Professional Authors

အမေရေ………။

အမေရေ………။

အမေ……
ကျွန်တော်လေ ခါးသီးတဲ့ ဘဝ
တည်ငြိမ်မရတဲ့ ည
ဆွဲမလို့ မရတဲ့ ကာလတွေကို
ပြက္ခဒိန် ကိန်းတွေရဲ့ “ဆတူ” ကိန်းတွေနား
နာရီသေတွေကြားက မိနစ်””ငကြောင်”” တွေကို
ဆင်းရဲလှတဲ့ ကံတရားကြားက
“အဖေ” နဲ့ အတူရှာမိတယ် “အမေ……….”

အမေ….
သူတို့ကလေ ရင်ထဲကမပါ
မုသားစာတွေကို သားကျရှုံးတဲ့ အချိန်တိုင်းမှာ
သား မမှားဘဲ ရွတ်ပြကြတယ် “အမေ”…………….

အမေ……
သားလေ ခံစားမှု့တွေ မချိုတာကို မုန်းလို့
“ကိလေသာ”တွေကို စွန့်ပြစ်ခဲ့တာ (၃)နှစ်………….
ဆွဲကိုင်ထားတဲ့ မာနတွေ လွှတ်ချခဲ့တာ (၇)နှစ်…….
ပေါင်း….(၁၀) နှစ်ရှိပြီ “အမေ”…….

အမေ……
ရာသီတွေကြားထဲကနေ လူ့ဘ၀မှာ
(၆)ပေ(၃)ပေ တနေရာရဖို့
ကျွန်တော် ယုတ်မာတယ်……..
ကျွန်တော် ကိုယ်ကျင့်တရားကို ရောင်းတယ်…..
ကျွန်တော် သိက္ခာ ကို “မသာ” ချတယ်
ကျွန်တော် “””ခွေး…”””တွေနဲ့ အတူ ထမင်းစားခဲ့ တယ် “အမေ……..”….

အမေ……
အမေ့…..သားဘ၀ ပြင်းရှ ချက်ကတော့
အဆိုးဝါးဆုံးတွေကို ပြောင်းပြန်ဆွဲ
“”အီကွဲ တူ အီကွဲ….””” ဖျက်ခဲ့လည်း…
ဆင်းရဲမှု့တွေကြောင့် ရိုးသားမှု့ တွေ အရည်ပျော် ခဲ့တယ်………
တောင်းတမှု့ တွေ ကြောင့် သား သမိုင်းတွေ အရောင် ညစ်တယ်……..
ခါးသီးမှု့တွေကြောင့် သိက္ခာ တွေပျောက်
“”သား……”” သူခိုး ဘ၀ရောက်ခဲ့ တယ် အမေ………..
………………
“”အမေ….”” မယုံရင် လာကြည့်ပါ အမေ……..။ ။

[email protected](31.1.11)1;00am

20.2.1997 ည….၈း၂၀ တွင် မြင့်မြတ်စွာ လူ့လောကမှ ထွက် ခွာသွားခဲ့သော အမေအား ရည်ညွှန်းပါ သည်..။

In: ကဗျာ Posted By: Date: Jan 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment