှာ ကျွန်တော်တို့  သတိထားမိတာတွေ သတိမထားမိတာတွေကို ဒီဆောင်းပါးလေးက အထောက်အကူဖြစ်စေမယ်ဆိုရင်တော့ ကျွန်တော်က ၀မ်းသာရမှာပေါ့ …. ဒီစာကို ခေါင်းစဉ်တပ်ရာမှာ တော်တော် ခက်ခဲတယ်.. ဆောင်းပါးလည်း မဟုတ် ၀တ္ထုလည်း မဟုတ်၊ ဒဿန စာပေလို့ ပြောရမှာကလဲ အားနာတယ်.. … ဒါကြောင့် ထင်ချင်ရာ ထင်ကြပေါ့ဗျာ … အဓိကက အဓိကပဲမို့လား ..ကျွန်တော် သိတာတွေ ဖတ်ဖူးတာတွေက ကျွန်တော့်ကို အသိဥာဏ်ရစေသလို … သူငယ်ချင်းတို့လည်း . သတိလေးတစ်ချက်လောက် ရရင်ပဲ ကျွန်တော် ခေါင်းစားရကျိုး နပ်ပါပီ..
ကျွန်တော် အားလုံးကို ကြိုတောင်းပန်ချင်တာ တစ်ခုရှိပါတယ်.. ကျွန်တော့်ရဲ့ အရေးအသားနဲ့ သုံးသပ်ချက်တွေဟာ အဖွဲ့စည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ထိခိုက်မှုရှိခဲ့မယ်ဆိုရင်တော့ ဒီနေရာကနေပဲ ခွင့်လွှတ် နားလည်ပေးကြဖို့ တောင်းပန်ပါတယ်.. ဘာကြောင့်လဲ??
ကျွန်တော်ရေးထားတဲ့ စာလေးကို လက်လှမ်းမှီသမျှ လူမျိုးဘာသာမရွေး ဖတ်စေချင်လို့ပါ ခင်ဗျာ..
ကျွန်တော် သူငယ်ချင်းတွေအားလုံးကို ညအိပ်ယာဝင်ပုံပြင်တစ်ပုဒ်ပြောပြနေတဲ့သဘောနဲ့ပဲ နားထောင်စေချင်ပါတယ်…. ဘာလို့ အဲ့လို ပြောရသလဲဆိုရင် အိပ်ယာဝင်ခါနီးအချိန်မှာ အိပ်ချင်စိတ်လေး တစ်ခုပဲရှိပါတယ်.. တစ်ခြား ဘာအခံမှ မရှိပါဘူး ပုံပြင်ကို ပုံပြင်တစ်ပုဒ်လိုပဲ နားထောင်တဲ့ စိတ်ကလေး အဲ့ဒါလေးကို ရှိပေးကြပါ.. ခုမရှိဘူး ဆိုရင်လည်း နောင် ရှိလာတဲ့အခါမှသာ ဖတ်ပေးကြပါ… နို့မို့ဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်…
ခု ကျွန်တော် ဆွေးနွေးချင်တာ လူဖြစ်တည်မှုဆိုတဲ့ လူအကြောင်းလေးပါဘဲ… ကျွန်တော်က လွတ်လပ်စွာ ကိုးကွယ်သူ ဗုဒ္ဒဘာသာဝင် တစ်ယောက်ပါ၊ ကျွန်တော် လူဖြစ်တည်မှုဆိုတဲ့ စကားတစ်လုံးကို လုံးဝ စိတ်မ၀င်စားခဲ့ပါဘူး ခင်ဗျာ…ဘာလို့လဲ၊ မေးစရာရှိတယ်.. ကျွန်တော်တို့ အသီးသီးမှာ ကျွန်တော်တို့ လုပ်စရာ တာဝန်ကိုယ်စီတွေ ရှိကြတယ်… ဒါကိုတောင် အနိုင်နိုင်ထမ်းနေရတာ လူဖြစ်တည်တာ မတည်တာ အဝေးကြီးလေ၊ ပြီးတော့ ကျွန်တော်တို့ မြတ်စွာဘုရားကလဲ ဟောထားတာ လူဘယ်က ဖြစ်တာလဲ အစ လိုက်မရှာနဲ့ မောတယ်၊ ခု လက်ရှိ ခုအခြေအနေက အရေးကြီးဆုံးပါဘဲ.. ရောက်ရာနေရာ ရပ်နေရာနေရာမှ စ သတိကပ်ပါတဲ့…  ဆိုတဲ့ စကားအခံလေးကလဲ ရှိခဲ့တော့ ကျွန်တော် ဒီလို တွေးမိခဲ့တာ မဆန်းပါဘူး…
ကျွန်တော် စာများများ ဖတ်ပါတယ်… တစ်ရက် ကျွန်တော် လူဖြစ်တည်မှုဆိုတဲ့ စာအုပ်ကို ကောက်ဖတ်ပါတယ်.. ဘယ်လောက် တော်သလဲ ဆိုရင် နားမလည်ပါဘူး ခင်ဗျာ.. ဒါပေမယ့် ဖတ်ပါတယ်.. ဘာမှကို နားမလည်ပါဘူး ခင်ဗျာ.. ကျွန်တော် အရွက်နှစ်ဆယ်လောက် ဖတ်ပီး ပြန်ချထားလိုက်တယ် .. ဆက်မဖတ်တော့ဘူး…

ခေတ်စကားနဲ့ ပြောရင် အာရုံနောက်တယ် သိတော့ရော ဘာလုပ်မှာလဲ?? ဒီလိုနဲ့ လတော်တော်ကြာခဲ့တဲ့အချိန်မှာ ကျွန်တော် SPLICE ဆိုတဲ့ ရုပ်ရှင်ကား တစ်ကားကို ကြည့်ခဲ့တယ်..  ဇာတ်ကားကို အကျဉ်းကျုံးပြောပြပါမယ် သူငယ်ချင်းတွေထဲမှာ ကြည့်ဖူးတဲ့သူလဲ ရှိမှာပါ…

ဇာတ်ကားက သိပံပညာရှင် ငယ်ရွယ်တဲ့ လင်မယားဟာ သက်ရှိအကောင် ရုပ်ပျက် ဆင်းပျက်လေးကို ဖန်တီးခဲ့ကြပါတယ်… မျိုးရိုးဗီဇတွေနဲ့ ပေါင်းစပ်ပီးပေါ့ …. ပီးတော့ သူတို့ဟာ ထပ်ဆင့် စိတ်ကူးဖြစ်လာခဲ့တာက လူတစ်ယောက်အထိ ဖြစ်နိုင်လောက်အောင် ဖန်တီးဖို့ပါ.. ဒါကြောင့် သူတို့ စုံတွဲဟာ လျှို့ဝှက်ပီး အကောင်လေးတစ်ကောင် မွေးဖွားခဲ့ပါတယ်.. စစချင်း ဘာကောင်လို့ ခေါ်ရမှန်း မသိတဲ့ အကောင်လေးတစ်ကောင်ပါဘဲ.. အဲ့အကောင်လေးက ရက်တွေကြာလာတဲ့အခါမှာ လူတစ်ယောက်နဲ့ အသွင်တူလာပါတယ်.. တစ်ခုရှိတာက သူ့မှာ အမြီးပါလာပါတယ်… သူ့မှာ စဉ်းစားတတ်တဲ့ ဥာဏ်လေးပါသလို ဖြစ်ချင်တာတွေ လိုချင်တာတွေ ခံစားချင်တာတွေ ပါလာတယ်၊ သူဟာ ချောမောတယ်လို့ ပြောလို့ရတယ့် မိန်းကလေးတစ်ယောက် ဖြစ်လာတယ် ပီးတော့ လိုအင်ဆန္ဒတွေကြောင့် ချုပ်ထိန်းမှုအောက်က လွှတ်ပီး လူသတ်တဲ့ အရိုင်းအစိုင်း တိရစ္ဆာန်တစ်ကောင်အဖြစ် ပြောင်းလဲသွားတယ်.. ရုပ်ကလဲ တိရစ္ဆာန် ရုပ်အဖြစ်ပြောင်းလဲသွားခဲ့တယ်…

ဒါပေမယ့် သူ့ဆီမှာ ဆန္ဒနဲ့ ရမ္မက်ဆိုတာ ရှိတုန်းပါဘဲ.. ဒီဇာတ်ကားကို ကျွန်တော် ကြည့်လိုက်ရတဲ့နောက်မှာ ကျွန်တော် ရင်ထဲမှာ စိတ်မကောင်း ဖြစ်သွားတယ်… ဘာကို စိတ်မကောင်း ဖြစ်သွားတာလဲ ဆန်းစစ်လို့ မရဘူး ဒါပေမယ့် လူဆိုတဲ့ သတ္တ၀ါအကြောင်းကို အရမ်းသိချင်သွားတယ်… လူသားတွေရော ဒီလိုပဲလား???

ဒါကြောင့် ကျွန်တော် နားမလည်ပါဘူးဆိုတဲ့ စာအုပ်ကို ပြန်ဖတ်တယ် ခင်ဗျာ.. 

———————————-

အခန်း (တစ်)

ကျွန်တော်တို့ဟာ လူသားအကြောင်းကို စဉ်းစားတဲ့အခါမှာ တစ်ကွက်စီပဲ လိုက်စဉ်းစားကြပါတယ်… လူသားအားလုံးရဲ့ စည်းလုံး ခိုင်မာမှုကို ထည့်ပြီး မစဉ်စားကြပါဘူးတဲ့ …

ဒါတော့ အကျယ်တ၀င့် ရှင်းပြစရာ မလိုလောက်ပါဘူးလို့ ထင်ပါတယ်… ကိုယ့်နီးစပ်ရာ အသိုင်းအ၀ိုင်းကို နားလည်ပေးတာထက် သူစိမ်းတစ်ယောက်ကို နားလည်ပေးတာ ဘယ်ဟာက ပိုများမလဲ??

ဒါမှ မဟုတ် လူသားအားလုံးကို နားလည်ပေးလိုက်တာလား???

ဒီလို အသိုင်းအ၀ိုင်းထဲမှာမှ ကိုယ့်နဲ့ အနီးစပ်ဆုံး နေရာလေးတစ်နေရာကို ပိုပြီး နားလည်ပေးလိုက်သလား?? 
ဒေးကားက ပြောတယ် ငါ စဉ်းစားတယ်  ဒါကြောင့် ငါ ဖြစ်နေတာ၊ ငါ ရှိနေတာ တဲ့ သဘောကတော့ လူသားတစ်ယောက်ဟာ သူစဉ်းစားနေတဲ့နေရာ ရပ်တည်နေတဲ့ ပတ်ဝန်းကျင်မှာ တည်ရှိနေခြင်း သဘောပါဘဲ.. 

လူသားတစ်ယောက်ရဲ့ အထီးကျန်မှု အခြေအနေဆိုတာ လူသားတစ်ယောက်တည်းပဲ ဖြစ်ပွားခံစားသွားရတာပါ… 

စက္ကန့် ပိုင်းလေးအတွင်းမှာပဲ တစ်ခြားတစ်ယောက်ရဲ့ အထီးကျန်မှုအပေါ်ကို မျှဝေခံစားပေးနိုင်ချင်မှ နိုင်ပါလိမ့်မယ်… ဆိုလိုရင်းက ဖြစ်ပြီး သွားတဲ့ အထီးကျန်ခံစားမှုဆိုတာကို နားလည်ပေးသွားနိုင်ပေမယ့် ထပ်ပီး မခံစားရတော့သလိုပေါ့…

ငါဖြစ်တည်မှု သဘောကို ငါ ပြန်လည် စဉ်းစားနေရခြင်းကြောင့် ပြီးခဲ့တဲ့ဆီကို ပြန်ပီး မရောက်နိုင်တော့ပါဘူးတဲ့

ကျွန်တော် ပြောတာတွေ ခေါင်းစားချင် စားကြပါလိမ့်မယ်.. ဒါပေမယ့် စားနိုင်သလောက် စားပေးကြပါ…
ခေါင်းဆိုတာ စဉ်းစားဖို့ ထားတာမို့လား??

လူတိုင်းဟာ ကိုယ်ကြိုက်တာ ကိုယ်လုပ်နိုင်ပါတယ် …ဒီရှု့ထောင့်က ကြည့်ရင် ကျွန်တော် ကြိုက်လို့ ကျွန်တော်လုပ်တယ် သူတို့လဲ သူတို့ ကြိုက်တာကို သူတို့လုပ်တယ် ဒါဆို ဘာကြောင့် သူများရဲ့ လုပ်ရပ်တွေအပေါ်မှာ ဘာအကြောင်းကြောင့် ဝေဖန်ပုတ်ခတ်မှုတွေ ဖြစ်စေမှာလဲ… 

———————- ဆက်ရန် ———————————
လိပ်ပြာ
19-1-2012

Comment #1

ဟုတ်ပါတယ်..ကျွန်တော် လက်ခံနိုင်ပါတယ်
..
လိပ်ပြာက အချိန်တော်တော်ကြာ ကျွန်တော်တို့ကို ပြစ်ထားတယ်.. ခင်ညားကြီး ချိတ်ပုပ်တယ်
😛

commentinfo By: အသဲကွဲမိုး at Jan 19, 2012
Comment #2

ဟဟ အသဲကွဲမိုးကလဲ အချင်းချင်းကို ဆော်မယ်ဆိုတာချည်းပဲ … မတွေ့ရတာ ကြာပီဆိုပီး ကြင်နာမှုတော့ ပေးမယ် ရှိဝူး… ချိတ်ချိုးတယ် ဂယ်ဘဲ … 😛

Comment #3

ဟုတ်တယ်ဗျာ…ဘာတွေလုပ်နေတာလဲ ဒီမှာ..ကျန်တဲ့သူတွေကို မေ့ထားတယ်…ငါ့အကို ရာ
အကိုက ပျောက်နေတာကိုးးးးးးးမမိုးက စိတ်ဆိုးပြီးပေါ့….

commentinfo By: poem.poem28 at Jan 19, 2012
Comment #4

မမေ့ပါဘူးကွာ စာတွေမရေးဖြစ်သေးလို့ပါ… ဟီးး
ထု ရေးတော့မယ်လေ.. အားပေးလို့ ကျေးဇူးပါ ညီလေးရ နာမည်တွေ ဘာတွေ အသစ်ပြောင်းထားပီလား …
🙂

Comment #5

အများကြီးတော့မပြောင်းထားဘူးလေ….genius တော့ပါတယ်လေ….

commentinfo By: poem.poem28 at Jan 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment