Professional Authors

မီးငြိမ်းတောင် ပေါက်ကွဲခြင်း

လက်ပစ် ခြေပစ်
နင် ဖန်ဆင်းတဲ့
“ အမုန်းပင်လယ် ” ကို
ငါ ကူးခတ် . . .
အခုထိ ငါ့ တောင်ပံ တွေ နာတုန်းပဲ   . . . .

ငါရေးထားတဲ့
“ နင့် အကြောင်း မာယာ ” ကို
နင် လက်ခံ လိုက်စမ်းပါ
ဒါပေမဲ့ . . .
နင် ရေးတဲ့
သတ်ပုံ အမှားနဲ့ ကျမ်းစာ
ငါ မနာယူဘူး 
ဒီ ရာဇ၀င် ပြန်ဖတ်တိုင်း
ငါ ရေဆာဆာ နေလို့   . . .

အပြုံးကို လေးတော် တင်ပြီး
ငါ့ကို မပစ်လွတ်စမ်းပါနဲ့ 
မြှားမှန်တာထက်
စကား မှန်တာက
အခုထိ ဒဏ်ရာ မကျက်နိုင်လို့ 
နင် ပြုံးတတ်တိုင်း
ငါ တစ်ဆစ်ဆစ် နာတတ်တုန်း ပဲ . . .

င့ါ ချစ်သူ . . .
နင့် အပြုံးတွေကို ဇကာတင်ပြီး
စစ် ကြည့်စမ်းပါ
မာယာ ဘယ်နှစ်မျိုး
တင်ကျန်လို့ ထွန်းမလဲလို့ 
နင် ဒရွတ်တိုက် ဆွဲဆွဲနေလို့ 
ငါ့ အသဲလဲ စုတ်ပြတ်သတ်နေပြီ
ငါ “ဒုံးဝေး” လွန်းနေတာ မဟုတ်ဘူး
ငါ ချစ်တတ်လွန်းနေတာ
ချိန်ခွင် ထက် က လျှာ
ဘက် မလိုက်တတ်ဘူးဆိုရင်
ငါ့ဘက် အလေးသာ ပေးကြည့်စမ်းပါ  . . .

အလျား နဲ့ အနံ မရှိတဲ့
အမှား နဲ့ အမှန် မှာ
အသွား အပြန် က မရှိစတန်းလေ
ငါ မှားတိုင်း မင်းလိုက်မှားမယ်ဆိုရင်
နားလည်မှုတွေက ကီးတွေ မှားနေလိမ့်မယ်
ချစ်သူတွေ မှာ
အဲဒီ ကြိုးတွေ လွတ်ရင်
အားလုံး သစ်ကိုင်းလွတ်တဲ့ “မျောက်” တွေ ဖြစ်ကုန်မှာပေါ့ . . .

မှားယွင်းစွာ ရေးတဲ့ စကားပဲ ထားပါတော့
မင်း လဲ ငါ့ကို ချစ်ခဲ့တယ်
ငါလဲ မင်းကို ချစ်ခဲ့တယ်
တု တာ နဲ့ စစ်တာ
ဘာ “ပေတံ” နဲ့ တိုင်းမလဲတဲ့လား
ငါ့အတွက်တော့ သစ္စာနဲ့ တိုင်းမယ်
စစ်တုရင် ကစားပွဲ မဟုတ်လို့ 
မင်းလဲ အကွက်တွေ လျှောက်မရွှေ့ နဲ့ 
ခုံ ပေါ်က အရှုံးက
ပြန် နိုင်အောင် တိုက်လို့ ရတယ်
အချစ်နဲ့ တိုက်တဲ့ စစ်ပွဲ မှာ
ရှုံးနိမ့်သူက အလံဖြူ မလဲစတမ်းလေ . . .

ငါ . . .
ချွေးထွက် များခဲ့လဲ
သွေးထွက်လဲ များတုန်းလေ
ကဲ . . .နယူတန်
ခင်ဗျား အယူအဆ ကျုပ် ဆန့် ကျင်ပြီ ဗျာ
ငါ့ လမ်းက ခဲ သလဲ တွေကို သန့် စင်
သမုဒယ စစ်စစ်ကို
ငါ ပေးထားခဲ့ပါ လျက် နဲ့  . . . .
. ……………………
ဒါ ဆို နင်မက်တာ ဘာလဲ         ။ ။ ။

နင်က “ငြိမ်းချမ်းရေး” ကို
မီးတက်ရှို့ မှတော့
ဒီ တရား စီရင်ရေးမှာ
ငါ ကိုယ်တိုင်
နင့်ကို ကြိုးစင်တင်မယ်             . . .
ငါ ကိုယ်တိုင် ကြိုးစင်တင်မယ်  . . .  ၊၊     ၊၊

In: ကဗျာ Posted By: Date: Jan 28, 2011
Comment #1

ကောင်းတယ်ဗျာ
စာသားတွေက ။
ဒါပေမယ့် ကျွန်တော်တော့ မိန်းကလေးတစ်ယောက်ကို
အဲဒီလောက်ကြီးမနာကျည်းဖူးသေးဘူး

commentinfo By: ရဲထွေး(UCSM) at Jan 28, 2011
Comment #2

ကြိုက်သွားတယ်……share လိုက်ပြီ

commentinfo By: အသဲကွဲမိုး at Jan 29, 2011
Comment #3

ကျေးဇူးတင်ပါတယ် . . . . ။ 🙂

commentinfo By: လမင်းဇော် at Jan 29, 2011
Comment #4

အာ..ကျွတ်စ၇ာကြီးပါလားဗျ..ကိုလမင်းဇော်၇ဲ့….(စတာပါ။)
ဖတ်သွား၇င်းနဲ့ ကြက်သိန်းများတောင် ထသွားပါကြောင်း။းးးးးး)

commentinfo By: pannei at Feb 4, 2011
Comment #5

a me lay dot,
kyauk sa yar g,
he,,he,,
love so much,feel so much,

commentinfo By: ei lay at Aug 6, 2011
Comment #6

ဒီ တရား စီရင်ရေးမှာ
ငါ ကိုယ်တိုင်
နင့်ကို ကြိုးစင်တင်မယ် . . .
ငါ ကိုယ်တိုင် ကြိုးစင်တင်မယ် . . . ၊၊ ၊၊…။

commentinfo By: SoFarAwayFromU at Aug 6, 2011
Comment #7

nin ka nyein chan yae ko me tat shoh hma dot,,
d ta yar si yin yae hmar,,,,
nin kyoe tin pay sa yar ma lo par bu.
nga kou tine kyoe sin tat pay me.
p yin nin phan sin pay de a mone pin le ko ku kat par me.

commentinfo By: ei lay at Aug 21, 2011
Comment #8

နင်က “ငြိမ်းချမ်းရေး” ကို
မီးတက်ရှို့ မှတော့
ဒီ တရား စီရင်ရေးမှာ
ငါ ကိုယ်တိုင်
နင့်ကို ကြိုးစင်တင်မယ် . . .
ငါ ကိုယ်တိုင် ကြိုးစင်တင်မယ် . . . ၊၊ ၊၊

commentinfo By: terry at Aug 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment