Professional Authors

“ရင်ကွဲ….တမ်းချင်း….”

နင်ကြေကွဲစေချင်တယ်ဆိုရင်….
ငါ…..ရင်နင့်စွာ ငိုပွဲဝင်မယ်
နင်သိနိုင်စေဖို့ ထည့်မတွက်
ကျန်ခဲ့ပါဆိုရင်….ငါ နေခဲ့ရုံပေါ့ဟာ…။

ဆွေးမိတယ်….တွေးမိတယ်….
ဝေးကွာခြင်းရဲ့နောက်ဆက်တွဲအတွက်
အကျိုးအပြစ်တွေ ရှိနေမယ်ဆိုတာလည်း….
နက်နဲစွာ နားလည်ပါတယ်….။

မလိုအပ်တော့တဲ့အခါ….
ရင်ခုန်သံတို့ မသက်ဆိုင်ခဲ့ကြောင်း
ဟိုး တစ်ခါကလည်း နင်…..ပြသခဲ့ဖူးပြီးသားပါ…။
ဒါတွေကို အမှတ်မဲ့
အခါခါယုံလွယ်မိတဲ့သူ….ငါ
အမှားတွေ ရှုံးနိမ့်ခြင်းတွေ သိမ်းပိုက်ထားမိတယ်….။

နင်မသိနိုင်တာလား….?
အတတ်နိုင်ဆုံး ချစ်ပေးခဲ့တဲ့ ငါ့ခံစားချက်တွေကို….။
နင်မှ နင် ……..ကြင်နာချင်ခဲ့လို့
လက်ဖ၀ါးနှစ်ခုရဲ့ အကွာအဝေးအောက်မှာလည်း
ကဗျာတွေ စာတွေ ဖွဲ့
“နေချင်တာ မင်းအနား” သီချင်း ဂစ်တာတီးရင်းညည်းရုံနဲ့
သတိရခြင်းတွေဖြေသာစေခဲ့တဲ့ လူတစ်ယောက်ဘ၀ ကို….။

အခြေအနေမပေးခဲ့လို့
နေထိုင်ရခြင်း ဟိုး အဝေးရောက်ခဲ့လည်း
နင်က ငါ့ရဲ့ ဘုရင်….
နင်ရှိနေတဲ့ နှလုံးသားနဲ့ အသက်ဆက်ခဲ့တယ်…
အနီးကပ် မပေးဆပ်နိုင်တာကလွဲ
နင့်တစ်ယောက်တည်းကိုပဲ
ငါ့ မျက်တောင် အဖွင့်အပိတ်တွေတိုင်း လွမ်းတယ်….။

အတိတ် အတိတ်က အရိပ်တွေနဲ့
အသက်ရှုသံတို့ ရပ်တန့်
ငါ …တကယ်ကို ပျောက်ကွယ်လိုက်ချင်ပြီ ချစ်သူရယ်….။
နင် မေ့ထားတယ် ဆိုတဲ့ အသိနဲ့
ငါ့ မနက်ဖြန်တွေ ရှေ့ဆက်ရမှာ အားငယ်တယ်…။

 ဘာတွေ ဆက်လုပ်သင့်လဲ….?
တစ်ယောက်တည်း မေးခွန်းတွေမေး
နွမ်းနယ်နေတဲ့ မျှော်လင့်ချက် ခပ်မှိန်မှိန်နဲ့
အနာဂတ်က လမ်းစပျောက်နေတယ်….။

ရင်မဆိုင်လိုတဲ့ မသိကျိုးကျွံပြုခံရခြင်းတွေအောက်
သစ္စာတရားတွေနဲ့ ငါ လုံးပါးပါးတော့မယ်…။

ဒီဝေဒနာတွေနဲ့ ရောထွေး
ငါ……….
ဘယ်အရာတွေနဲ့မှလည်း….မပြည်စုံပါရစေနဲ့
နင်ရှိမှ ……ရပ်တည်နိုင်မဲ့ငါ့အတွက်…
စာနာပေးခြင်းတို့ အနည်းငယ် စွန့်ကြဲ….
ရင်နာစရာ အဖြစ်ဆိုးတွေမှ
လွတ်မြောက်ခွင့်တွေ ပေးသနားလှည့်ပါ….။

In: ကဗျာ Posted By: Date: Aug 30, 2011
Comment #1

ဒီဝေဒနာတွေနဲ့ ရောထွေး
ငါ……….
ဘယ်အရာတွေနဲ့မှလည်း….မပြည်စုံပါရစေနဲ့
နင်ရှိမှ ……ရပ်တည်နိုင်မဲ့ငါ့အတွက်…
စာနာပေးခြင်းတို့ အနည်းငယ် စွန့်ကြဲ….
ရင်နာစရာ အဖြစ်ဆိုးတွေမှ
လွတ်မြောက်ခွင့်တွေ ပေးသနားလှည့်ပါ….။
မကေ အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 30, 2011
Comment #2

ဆွေးမိတယ်….တွေးမိတယ်….
ဝေးကွာခြင်းရဲ့နောက်ဆက်တွဲအတွက်
အကျိုးအပြစ်တွေ ရှိနေမယ်ဆိုတာလည်း….
နက်နဲစွာ နားလည်ပါတယ်….။

မလိုအပ်တော့တဲ့အခါ….
ရင်ခုန်သံတို့ မသက်ဆိုင်ခဲ့ကြောင်း
ဟိုး တစ်ခါကလည်း နင်…..ပြသခဲ့ဖူးပြီးသားပါ…။
ဒါတွေကို အမှတ်မဲ့
အခါခါယုံလွယ်မိတဲ့သူ….ငါ
အမှားတွေ ရှုံးနိမ့်ခြင်းတွေ သိမ်းပိုက်ထားမိတယ်….။
ကောင်းတယ်ဗျာ…တကယ်…

commentinfo By: အသဲကွဲမိုး at Aug 30, 2011
Comment #3

ကဗျာတစ်ပုဒ်လုံးလိုလိုကို ဖတ်လို့ကောင်းတယ်ဗျာ အားပေးတယ်။

commentinfo By: X - ray at Aug 30, 2011
Comment #4

ma kay….
a yan taw tar pe.
i like so much all of ur poems.

commentinfo By: ei lay at Aug 31, 2011
Comment #5

ကျေးဇူး အိလေး
ကေ့ကဗျာကို အားပေးတဲ့ သယ်ရင်းတွေကို ကျေးဇူးပါနော်….:P

commentinfo By: ကေသရီ at Aug 31, 2011
Comment #6

အားပေး သွားပါတယ်

commentinfo By: myintzaw at Aug 31, 2011
Comment #7

နင့်တစ်ယောက်တည်းကိုပဲ
ငါ့ မျက်တောင် အဖွင့်အပိတ်တွေတိုင်း လွမ်းတယ်….။

commentinfo By: Red Demon at Aug 31, 2011
Comment #8

ကေ……
လွတ်မြောက်ခွင့်ရဖို့ဆိုတာ….ကေ့ အပေါ်မှာ မူတည်ပါတယ်….။
ကောင်းကင် တစ်ခုကို ကြည့်ပါ….မျက်လုံးတစ်စုံထဲကို မတွေ့ပါစေနဲ့
အရာရာကို ရင်ဆိုင်နိုင်တဲ့ ကေသရီ ကိုပဲ ပြန်မြင်ချင်တယ်….။
ဘာတွေပဲဖြစ်ဖြစ်
အ၇င်လိုပဲ ပါးချိုင့်တွေ ပေါ်နေအောင် အမြဲ ပြုံးနေပါလား…

commentinfo By: Someone at Aug 31, 2011
Comment #9

Someone
ဘယ်သူလဲဆိုတာတော့ ကေ မသိဘူး….
ဒါပေမယ့်……ကဗျာကို ကဗျာလိုပဲ အားပေးပါနော်…..
ကျေးဇူးတင်ပါတယ်….
အပြင်မှာ ကေ့ကို သိနေပီးသားဆိုရင်လဲ…
ကဗျာဆိုဒ်ထဲမှာ ကဗျာထဲက စာသားတွေလောက်ပဲ ဝေဖန်ပေးပါ…။
မဆိုင်တဲ့ comment တွေ မပေးပါနဲ့
စေတနာကို စော်ကားသလို ဖြစ်တယ်ဆိုရင်လည်း အနူးအညွန့် so sorry ပါ…။

commentinfo By: ကေသရီ at Sep 2, 2011
Comment #10

No No
မဟုတ်ပါဘူး ကေသရီ
ကိုယ့် comment တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်မယ်ဆိုရင် တောင်းပန်ပါတယ်…..
ကောင်းပါပြီ
ဘာမှ မပြောတော့ပါဘူး.
မင်း ကဗျာတွေကို အားပေးရုံသက်သက်ပဲ ၀င်ဖတ်ပေးပါ့မယ်…
စိတ်ချပါ မင်း မမြင်ချင်တဲ့ ကိုယ့် comment တွေကို မမြင်စေရဘူး။။။။
တောင်းပန်ပါတယ် ကေသရီ….။

commentinfo By: Someone at Sep 5, 2011
Comment #11

‘နင်ရှိနေတဲ့ နှလုံးသားနဲ့ အသက်ဆက်ခဲ့တယ်…
အနီးကပ် မပေးဆပ်နိုင်တာကလွဲ
နင့်တစ်ယောက်တည်းကိုပဲ
ငါ့ မျက်တောင် အဖွင့်အပိတ်တွေတိုင်း လွမ်းတယ်….။’

‘အရမ်းမိုင်တယ်ဗျာ’ love it !! Thumbs up !!!
အားပေးသွားပါတယ်နော်

commentinfo By: Mike.aung at Sep 30, 2011
Comment #12

နင် မေ့ထားတယ် ဆိုတဲ့ အသိနဲ့
ငါ့ မနက်ဖြန်တွေ ရှေ့ဆက်ရမှာ အားငယ်တယ်…။

commentinfo By: zero at Oct 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment