Professional Authors

ဆန္ဒ

ကောင်ကင်ဟာ နက်ရှိုင်းပါတယ်

နက်ရှိုင်းတယ်ဆိုတဲ့ စကားလုံး

သုံးလို့ ရမရတော့ မသိပါ

အကျွန့်စိတ်ထဲမှာတော့ တကယ်ကို

နက်ရှိုင်းမိတယ်လို့ ခံစားမိရဲ့

မြေပြင်မှာလို

ဒီအရပ်မှာ မွေး

ဒီအရပ်မှာ သေလို့ မရနိုင်ဘူး

ကောင်ကင်မှာ မွေးပြီး

ကောင်ကင်မှာ သေဆုံးတယ်လို့ ကြားဖူးရဲ့လား?

ပျံသန်းရင်းသေတဲ့ ငှက်လို့တောင် မကြားဖူးခဲ့

ဒီအရပ်အတွင်းမှာ

စိတ်ငြိမ်စွာ အနားယူလို့

ဖြစ်သမျှ ပျက်သမျှတွေ

အကုန်လုံး ချနင်းဖို့

ထုထည်ကြီးတဲ့ မြေကြီးတွေလို

မရိုးရှင်းဘူး

အရမ်းလျှိုဝှက်တက်ပြီး

နက်ရှိုင်းတဲ့ ဗလာ ဟင်းပြင်တွေ

စုပေါင်းထားတဲ့  ဒြပ်မဲ့ကြီးတစ်ခု

ကိုင်တွယ်ကြည့်လို့လဲ မရ

အခွင့်ရှိမယ်ဆိုရင်

အကျွန့်အချစ်တွေ

ဒီမြေပြင်မှာပဲ သေဆုံးချင်တယ်..

In: ကဗျာ Posted By: Date: Nov 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment