Professional Authors

ငါ့ကိုမမုန်းခဲ့တဲ့အတွက်….

ပေးခဲ့တဲ့နားလည်မှုတွေ ကိုယ်ရည်သွေးပြီး ငါမပြောရပါဘူး….
တူညီရာတူညီမှု မမျှော်လင့်ရမှန်း သိသားမို့ပါ
နင်ပျာ်ဖို့ ငါငိုခဲ့ရတာပါ
ခေါင်းငုံ့လှည့်ထွက်ခိုင်းတဲ့အထိတော့ မရက်စက်နဲ့ပေါ့ဟာ…..။

ငါ့ကြောင့်မဟုတ်လည်း ပျော်နေတက်တဲ့နင့်ကို
ငါ့မျက်ရည်တွေကြားက ကြည်နှုးတဲ့စိတ်နဲ့ ငေးကြည့်နေချင်သေးတယ်လေ…..

တခါတလေ အဝေးပြေးထွက်ခဲ့တဲ့အခါ  စိတ်နာသွားတယ်လို့…..ဘယ်သူကပြောလဲ…..?

ငါ့ရင်ဘတ်အက်ကွဲသံကို နင်ကြားတဲ့အခါ
အားနာမှုနဲ့ နှစ်သိမ့်တဲ့နင့်အသံ …….
သံရည်ပူတွေနားထဲ စီးနေသလို ပူလောင်လို့ပါ…..။

မပြတ်သားတဲ့ချစ်သူအတွက်
မာနတရားလည်း ငါမထားရက်ပါဘူး…..
ဆုံးဖြတ်ချက်အတည်ပြုတဲ့အခါ ငါ့အတွက်နေရာ ဘယ်နားမှာလဲ ငါမမေးရဲလို့ပါ…..။

ငါကိုးကွယ်တာ နင့်အမိန့်တစ်ခုတည်း….
နင်ကိုယ်တိုင်မခိုင်းစေခဲ့ဘဲ နာခံလွယ်တဲ့ငါ့အတွက်
ဘာကိုမှနင်မငဲ့ပါနဲ့
တကယ်ဆို…ငါက နင်ငါ့ကို မချစ်ခဲ့ရင်တောင်
ငါ့ကို မမုန်းခဲ့တဲ့အတွက်……….
………..ပျော်မဆုံးနိုင်တဲ့ လူတစ်ယောက် ဖြစ်နေလို့ပါ…………..။

In: ကဗျာ Posted By: Date: Jan 8, 2011
Comment #1

အရမ်းကောင်းတယ်.. ခံစားချက်နဲ့အရမ်းထိနေတယ်..

commentinfo By: songmoezin at Jan 8, 2011
Comment #2

တခါတလေ အဝေးပြေးထွက်ခဲ့တဲ့အခါ စိတ်နာသွားတယ်လို့…..ဘယ်သူကပြောလဲ…..?
ကြိုက်တယ် ။ ဟုတ်တယ်နော် ။ စိတ်နာတယ်လို့ ဘယ်သူပြောလဲ

commentinfo By: yatu at Jan 24, 2011
Comment #3

ငါကိုးကွယ်တာ နင့်အမိန့်တစ်ခုတည်း….
နင်ကိုယ်တိုင်မခိုင်းစေခဲ့ဘဲ နာခံလွယ်တဲ့ငါ့အတွက်
ဘာကိုမှနင်မငဲ့ပါနဲ့ ။
စာသားတွေ မိုက်နေတယ် ။

commentinfo By: မန်းမေသူ at Jan 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment