Professional Authors

ကူပြီး စဉ်းစားပေးကြပါအုန်း

အဆင်မပြေတဲ့နေ့များ
ဘယ်လောက်သန့်သန့်ပြန့်ပြန့်
ဝတ်သွားပေမယ့်လည်း
ငှက်ချေးပါတော့
ညစ်ပတ်ပြန်တယ်…………။
ရှေ့ကမျက်စိနောက်နေတဲ့
ခွေးမျက်ပြူးက
သူကလေးတွေ
အန္တရယ်ပြုမယ့်ကောင်လို့
ထင်ပုံရတယ်
ဆွဲလိုက်ပုံများ
တူ သာထည့်ပေးကြည့်
အစားပုတ်တဲ့
တရုတ်ကြီးလို့ထင်ပုံရတယ်…….။
တစ်ချိန်တုန်းက
ချစ်ခဲ့တယ်
ချစ်ခဲ့ရတယ်
ရင်ခုန်ခဲ့ရတယ်
ကဗျာတွေ ဖြစ်ခဲ့ကြတယ်
အချိန်တန်တော့လည်း
ကဗျာအချို့ပုန်ကန်
သူမကို ကျွန်တော် ဆီက
ခွဲထုတ်သွားတယ်
ခွဲသွားရုံဆိုတော်သေးတယ်
သူမက နှလုံးသားထဲမှာ
ချိန်ကိုက်မိုင်းတွေ
တန်းစီထောင်ထားခဲ့တယ်လေ
တိုက်ဆိုင်တဲ့ အချိန်
တိုက်ဆိုင်တဲ့ နေရာ
ရောက်ရောက်သွားတိုင်းလေ
ဒီဗုန်းတွေ က ထထပေါက်ကြသည်…..။
ခဏခဏ ကုရ
ဖာရ ထေးရ လွန်းလို့
နှလုံးသားလည်း ရေသည်ယောင်္ကျားပုဆိုး
ဖြစ်မှန်းမသိ သိသိ မသိတသိ
သိသိကြီးနဲ့ ဖြစ်နေသည်…..။
အသည်းခွဲခဲ့တယ့် သူ
နှ့လုံးခွဲခဲ့တဲ့သူ
လမ်းခွဲခဲ့တဲ့သူ
သူမ လေ
ကျွန်တော် မျက်နှာချင်းဆိုင်လမ်းမှ
တလှမ်းချင်း လျှောက်လာနေသည်
တမင်တကာများ
လုပ်ထားလားကံကြမ္မာရယ်
နာနေတဲ့ နှလုံးသားကို
စေတနာနဲ့
အရက်ပြန်ဆွတ်ပေးတဲ့ပုံပဲ
သူမ ကျွန်တော်
ကျွန်တော် သူမ
လမ်းက လမ်းကျဉ်း
ကျွန်တော် ဘေးမှာ
ဘယ်သူ မှ မပါ
သူ မလည်းထိုအတူ
ကျွန်တော် ဘာလုပ်ရမည်နည်း………….။

In: ကဗျာ Posted By: Date: Dec 23, 2011
Comment #1

he,,he,,,
lots of funs.
u r so clever and intelligent.
u can make people happy and cure disease.
i m envious of u,

commentinfo By: ei lay at Dec 23, 2011
Comment #2

မီးစင်ကြည့်ကပေါ့ 
ကိုယ့် ခံစားချက်အတိုင်း
ရှေ့ မှာ ရေးထားတဲ့ ကဗျာလို တခွန်းစကားပြောပလိုက်

commentinfo By: NC at Dec 24, 2011
Comment #3

သူများကို အကြံဥာဏ်ပေးနိုင်တဲ့အထိတော့ဥာဏ်မမှီဘူးဗျ ဒါပေမယ့် တစ်ခုတော့ပြောပါရစေ ခင်ဗျားဘာကိုဆိုလိုချင်တယ်ဆိုတာ ကျွန်တော်မသိဘူး ။

commentinfo By: X - ray at Dec 24, 2011
Comment #4

read again par.
😛

commentinfo By: ei lay at Jun 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment