Professional Authors

ငါ … အညတရကဗျာဆရာ

အိပ်မက်ကတစ်ဝက်တစ်ပျက်လန့်နိုး
ပြန်အိပ်မရသောအဖြစ်မျိုးတွေလည်း
ရှိခဲ့ဖူးတရ်
ဘောပင်နဲ့စာရွက်ပေါ်ချရေးမယ်လုပ်ပြန်တော့လည်း
ခံစားချက်တွေကအငွေ့ပျံတက်သွားတရ်
ဆောင်းရာသီမှာရွာတဲ့မိုးပေမယ့်
မြေသင်းနံ့တွေနဲ့ ဆွတ်ပျံ့မနေဘူးရယ်လို့
ဘယ်သူပြောမလဲ
မမျှော်လင့်ထားခဲ့ပေမယ့်လည်း
မလိုအပ်ဘူးရယ်လို့
ငါမငြင်းပယ်ခဲ့ပါဘူး
ပိုင်ဆိုင်ခဲ့ဖူးပေမယ့်လည်း
နင်ပေးခဲ့ဖူးတဲ့အလွမ်းတစ်စုံတစ်ရာက
အခုတော့သူစိမ်းဆန်နေတရ်
သမုဒ္ဒရာလို ကျယ်ပြန့်နက်ရှိုင်းနေတဲ့
နင့်ဂုဏ်ပုဒ် တချို့အတွက်
ငါ့နှလုံးသားကို မရင်းပါရစေနဲ့တော့
အပေအတေတစ်ယောက်ရယ်လို့
သတ်မှတ်ခံထားရတဲ့ … ငါ
အခုတော့လည်း
အညတရ ကဗျာဆရာဆိုတဲ့ဂုဏ်ပုဒ်တစ်ခုနဲ့
ငါ့ရဲ့မနက်ခင်းတိုင်းက
ဂျစ်ပစီဆန်ဆန်လှပနေပြန်ပါရော …
စိတ်အလိုအတိုင်းဆို
ကောင်းကင်ကြီးပေါ်တောင်ရွက်လွှင့်ချင်ပေမယ့်လို့
တရားသေ၀ါဒထဲက ရုန်းထွက်နေရတဲ့
စိတ်ခံစားမှု တချို့ကတော့
လက်သင့်မခံချင်ခဲ့ကြဘူး …
တခါတလေတော့လည်း
ရုပ်ရှင်ထဲမှာပဲ ဖြစ်နိုင်လောက်တဲ့
ဇာတ်လမ်းမျိုးလည်း ရှိခဲ့မှာပဲ …
မဖြစ်နိုင်ဘူးဆိုတာသိပေမယ့်လို့
ခံစားချက် တစ်စုံတစ်ခု အတွက်တော့
နင်နဲ့အတူ အိပ်မက်တွေကို မက်ချင်မိသေးတရ် …
နှလုံးသားထဲစွဲထင်နေတဲ့ နင့်ပုံရိပ်ကို
ဖွဲ့နွဲ့ပြီး ကဗျာတွေရေးတတ်ခဲ့ပေမယ့်လည်း
အေးစက်နေတဲ့ နင့်စကားသံတွေ ကြားမိတဲ့အခါ
မမြင်နိုင်တဲ့ဝေဒနာတစ်ခုနဲ့
ရင်ဘတ်ရဲ့ လက်ဝဲဘက်အခြမ်းက
တဆစ်ဆစ်နဲ့ကိုက်တရ် …
မသင်ပဲတတ်ခဲ့တဲ့
နင့်မျက်ဝန်းဘာသာဗေဒက
နင့်နောက်လိုက်နေတဲ့ ငါ့ခြေလှမ်းတွေကို
ခဏခဏရပ်တန့်အောင်စွမ်းဆောင်နိုင်ခဲ့တရ်
အဲဒါကိုနင် သိမလား
အခုတော့လေ
အရုဏ်ကျင်းတဲ့အချိန်အထိ
မစဲသေးတဲ့မိုးလို
ငါ့မျက်ဝန်းက မိုးရေတွေ
စိုစွတ်လို့ကောင်းနေဆဲပါ …
ဆွတ်ပျံ့နေတဲ့ အလွမ်းရနံ့တစ်စုံတစ်ရာအတွက်ပေါ့
လောကကြီးရဲ့စေစားမှုတွေအောက်မှာ
နင်ငါ့အပေါ်ထားတဲ့ခံစားချက်တွေ
အငွေ့ပျံတက်ပျောက်ကွယ်သွားခဲ့ပေမယ့်လို့
အခုအချိန်ထိ နင့်စကားတွေကြားယောင်ရင်း
စိတ်ကူးအိပ်မက်တွေ တပွေ့တပိုက်ရယ်နဲ့
ငါ  … ဆိုတဲ့အညတရ ကဗျာဆရာတစ်ယောက်
နင် … ဆိုတဲ့ ငါချစ်ရတဲ့ ချစ်သူအတွက်
မျှော်လင့်ချက်တွေနဲ့အသက်ဆက်ရှင်နေတုန်းပါ …………….

In: ကဗျာ Posted By: Date: Jan 31, 2011
Comment #1

မမျှော်လင့်ထားခဲ့ပေမယ့်လည်း
မလိုအပ်ဘူးရယ်လို့
ငါမငြင်းပယ်ခဲ့ပါဘူး
ငါ … ဆိုတဲ့အညတရ ကဗျာဆရာတစ်ယောက်
နင် … ဆိုတဲ့ ငါချစ်ရတဲ့ ချစ်သူအတွက်
မျှော်လင့်ချက်တွေနဲ့အသက်ဆက်ရှင်နေတုန်းပါ …………….

အားပေးသွားတယ်နော်

commentinfo By: အသဲကွဲမိုး at Feb 1, 2011
Comment #2

နင် … ဆိုတဲ့ ငါချစ်ရတဲ့ ချစ်သူအတွက်
မျှော်လင့်ချက်တွေနဲ့အသက်ဆက်ရှင်နေတုန်းပါ …………
အားေးပးသွားပါတယ်

commentinfo By: genius.jinx28 at Feb 1, 2011
Comment #3

thz for all!!!!!! 😛

commentinfo By: apollo at Feb 1, 2011
Comment #4

အေးစက်နေတဲ့ နင့်စကားသံတွေ ကြားမိတဲ့အခါ
မမြင်နိုင်တဲ့ဝေဒနာတစ်ခုနဲ့
ရင်ဘတ်ရဲ့ လက်ဝဲဘက်အခြမ်းက
တဆစ်ဆစ်နဲ့ကိုက်တရ် …
မသင်ပဲတတ်ခဲ့တဲ့
နင့်မျက်ဝန်းဘာသာဗေဒက
နင့်နောက်လိုက်နေတဲ့ ငါ့ခြေလှမ်းတွေကို
ခဏခဏရပ်တန့်အောင်စွမ်းဆောင်နိုင်ခဲ့တရ် ……….

commentinfo By: rabbit at May 25, 2011
Comment #5

မိုက်တဲ ~~

commentinfo By: X - ray at Jan 5, 2012
Comment #6

mike de,,,mike de,,,
heart hti loh kway p

commentinfo By: ei lay at Jan 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment