Professional Authors

ရင်ငွေ့သွန်းတဲ့ ပုရပိုဒ်

သူသည်

မျှော်လင့်ချက်များအားအပိုင်သိမ်းသည်

အိပ်မက်ကို ချမ်းသာမပေး

စိတ်ကူးကိုလည်း ညှို့ ၏

ထို့ အပြင် အနာဂတ်ကိုလည်း

ခြယ်လှယ်၏

 

သူ ၏ မျက်ဝန်းလေးများသည်

တရားသူကြီးဖြစ်၍

နှုတ်ခမ်းပါးလေးတစ်စုံသည်

ဓားသွားလေးများဖြစ်ကြသည်

မျှော်လင့်ချက်သည် ယခုအခါ ကိုယ်ရောင်ကိုယ်ဝါများ ပြ၍ ပစ္စုပ္ပန်ကို ပြုစားသည်

အိပ်မက်သည် ယစ်မှုးစွာ

နေ့ ရောညပါ လမ်းလျှောက်ထွက်လေသည်

အနာဂတ်သည် စိတ်ကူးဖြစ်ပြီးနောက် စိတ်ကူးသည်အနာဂတ်ဖြစ်ရန်အခါမလပ်တွေးတောနေတော့သည်

 

လေ ၏ စွမ်းအား

ကဲ့သို့ သော အပြုံးချိုလေးများသည်၎င်း

မြေကြီး၏စွမ်းအားပမာ ရှိသော ရယ်သံလွင်လွင်လေးများ

သည်၎င်း

ကြည်လင်အေးမြ ရေ တန်ခိုးအလား မှတ်ထင်ရသော

လက်ဖဝါးနုလေးများသည်၎င်း

မီးပင်လယ်တမျှ ပူပြင်း

တောက်လောင်စေသော မျက်ခုံးတွန့် အလိုမကျ

အမူအရာများ သည်၎င်း

သေစားသေစေ လက်နက်အသွင်ဖြင့်

ခန္ဒာအတွင်းလှည့်ပတ်စီးဆင်း

နေရာမြဲလေသည်

 

နာမ် တခု သည် ရုပ်နှစ်မျိုးအား စေစားလျက်

သံယောဇဉ်နဖားကြိုးထိုး

အစွဲအလမ်းဟု အမည်တပ်

လက်ရှိ၌ ပျော်ပိုက်စေသည်

 

“ကိုယ်ပွား”

တန်ဖိုးအမြင့်ဆုံး သတ်မှတ်ချက်နှင့် ခေါင်းတသွင်သွင်ငြိမ့်

အမိန့် သည် ဆန္ဒ ဖြစ်စေကာ

သံသယ မြူ ကင်းရှင်း စွာဖြင့် နေ့ စဉ် နေ့ တိုင်း

” ငါ “ဖျောက်ခဲ့သည်

ထို့ နောက် “ငါ”ပျောက်ခဲ့သည်

 

ကန့် သတ် ဝေဖန် ပိုင်းခြားခြင်း အလျဉ်းမဲ့သော ယုံကြည်ချက်ဖြင့်

ပုံအပ်မိလေသော ဘဝတခု၏

ပဲ့ကိုင်ရှင်သည်

စိတ် နှလုံးသားဖြစ်၍

စိတ်နှလုံးသား သည် သူပင်ဖြစ်လေတော့သည်။

(၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ – ည 2နာရီ)

In: ကဗျာ Posted By: Date: Feb 25, 2013
Comment #1

ခံစားအားပေးသွားပါသည် ……. အသဲကွဲမိုး

commentinfo By: နွေ at Feb 25, 2013
Comment #2

ရှင်ဘာလို့အဲလောက်တောင်တော်နေရတာတုန်း မမိုးရေ
အရမ်းကြီးကိုကြိုက်နှစ်သက်မိပါတယ်ရှင်

ရင်ထဲကအစစ်အမှန်တွေကို ခံစားပြီးရေးဖွဲ့တာလား?
စိတ်ကူးအိမ်မက်ကို ဖွဲ့ထားတာလား?
ဘယ်လိုပဲဖြစ်နေပါစေ
၁ခါဖတ်လိုက်တာနဲ့ လုံးဝပြည့်စုံ လွန်းမှန်းသိသာပါတယ်
စကားလုံးရွေးချယ်မှုကလည်း အမြဲတမ်း သစ်လွင်နေတာပဲနော်
ရှင့်ရဲ့အတွေးအခေါ်တွေကိုတော့ အိအရမ်းအားကျတယ်

commentinfo By: ei lay at Feb 25, 2013
Comment #3

ကောင်းတယ်ဆိုတာထက်ပို နှစ်ခြိုက်သဘောကျမိပါကြောင်း…. 🙂

commentinfo By: မာန်ခက်ဝင့် at Feb 25, 2013
Comment #4

နာမ် တခု သည် ရုပ်နှစ်မျိုးအား စေစားလျက်

သံယောဇဉ်နဖားကြိုးထိုး

အစွဲအလမ်းဟု အမည်တပ်

လက်ရှိ၌ ပျော်ပိုက်စေသည်

“ကိုယ်ပွား”

တန်ဖိုးအမြင့်ဆုံး သတ်မှတ်ချက်နှင့် ခေါင်းတသွင်သွင်ငြိမ့်

အမိန့် သည် ဆန္ဒ ဖြစ်စေကာ

သံသယ မြူ ကင်းရှင်း စွာဖြင့် နေ့ စဉ် နေ့ တိုင်း

” ငါ “ဖျောက်ခဲ့သည်

ထို့ နောက် “ငါ”ပျောက်ခဲ့သည်။

အရမ်းကောင်းပါတယ်။ အားပေးလျှက် ……

commentinfo By: yonlay at Feb 25, 2013
Comment #5

ကျွန်တော့် ကဗျာလေးကို အချိန်ပေးဖတ်ရှုသွားတဲ့ နွေ ၊ ချစ်ညီမ အိလေး ၊ ဘိုးဘိုး မာန်ခက်ဝင့်နှင့် yonlay တို့ အား များကြီးကျေးဇူးတင်ပါတယ် ခင်ညာ… ပျော်ရွှင်ချမ်းမြေ့ကြပါစေ

commentinfo By: အသဲကွဲမိုး at Feb 25, 2013
Comment #6

အစ်မတော်မိုး ရေးနည်းလေးပြောင်းထားနော်
ဒီကဗျာလေးက ရှေ့ကဗျာတွေနဲ့မတူပဲ တစ်မျိုးဆန်းကြယ်နေတယ်
ဖတ်သွားပါကြောင်း
ကဗျာသစ်တွေ ဆက်တင်အုန်းဗျ အစ်မတော်မိုးကဗျာတွေမဖတ်ရတာကြာပြီ ~~

With respect,
RAY

commentinfo By: X - ray at Feb 25, 2013
Comment #7

ဟောဒီကဗျာမျိုး အရေးအသားမျိုး ကျွန်တော်သိပ်ကြိုက်..

commentinfo By: နိုးဆက် at Feb 25, 2013
Comment #8

ဟုတ်ကဲ့ပါ ကျွန်တော့် ချစ်ခင်လေးစားရသော ကဗျာမောင်နှမများ အားလုံးကို အားပေးခြင်း အတွက် အထူးကျေးဇူးတင်ရှိပါသည်

commentinfo By: အသဲကွဲ မိုး at Feb 26, 2013
Comment #9

ဝါး……မိုက်တယ်လို့…ဟိဟိ….နည်းနည်းကြမ်းကြည့်ပါလား…..ပိုမိုက်မယ်ထင်ပါတယ်…

commentinfo By: bone lay htet lwint at Feb 26, 2013
Comment #10

အခုလို ကျေးဇူးတင်လွှာကို ပြန်လည်ဖြေကြားပေးပါသော် မအသဲကွဲမိုးအား အထူးပင်ပြန်လည်ကျေးဇူးတင်ရှိပါကြောင်း ….ပြောကြားးပါသည်။

commentinfo By: Dino at Feb 26, 2013
Comment #11

ပုရပိုဒ်လဲကောင်းတာပဲ

commentinfo By: moehtetaung18 at Mar 7, 2013
Comment #12

ကိုယ့်ကိစ္စနဲ့ကိုယ် ဂျင်ဂျင်လည်နေလို့ Poem’s corner မရောက်ဖြစ်တာ အတော်ကြာသွားတယ်။ သဲကွဲမိုး အဖွဲ့အနွဲ့တွေ ပိုပြီးကောင်းလာတာ တွေ့ရတာ အရမ်း ဝမ်းသာပါတယ်

commentinfo By: Kant Kaw Mg at Apr 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment