စက္ကူခေါက်လေးများ
စက္ကူမိုးတွေရွာနေတာတော့ မဟုတ်ပါဘူး….
ကြင်နာမှုဆိုတာ ဖွင့်ပြောပြမှ
သိတတ်မယ်ဆိုရင်တော့
မြိုသိပ်နိုင်လွန်းတဲ့
ငါဟာ လောကကြီးမှာ
အရက်စက်ဆုံးလူသားဖြစ်သွားမှာပေါ့။
သတိပေးတာပါတဲ့…
ပြုံးယောင်ယောင်နဲ့ ပြောတတ်ကြတဲ့
တချို့လူတွေရဲ့ အတင်းပြောသံတွေက
မီးခိုးစော်နံတယ်။
ပတ်ဝန်းကျင်ဆိုတဲ့အရာကြောင့်
လောကကြီးမှာ ချိန်ခွင်ပေါ်တက်
စတေးခံလိုက်ရတဲ့ အချစ်မေတ္တာတွေ
ဘယ်လောက်တောင်များနေပြီလဲ။
ချစ်ချင်လို့ချစ်တယ်ဆိုတာမှာ
သင်္ချာသဘောတရားတွေ မပါတာကတော့
ငါ့ကိုယ်ငါ အသိဆုံးပါပဲ။
ကာရန်တွေကတော့ လေထဲလွင့်ပျံနေဆဲပဲ…
စက္ကူခေါက်လေးတွေရယ်…
အခွင့်သာရင်တော့ ပြောပြပေးကြပါ
သူ့ကို ငါဘယ်လောက်ချစ်နေတယ်ဆိုတဲ့အကြောင်းကိုပေါ့။
လေလွင့်ငှက်
Comment #2
hote dar pop,,
koh chit thu ko chit de so de sa kar lay 1 kun taung ma pyaw naing hma dot thu bet ko le kou chin sar ong lay.
By: ei lay at Jan 14, 2012
Comment #3
စက္ကူခေါက်လေးတွေရယ်… အခွင့်သာရင်တော့ပြောရင်တော့ပြောပြပေးကြပါ သူ့ကို ငါဘယ်လောက်ချစ်နေတယ်ဆိုတဲ့ အကြောင်းကိုပေါ့
By: hnin yi win at Jun 10, 2012
Comment #4
ကြင်နာမှုဆိုတာ ဖွင့်ပြောပြမှ
သိတတ်မယ်ဆိုရင်တော့
မြိုသိပ်နိုင်လွန်းတဲ့
ငါဟာ လောကကြီးမှာ
အရက်စက်ဆုံးလူသားဖြစ်သွားမှာပေါ့။
By: KC at Dec 19, 2012
Comment #6
ပတ်ဝန်းကျင်ဆိုတဲ့အရာကြောင့်
လောကကြီးမှာ ချိန်ခွင်ပေါ်တက်
စတေးခံလိုက်ရတဲ့ အချစ်မေတ္တာတွေ
ဘယ်လောက်တောင်များနေပြီလဲ။
By: ကဗျာနှင်းဆီ at Dec 29, 2012




Comment #1
သတိပေးတာပါတဲ့…
ပြုံးယောင်ယောင်နဲ့ ပြောတတ်ကြတဲ့
တချို့လူတွေရဲ့ အတင်းပြောသံတွေက
မီးခိုးစော်နံတယ်။
အားပေးသွားတယ်