Professional Authors

တွေးမိတိုင်း ချရေးဖြစ်ခဲ့မိတဲ့ facebook ပေါ်က မိုးည ရဲ. status လေးများစုစည်းမှု !

ရက်မသိတဲ့ ဖိတ်စာ … ဘယ်သူကလာဖိတ်ပီး ဘယ်ကိုသွားရမှာလဲ…ဘယ်ခရီးလမ်း နဲ. သွားရမှာလဲ သိခဲ့ရင်ဖြေပေးခဲ့ကြပါ ???

ဆားပေါ့သွားသော ဟင်းတခွက်…သကြားခတ်မိလိုက်တယ်
….!


မဖိတ်ခေါ်ဘဲ ရောက်ကိုရောက်လာမယ့် ဧည့်သည်…မသွားဘဲ နီးနီးလာတဲ့ခရီး…သွားနေပါလျက်
နဲ. ဝေးဝေးသွားတဲ့ ပန်းတိုင်!!!


လွန်သာလွန် မကျွံစေနဲ. … အနှုတ်ရခက်လွန်းလို.ပါ !

လူ.ဘ၀ဆိုတာ…လမ်းတဖက်ကနေတဖက်ကို…အစာသယ်နေတဲ့…ပုရွက်ဆိတ်တကောင်လိုပါဘဲ…ဘယ်အချိန်အနင်းခံရမလဲ…မသိပေမယ့်…တပ်မက်စွာအစာကိုချီယူနေဆဲပါ…!

အစထဲက မှန်အောင်တွေး မှန်တာလုပ်ပီး မှန်တာတွေပြောနေရင်…မိုးမိုး သီချင်းထဲကလို “ငါမှားလား မင်းမှန်လား” လာမေးနေစရာမလိုပါဘူး…မှန်လား မှားလား လောကမှာ အသိဆုံးနှစ်ယောက်ဘဲရှိတယ် …ကာယကံရှင် နဲ. ဘုရားဘဲ…! 🙂


ပျော်အောင်နေနေပါသည်…ထို.ကြော
င့် ပျော်နေပါသည်…
ရှုပ်စရာအတွေးများ ခဏလောက်စောင့်ပေးကြပါ ။

အရာရာတိုင်းမှာ ရုပ်ဝတ္ထုသိပ်မဆန်ပါနဲ. …တချို.ချို.နေရာမှာတော့ အကျိုးသိပ်ရှိချင်ရှိနိုင်ပေမယ့်…
တခုတော့ စိတ်ထဲစွဲထားပေါ့ …ကိုယ်ဖက်တွယ်ထားတဲ့ ရုပ်ဝတ္ထု က Everlasting လား … သေချာရဲ.လား … ခဏလောက်တွေးကြည့်လိုက်ပေါ့ !

မှီခါနီးပီ … မှီခါနီးပီ နဲ. ပြေးလိုက်လာခဲ့တာ … ခုမှဘဲ သိတော့တယ် … ငါ မဟုတ်တဲ့ ငါ့ ရဲ. အရိပ် သပ်သပ်ကြီးဘဲကိုးးးး… 

ပိုလည်းမလိုချင်ပါဘူး…လျော့ပီးလည်း မလိုချင်ပါဘူး…ရသင့်တဲ့ ရပိုင်ခွင့် အားလုံးကိုတော့ အပြည့်အ၀ လိုချင်ပါတယ်…ဒါကိုမှ နင်လောဘကြီးလှချည်လားလို. တော့ လာမပြောနဲ. …ငါက ခုမှ နင့်လိုလောဘကြီးတတ်အောင်သင်ယူနေတုန်းဘဲ !


In: Others Posted By: Date: Oct 22, 2011
Comment #1

right,
100% right.

commentinfo By: ei lay at Nov 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment