Professional Authors

ဘ၀ / အချစ် (= or #) ဆန္ဒ

စဉ်းစားရင်းနဲ့ ကုန်ဆုံးခဲ့ တဲ့ နေ့ ရက်တွေလည်းမရေတွက်နိုင်ဘူး….(များလွန်းလို့ )
ရေရာသေချာတဲ့  အဖြေတစ်ခုလည်းထွက်မလာခဲ့ ဘူး…….
ဘ၀မှာ ဆန္ဒဟာဘာလဲ လို့ အဖြေမထုတ်နိုင်ရင်တောင်မှ တိကျခိုင်မာတဲ့ ခံယူချက်တွေရှိခဲ့ တာပါ….
ဒါပေမယ့်  ဆန်းကြယ်တဲ့ လောကကြီးက ဆုံးဖြတ်ချက်ကိုေ၀၀ါးစေတယ်…တွေဝေစေတယ်…
တစ်ကယ်ဆို  တူညီတဲ့ ဆန္ဒနဲ့  ချစ်ခြင်းတွေကိုမျှော်လင့် တောင့် တခဲ့ တာပါ…(သူချစ်ကိုမလိုချင်သလို  ကိုယ်ချစ်လဲ မရှာချင်ပါဘူး)
အဖြစ်အပျက် တွေက မျှော်လင့် ချက်ကိုအရောင်စွန်းစေတယ်….
လက်ခံနိုင်လောက်တဲ့ အရည်အချင်းတွေရှိပေမယ့်…လက်ခံချင်တဲ့ စိတ်ကိုမလှုပ်ရှားစေဘူး..
လက်ခံသင့်လောက်တဲ့  အချစ်စံသတ်မှတ်ချက်တွေရှိနေပေမယ်…လက်ခံဖို့  နှလုံးသားကယိမ်းယိုင်မလာဘူး..
အချစ်ဆိုတာကို နှလုံးသားတံခါးဖွင့် ထားပေမယ့်…လွယ်လွယ်ကူကူ လက်ခံနိုင်စွမ်းကနဲ လေတော့ 
အသည်းနှလုံးမရှိတဲ့ သူဆိုတဲ့  နံမည်ပေးကင်မွန်းတပ်ခြင်းကို အကြိမ်ကြိမ်ခံနေရတာ…..
အသည်းနှလုံးမရှိတာကြောင့်လည်းမဟုတ်ဘူး  အချစ်မရှိလို့ လည်းမဟုတ်ဘူး…….
ကိုယ့် ကိုယ်ကိုသာ သိနေတဲ့ အသိတစ်ခု………..
တစ်ကယ်လက်ခံနိုင်တဲ့  သူကိုပဲ ချစ်သူ၊ လက်တွဲဖော်အဖြစ် လမ်းဖွင့် ပေးချင်တဲ့ဆန္ဒ္ဒကြောင့် သာ………
အသည်းနှလုံးမရှိတဲ့ သူ ဆိုတဲ့   ကင်မွန်းတပ်မှုအောက်မှာ အသက်တွေသာ…ကြီးလာ…ကြီးလာ…
တစ်ခါတစ်ခါ စဉ်းစားမိရဲ့   အချိန်ဆိုတဲ့ အကန့် အသတ်ကြောင့်  …
ဦးနှောက်ရဲ့ ဆုံးဖြတ်မှုကိုလိုက်နာ ဖြစ်သင့်တာကိုသာ ရွေးချယ်ရတော့ မှာလား…..
အဲ့ ဒီအချိန်မှာ ဆုံးဖြတ်ချက်ကေ၀၀ါး….ေ၀၀ါး….
တစ်ချို့  တစ်ချို့  ချစ်သူ စုံတွဲတွေမြင်ရင် စဉ်းစားမိရဲ့ …..သူတို့ ရော……….ဆန္ဒနဲ့ တစ်ထပ်တည်းကျတဲ့ ဘ၀လား……..
ပျော်ရွှင်နေကြတဲ့ ပုံတွေကိုမြင်တော့  ..အားကျ….အားကျ……
ဒါပေမယ့်  မေးကြည့်ချင်တယ်…………………
တစ်ကယ်ချစ်ကြလို့  တွဲဖြစ်ကြတာလား.
တွဲကြည့်ရင်းနဲ့   သံယောဇဉ်ကြောင့်လား.
ဖြစ်သင့်လို့  ရွေးချယ်ထားရတာလား…..

အချစ်နဲ့ ဘ၀လက်တွဲ ဖော်ဆိုတာ .. ဘ၀မှာ ဆန္ဒနဲ့ ထပ်တူကျနိုင်လား….
ရည်ရွယ်သလိုထပ်တူမကျရင်ရော………
ဖြစ်ချင်တာထက် ဖြစ်သင့် တာကို ဦးစားပေးသင့် လား……..

သူငယ်ချင်းတို့ ရော  ဘယ်လို ဆန္ဒနဲ့   ဘ၀ကို မောင်းနှင်နေတဲ့  လူသားတွေလဲဆိုတာ…….?
PS. ကျွန်မကတော့ အချိန်ရဲ့ အကန့် အသတ်အောက်မှာ ဆန္ဒကို အရောင်တင်ချင်သေးတယ်….

In: Others Posted By: Date: Jul 12, 2011
Comment #1

ကောင်းပါတယ်ဗျာ….။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment