Professional Authors

ရင်ကွဲ..ကဗျာ

တယောက်ထဲပါပဲ
ဒါပေမယ့်..
နှစ်ယောက်လို့ငြင်းနေရင်
ယုံကြည်ပေးပါ။

နှစ်ယောက်အတူ..ဆိုတာ
မျှော်လင့်ချက်..
အဆင့်လောက်ဆိုပေမယ့်
အဲဒါငါ့အတွက်
ပန်းတိုင်ဆိုရင်လည်း….ဟုတ်တယ်။

ရှင်သန်နေတာ…မဟုတ်ဘူး
မွေးဖွားခြင်းကို
စောင့်ဆိုင်းနေတာ
…………….
ကြွေကွဲဖို့အတွက်မဟုတ်ဘူး
ကြည်နူးရဖို့………

ချစ်သူရဲ့အမိန့်တွေ
နာခံချင်သေးပေမယ့်
ဖြစ်နိုင်ချေက…
မရှိတော့တာ!!!

နင်မသိလည်း…
နင့်ကိုငါချစ်ခွင့်ရှိသေးတယ်။
နင်မမြင်လည်း…
လွမ်းခွင့်ကျန်သေးတယ်…
နင်..ရောက်မလာတော့ပေမယ့်
ငါ….စောင့်နေတုန်းပဲ..။

ဘယ်လိုဖြေတွေးတွေး…
တကယ်တမ်းမှာ…
……………
ပုဇဉ်းတော့မဟုတ်ပါဘူး…
ဧ၀ ကိုယ်ပွားတယောက်မို့
ခံစားတတ်လို့
ငါ……….
…………..ရင်ကွဲခဲ့တယ်။

(ခေါင်းစဉ်တော့လွဲရင်လွဲနေလိမ့်မယ်…
တွေးမရတော့လို့….နားလည်ပေးကြပါ)

In: ကဗျာ Posted By: Date: Feb 1, 2011
Comment #1

အားပေးသွားပါတယ်ဗျာ….

commentinfo By: moehtetaung18 at Feb 1, 2011
Comment #2

ကောင်းတယ် အားပေးသွားတယ်
နင်မသိလည်း…
နင့်ကိုငါချစ်ခွင့်ရှိသေးတယ်။

commentinfo By: genius.jinx28 at Feb 1, 2011
Comment #3

ခံစားချက်တွေပြင်းထန်လိုက်တာ…………
တော်တယ်ဗျို့ ဆက်ရေးဦးနော်

commentinfo By: apollo at Feb 1, 2011
Comment #4

ပုဇဉ်းတော့မဟုတ်ပါဘူး…
ဧ၀ ကိုယ်ပွားတယောက်မို့
ခံစားတတ်လို့
ငါ……….
…………..ရင်ကွဲခဲ့တယ်။
ကြိုက်တယ်.. စာသားလေးတွေ မိုက်တယ်။ အားပေးနေတယ်… အာဒံ

commentinfo By: gadounlay at Feb 2, 2011
Comment #5

ကောင်းပါ့ ကောင်းပါ့ ။

commentinfo By: ထူးဝေ at Feb 2, 2011
Comment #6

အားပေးကြတဲ့ မိုးထက် ၊ genius ၊ apollo ၊ အာဒံ (gadounlay) နဲ့ ထူးဝေ
ကျေးဇူးအများကြီးတင်ပါတယ်နော်

commentinfo By: အသဲကွဲမိုး at Feb 2, 2011
Comment #7

ခံစားချက်တွေပြင်းထန်ပုံရတယ်နော်…
စာသားတွေက တော်တော်ကောင်းတယ်…
အားပေးသွားတယ်ဗျာ။

Comment #8

လန်ထွက်နေသလို ပဲ..မိုက်တယ်..

Comment #9

ချစ်သူရဲ့အမိန့်တွေ
နာခံချင်သေးပေမယ့်
ဖြစ်နိုင်ချေက…
မရှိတော့တာ!!!

နင်မသိလည်း…
နင့်ကိုငါချစ်ခွင့်ရှိသေးတယ်။
နင်မမြင်လည်း…
လွမ်းခွင့်ကျန်သေးတယ်…
နင်..ရောက်မလာတော့ပေမယ့်
ငါ….စောင့်နေတုန်းပဲ..။

ဘယ်လိုဖြေတွေးတွေး…
တကယ်တမ်းမှာ…
……………
ပုဇဉ်းတော့မဟုတ်ပါဘူး…
ဧ၀ ကိုယ်ပွားတယောက်မို့
ခံစားတတ်လို့
ငါ……….
…………..ရင်ကွဲခဲ့တယ်။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment