Professional Authors

လန့် နိုး ခြင်း . . . . (terry)

(၁)

ဟောင်းနွမ်းစ
သစ်လွင်ဆဲ……..
သက္ကရာဇ်တောအုပ်ထဲသို့
သတ္တ၀ါတစ်ဦး
လေးလံစွာကူးခပ်လာသည်
ပစ္စုပန်ရာသီဥတုအရ
မိုးမခတိမ်တိုက်အချို့
စိုစွတ်စွာ ငိုက်မြည်းနေ၏

ရေခိုးရေငွေ့နဲ့တူတဲ့
ကျူပ်ကို
အလွမ်းလို့ ပဲခေတ္တသမုတ်လိုက်ရအောင်။

(က)

ဖြစ်တည်လိုက် ပျက်စီးလိုက်
ဘ၀ဟာ
မြင်သာထင်သာရှိတဲ့ ငရဲတစ်ခုပါပဲ
လက်ဖြောင့်တပ်သားမဟုတ်လို့ 
လွဲချော်မှု့တွေလည်း ရှိပါတယ်
သမားတော် အဖြစ်နဲ့
သဂြိုလ်ဖူးတဲ့ နေ့စွဲတွေလည်းရှိပါတယ်

ဟုတ်ပါတယ်……..
ကျွန်တော်လိမ်နေပါတယ်
နှလုံးသားတစ်ခုလုံးရင်းပြီး
လိမ်နေပါတယ်။

(၂)

အော်မြည်သံများယိမ်းထိုး
ဦးခေါင်းအထက်၌
လျှပ်ပန်းများပန်ဆင်လျှက်
ကမ္ဘာကြီးသည် ကဗျာလွတ်ကနေသည်
အမည်မသိ သံစဉ်တစ်ခု၏
နောက်ဆုံးခရီးသို့
လိုက်ပို့ကြသူများကျကျန်ခဲ့သော
ခြေလှမ်းများကြား
ဆူးပင်တစ်ချို့ ကမူးရှူးထိုးကုန်းထလာကြ၏

အမည်မတပ်ကြပါနှင့်……
ဒါပေမယ့်
ကျူပ်ကိုကျူပ်တော့ နာကျင်ခြင်းလို့  ခေါ်မယ်။

(ခ)

ပူလောင်နေဆဲပဲ….
နမ်းရှိုက်ချင်ဆဲပဲ…..
ကိုယ်ပိုင်လောကသာရှိရင်
အဲ့ဒီကောင်းကင်မှာ
နွေဥတုချည်း (ပွင့်) မယ်

နှစ်ချိုက်သည်ဖြစ်စေ….
မနှစ်ချိုက်သည်ဖြစ်စေ….
အဆိပ်အပြည့်နဲ့အိပ်မက်ကို
ဖန်ခွက်ကအရင်မက်လိမ့်မယ်

(၃)

လူသူမရှိသော
ကျောက်စရစ်ကုန်း တစ်ခု၌
ကြာဖြူပန်းတို့
အပြိုင်အဆိုင် ပွင့်ဖူးကုန်၏
ညနေခင်းကို
နတ်ဆိုးတို့ 
ချူပ်နှောင်
 ခေါ်ဆောင်သွားပြီ
သန်းခေါင်ယံသည်
အမှောင်တို့၏ကကွက်ကို
နှစ်ချိုက်စွာ ငေးမှိုင်နေသည်
မိုးသောက်ယံကတော့
စစ်သူရဲတစ်ဦး၏
အထီးကျန်ခြင်းမျိုးဖြင့်
စောင့်ကြိုနေပေလိမ့်မည်။

မဖြစ်နိုင်ခြင်းကို မယုံကြည်သော
ကျွန်ုပ်သည်
ထိုအခိုက်မှ…….
ကိုယ်ကိုတိုင်
မဖြစ်နိုင်ခြင်းဖြစ်နေမှန်းသိတော့သည်။

(ဂ)

ဆန္ဒရှိ၍လည်းရှင်သန်ခဲ့ပြီ
လိုအပ်၍လည်း သီးပွင့်ခဲ့ပြီ
ယခုတဖန်
နှုတ်ဆက်ချိန်ရောက်လာ၍
ပုံပြင်တစ်ပုဒ်လိုလည်း
ကြွေကျရစ် ခဲ့ပါပြီ………..။

(ဇာတ်ပေါင်း)

တီးလုံးသံများ ရပ်ဆိုင်းသွားသည်
လူအချို့လည်းသေဆုံးနေရာမှ
အသက်ဝင်လာကြသည်
ရုတ်တရက်မီးများ ပြန်လင်းလာသည်
အသံဗလံများ ပြန်လည်စည်ကားလာသည်

(ဇာတ်သိမ်း)

ကျွန်ုပ် သည် …………………
က ဗျာ တစ် ပုဒ် ဖြစ် သည် ။

                                                     terry (တနင်္လာ) ညနေ 3း00
                                    [email protected]

In: ကဗျာ Posted By: Date: Aug 29, 2011
Comment #1

so cool ! like it ! 🙂

commentinfo By: sharon myorr myor at Aug 29, 2011
Comment #2

ကြိုက်တယ်ဗျာကိုတယ်ရီ တစ်ပိုဒ်ချင်းထုတ်မပြတော့ဘူး တစ်ပုဒ်လုံးကိုကြိုက်တယ်

commentinfo By: Nat Khat Sue at Aug 29, 2011
Comment #3

အားပေးလျက်ပါ…။

Comment #4

ပူလောင်နေဆဲပဲ….
နမ်းရှိုက်ချင်ဆဲပဲ…..
ကိုယ်ပိုင်လောကသာရှိရင်
အဲ့ဒီကောင်းကင်မှာ
နွေဥတုချည်း (ပွင့်) မယ်

နှစ်ချိုက်သည်ဖြစ်စေ….
မနှစ်ချိုက်သည်ဖြစ်စေ….
အဆိပ်အပြည့်နဲ့အိပ်မက်ကို
ဖန်ခွက်ကအရင်မက်လိမ့်မယ်

မဖြစ်နိုင်ခြင်းကို မယုံကြည်သော
ကျွန်ုပ်သည်
ထိုအခိုက်မှ…….
ကိုယ်ကိုတိုင်
မဖြစ်နိုင်ခြင်းဖြစ်နေမှန်းသိတော့သည်။

အသုံးအနှုံးလေတွေက ထိတယ်၊မိတယ်၊
ခံစားချက်တွေက မီးလိုလွင့်နေတယ်၊
သိပ်ကောင်းပါတယ် အားပေးလျှက်ပါ…………

commentinfo By: kyaw at Aug 29, 2011
Comment #5

ကဗျာတစ်ပုဒ်ကို ဖတ်နေရပေမယ့် ဝတ္ထုတစ်ပုဒ်လိုဘဲ အသက်ဝင်လွန်းတယ် လက်တော်တော်ထက်တယ်ဗျာ အားပေးသွားတယ် ။

commentinfo By: X - ray at Aug 29, 2011
Comment #6

သိပ်ကောင်းတယ်ဗျာ
အရမ်းကောင်းတယ်
အားကြီးကောင်းတယ်
ပိုးစိုးပက်စက်ကောင်းတယ်
ခွက်ထိုးခွက်လန်ကောင်းတယ်
စက်စက်ယိုအောင်ကောင်းတယ်
နောက်တာနော်

commentinfo By: G.T13 at Aug 29, 2011
Comment #7

မိုက်တယ်…ကိုတယ်ရီအားပေးသွားတယ်။

commentinfo By: poem.poem28 at Aug 29, 2011
Comment #8

ကောင်းလွန်းပါတယ်ကိုတယ်ရီ
လေးစားပါတယ်။

commentinfo By: myatthuraaung at Aug 29, 2011
Comment #9

တော်လိုက်တာဗျာ့…
ဘကြီးတယ်ရီ..အားပေးသွားတာထက်..ပိုတယ်ဗျာ..တကယ်ကောင်းတယ်

commentinfo By: အသဲကွဲမိုး at Aug 30, 2011
Comment #10

အားပေးခဲ့သော…
အားပေးနဆဲ……
အားပေးနေဦးမည့် ညီအကိုမောင်နှမတွေကို
အထူးကျေးဇူးတင်ပါတယ်..ဗျာ………. 🙂

@ဘွားဘွားမိုးလေးကိုလည်း..ကျေးဇူးတင်ပါသည်….. 😀

commentinfo By: terry at Aug 30, 2011
Comment #11

အရမ်းကြိုက်

commentinfo By: မိုးသစ်လေပြေ at Sep 1, 2011
Comment #12

ဆန္ဒရှိ၍လည်းရှင်သန်ခဲ့ပြီ
လိုအပ်၍လည်း သီးပွင့်ခဲ့ပြီ
ယခုတဖန်
နှုတ်ဆက်ချိန်ရောက်လာ၍
ပုံပြင်တစ်ပုဒ်လိုလည်း
ကြွေကျရစ် ခဲ့ပါပြီ………..

commentinfo By: May Kha at Sep 1, 2011
Comment #13

ဆန္ဒရှိ၍လည်းရှင်သန်ခဲ့ပြီ
လိုအပ်၍လည်း သီးပွင့်ခဲ့ပြီ
ယခုတဖန်
နှုတ်ဆက်ချိန်ရောက်လာ၍
ပုံပြင်တစ်ပုဒ်လိုလည်း
ကြွေကျရစ် ခဲ့ပါပြီ။
မိုက်တယ် အားကျတယ် တကယ်ပဲ

commentinfo By: စုနိုင် at Sep 17, 2011
Comment #14

Nice

commentinfo By: ei lay at Oct 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment