Professional Authors

ပထမ မြစ်ကျဉ်း (ဇာဏီဇော်(အိမ်မဲ))

 

အလင်းဆုံးနှုတ်ခမ်းမျိုးက တစ်ပွင့်တည်းပါ

အမြင့်ဆုံးကြယ်စင်ကိုမှ ခူးဆွတ်ချင်ခဲ့တာလေ

မျက်ရည်တွေ မြစ်ဖြစ်သွားတဲ့ ညတွေမှာ

လူသူမသိအောင် မှောင်ခဲ့ရတာတွေလည်း မနည်းတော့ပါ

 

အဲဒီမျက်ဝန်း လှိုင်းထန်သွားတဲ့ အလုပ်မျိုး

အချစ်တွေ စပွင့်ကတည်းက မဆိုက်ကပ်ရဲတဲ့သူပါ

အဖြူရောင်အားလုံးကို

အပြာရောင် ခပ်များများနဲ့

ထုပ်ပိုးသိမ်းဆည်းသွားပါရစေ

ဘယ်သူမှမသိလိုက်ကြတဲ့ပြဇာတ်တစ်ပုဒ်ပါပဲ

နက်ရှိုင်းကျယ်ပျံစွာ ဆက်လက်စီးဆင်းဖို့

ဒါဟာ ပထမမြစ်ကျဉ်းပါပဲလေ

ငါ့စကြာဝဠာလေးရေ . . .

မင်းဟာ ငါ့ရဲ့ ပန်းချီကားလေးပါပဲကွယ်

ဆေးတစ်စက်မှမတို့ရက်ခဲ့တာက လွဲရင်ပေါ့

In: ကဗျာ Posted By: Date: Jan 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment