Professional Authors

ငါ…..ဖြစ်တည်စေခဲ့တယ်….။

အခက်အခဲတွေ ကြုံဆုံလာတဲ့အခါ
နင့်ကို ငါ့အနားခေါ်ထားဖို့  စိတ်မကူးခဲ့ပေမယ့်
နင့်အပြုံးတွေ တွေးရင်း
ပျော်စရာတချို့နဲ့
ငါ……လဲလှယ်ယူခဲ့တယ်…..။
 
အလွမ်းတွေနဲ့ နေသားမကျချင်တော့တဲ့အခါ
နင် ပြန်လာပါလို့ မတောင်းဆိုခဲ့ပေမယ့်
အတင်းအကြပ် ငါစေခိုင်း
နင်နဲ့ နီးဖို့ရက်တွေအတွက်
မျက်ရည်တွေ လောလောဆယ်ကျစေရင်း
ငါ…..ရင်းနှီးလို့ထားတယ်…..။
 
ခါးသီးမှုတချို့ ငါ့ထံရောက်လာတဲ့အခါ
နင် ဖြေရှင်းပေးပါလို့ ငါ….မပူဆာခဲ့ပေမယ့်
ဘယ်အရာမဆို နင့်ကို တိုင်တည်….
ငါတို့အနာဂတ်တစ်ခုနဲ့ အရာရာကို
ငါ…..ချိုမြိန်စေခဲ့တယ်…..။
 
ဝေးကွာခြင်းဘက်မှာ အစိုးရိမ်လွန်မိတဲ့အခါ
ငါ့ကိုပဲ နင် ဆက်ချစ်ပါ လို့….မတိုက်တွန်းခဲ့ပေမယ့်
နင့်ရင်ထဲက ငါရခဲ့ဖူးတဲ့တစ်နေရာစာအတွက်
သက်ဆုံးတိုင် ငါကျေနပ်….
နင် ရှိနေတယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့
ပိုင်ဆိုင်ထားသောနေ့ရက်တွေ..
ငါ…..ဖြစ်တည်စေခဲ့တယ်…..။     ။
 
In: ကဗျာ Posted By: Date: Aug 6, 2011
Comment #1

ကဗျာ စ , လယ် , ဆုံး အကုန်ဖတ်လို့ကောင်းတယ်ဗျာ။ အားပေးနေပါတယ် ။

commentinfo By: X - ray at Aug 6, 2011
Comment #2

really nice,
really nice,
really nice.

lots of tears r on my face.

/

commentinfo By: ei lay at Aug 6, 2011
Comment #3

ကောင်းတယ်ဗျို့ အားပေးသွားပါသည်

Comment #4

နင် ရှိနေတယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့
ပိုင်ဆိုင်ထားသောနေ့ရက်တွေ..
ငါ…..ဖြစ်တည်စေခဲ့တယ်…..။ ။

commentinfo By: poem.pome28 at Aug 6, 2011
Comment #5

နင် ရှိနေတယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့
ပိုင်ဆိုင်ထားသောနေ့ရက်တွေ..
ငါ…..ဖြစ်တည်စေခဲ့တယ်…..။ ။

good kwar

commentinfo By: MyoZin at Aug 6, 2011
Comment #6

ကဗျာဖတ်ရင်း ငိုင်တောင်သွားတယ် …ခံစားမှုလေးအရမ်းကောင်းတယ်ဗျာ….။

commentinfo By: ဒိုဒို at Aug 6, 2011
Comment #7

နင် ရှိနေတယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့
ပိုင်ဆိုင်ထားသောနေ့ရက်တွေ..
ငါ…..ဖြစ်တည်စေခဲ့တယ်….အဲနေရာလေးကိုခိုက်တယ်ဗျာ ..
တူနေတယ် ..ခံစားချက်တွေ … 🙂

commentinfo By: chityellusoelay at Aug 6, 2011
Comment #8

အလွမ်းတွေနဲ့ နေသားမကျချင်တော့တဲ့အခါ
နင် ပြန်လာပါလို့ မတောင်းဆိုခဲ့ပေမယ့်
အတင်းအကြပ် ငါစေခိုင်း
နင်နဲ့ နီးဖို့ရက်တွေအတွက်
မျက်ရည်တွေ လောလောဆယ်ကျစေရင်း
ငါ…..ရင်းနှီးလို့ထားတယ်…..။
…ကေ…….ရင်ကိုတဲ့တဲ့ထိမှန်စေသော

commentinfo By: အသဲကွဲမိုး at Aug 7, 2011
Comment #9

အားပေးနေလျက်ပါ မကေ…။

Leave Comments

Name*

Email*
Website
Email me whenever there is new comment