Professional Authors

သူငယ်ချင်း…သို့

တမ်းတအိမ်မက်တွေ
တမြတ်တနိုးထုဆစ်လို့
အဆုံးစွန်သောဆန္ဒတွေ
သူ့အချစ်ကို…ကျွန်တော်
မျှော်လင့်တောင့်တခဲ့တာ…

ယုံကြည်ပါချစ်သူ
အဖြူရောင်တံတိုင်းတွေခြားခဲ့လို့
ဖွင့်မပြောဖြစ်ခဲ့ပေမယ့်
့ကြယ်ကြွေတွေ
ရေသောက်ဆင်းတဲ့ရင်ခွင်မှာ
မင်းအတွက်…ရင်ခုန်သံတွေ
ပြာမဖြစ်သေးပါဘူး…

တိတ်တခိုးမျက်ဝန်းတွေနဲ့
မ၀ံ့ရဲတော့တဲ့…ငါ
ဆုံတွေ့မိချိန်တိုင်း
မြိုသိပ်ကာသိုဝှက်ခဲ့ပေမယ့်
အရင်းနှီးဆုံးရင်ခုန်သံတွေက
ငါ့ရင်မှာ…
ဝုန်းဒိုင်းကြဲဆူညံမြဲပဲ….

ယုံကြည်ပါချစ်သူ
ကြင်နာသူရင်ခွင်မှာ
မင်းပျော်ရွှင်စွာရယ်မောနိုင်ဖို့
ငါ့
မျှော်လင့်ခြင်းရင်ခုန်သံတွေ
အဖြူစင်ဆုံးသော့တစ်ချောင်းနဲ့
ငါ…ခတ်ပိတ်ပစ်ခဲ့တယ်…

ိချစ်လို့မသေပေမယ့်
သေလုအောင်ချစ်ခဲ့တဲ့…ငါ
ခံစားချက်တွေမြိုသိပ်လို့
ရင်ကွဲခဲ့ပါစေ
ရှေ့ဆက်…
“သူငယ်ချင်း” လို့ပဲဆက်လို့ခေါ်နေမှာ…

သူငယ်ချင်းရယ်…
ငါခံစားရသလိုမခံစားပါရစေနဲ့
ငါသတိရသလိုသတိမရပါစေနဲ့
အရိုးဖြောင့်ဆုံးနှလုံးသားနဲ့
ဆုတောင်းပေးပါရဲ.
ငါ့စေတနာတွေအရောင်လက်ခဲ့ရင်
ဒီဘ၀မှာတစ်ခါပဲ
ချစ်သူနဲ့လွဲပါရစေ…။ ။

In: ကဗျာ Posted By: Date: May 17, 2010
Comment #1

အစ်ကို့ခံစားချက်တွေထင်တယ်နော်.။ကဗျာကအသက်ဝင်လို့…။ကျွန်တော်
လဲအဲလိုမျိုးရေးချင်တယ်ဗျာ။မရေးတတ်လို့။ဖတ်ဖြစ်အောင်တင်ပေးတဲ့အ
တွက်ကျေးဇူးပါ…။

commentinfo By: live at May 24, 2010
Comment #2

ဒီဘ၀မှာတစ်ခါပဲ
ချစ်သူနဲ့လွဲပါရစေ…အဲဒီဆုတောင်းလေး..တော်တော် good တယ်

commentinfo By: laypyay at May 24, 2010
Comment #3

ကဗျာလေးက အဖြူထည်လေး….

commentinfo By: အမရာ at Jun 19, 2010
Comment #4

ကြယ်ကြွေတွေ ရေသောက်ဆင်းတဲ့ ရင်ခွင် … ထိတယ် ညီရေ … အကြိုက်ဆုံးပဲ … လှလိုက်တဲ့အဖွဲ့လေး …
“အနုသယ နယ်အတွင်းမှာ .. သမုဒယတကယ်မတင်းရအောင် … (အချစ်ရယ်) … အခုဘဝမှာတော့ သူငယ်ချင်း …” ပေါ့ .. ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာလေး သွားသတိရတယ် …

commentinfo By: harry at Jun 20, 2010
Comment #5

ချစ်လို့မသေပေမယ့်
သေလုအောင်ချစ်ခဲ့တဲ့…ငါ
ခံစားချက်တွေမြိုသိပ်လို့
ရင်ကွဲခဲ့ပါစေ
ရှေ့ဆက်…
“သူငယ်ချင်း” လို့ပဲဆက်လို့ခေါ်နေမှာ……..
အဲ့ဒီ့စာသားလေးကိုကြိုက်တယ်နည်းနည်းပဲကွဲတယ်ငါ့ခံစားချက်နဲ့
ငါကတော့သူငယ်ချင်းမဟုတ်ဘူးအကိုလို့
ဆက်ခေါ်နေမှာပါငါနင်ေ၇းထားတာလေးကိုသဘောကျပါတယ်
နင့်၇ဲ့ခြစ်

commentinfo By: funnylittle at Jul 8, 2010
Comment #6

naynyo23 ရေ…
ကျနော့်ကို စောင်းပြောနေသလိုပဲဗျား ..
ကဗျာလေးကို အရမ်းကြိုက်တယ်ကွာ …
အရမ်းလည်း တိုက်ဆိုင်လွန်းပါတယ် ..
naynyo23 ပြောသလိုပါပဲ …
တကယ်လို့ မဆုံနိုင်လို့ ဝေးရရင်တောင်
ဘ၀တစ်လျှောက်လုံးမှာ တစ်ခါပဲ ချစ်ရသူ နဲ့လွဲပါရစေ တဲ့နော်..
ကောင်းတယ်ဗျား..
ဒီကဗျာဖက်ရလို့ အရမ်းကိုကျေနပ်နေမိတယ် ..
တိုက်ဆိုင်သူသို့လည်း ပေးပို့ ခံစားစေချင်ပါတယ်
naynyo23 ကို ကျေးဇူးတင်ပါတယ်..

commentinfo By: minchansike at Aug 6, 2010
Comment #7

ကဗျာကအရမ်းကိုကောင်းတယ်
ကျေးဇူးပါ………..

commentinfo By: zayar at Sep 20, 2010
Comment #8

ဒီဘ၀မှာဒီတစ်ခါလဲချစ်သူနဲ့မလွဲရပါစေနဲ့ဗျာ

commentinfo By: moe zin at Sep 27, 2010
Comment #9

ကဗျာကအရမ်းကောငါးပတယ် တကယ့်ခံစားချက်နဲ့ ရေးထားတာထင်တယ်
ဆုတောင်းပေးပါတယ် နောက်တခါပျော်ရွှင်နိုင်ပါစေလို့ …………………………

commentinfo By: blessing at Jan 22, 2011
Comment #10

” သူငယ်ချင်းရယ်…
ငါခံစားရသလိုမခံစားပါရစေနဲ့
ငါသတိရသလိုသတိမရပါစေနဲ့
အရိုးဖြောင့်ဆုံးနှလုံးသားနဲ့
ဆုတောင်းပေးပါရဲ.
ငါ့စေတနာတွေအရောင်လက်ခဲ့ရင်
ဒီဘ၀မှာတစ်ခါပဲ
ချစ်သူနဲ့လွဲပါရစေ…။ ။”
အဲဒီစာသားလေးအရမ်းကြိုက်တယ်ဗျာ။ခံစားချက်တွေတိုက်ဆိုင်လွန်းတယ်။

commentinfo By: ကဗျာ ချစ်သူ at May 25, 2011
Comment #11

want 2 cry.

commentinfo By: ei lay at Jul 19, 2011
Comment #12

တမ်းတအိမ်မက်တွေ
တမြတ်တနိုးထုဆစ်လို့
အဆုံးစွန်သောဆန္ဒတွေ
သူ့အချစ်ကို…ကျွန်တော်…….း)

commentinfo By: sharon myorr myor at Dec 29, 2012
Comment #13

မိမျောမ … ဘယ်တွေပျောက်

commentinfo By: harry at Dec 29, 2012
Comment #14

အသက်မပျောက် ဘ၀ပျောက် 😀

ရှိပါတယ်ဗျာ …… အသက်ရှူဖို့ ကြိုးစားရင်းရုန်းရင်းပေါ့ဗျ အချိန်ပြည့်လိုင်းပေါ်မရောက်နိုင်တာကြောင့်ပါဗျာ 😀

commentinfo By: sharon myorr myor at Dec 29, 2012
Comment #15

lote kya byar …. pyawww tott wooo….!! lone wa ma york ta“` luuu twe ka ma pyaww tot woo….!!!!

P.S>>> Have no Zawgyi font 😛

commentinfo By: naynyo23 at Dec 29, 2012
Comment #16

😀 လူမရောက်ပေမယ့် စိတ်ရောက်ပါတယ်
အားရင်ကဗျာလာလာဖတ်ပြီးပညာယူပါတယ် 😀

commentinfo By: sharon myorr myor at Dec 29, 2012
Comment #17

ချစ်လို့မသေပေမယ့်
သေလုအောင်ချစ်ခဲ့တဲ့…ငါ
ခံစားချက်တွေမြိုသိပ်လို့
ရင်ကွဲခဲ့ပါစေ
ရှေ့ဆက်…
“သူငယ်ချင်း” လို့ပဲဆက်လို့ခေါ်နေမှာ….

commentinfo By: Jue Chal at Dec 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment