Professional Authors

မိုက်မဲခြင်း ငါ့စိတ်မိုက်

ချစ်စိတ်မွှန်းလို့ စိတ်အလိုလိုက်မိ
စိတ်မိုက်နဲ့ ငါ့ခရီးထွက်ရင်း
စိတ်ကြိုက်သမိုင်းတွေ ငါရေးဆွဲခဲ့တာ
စိတ်မှာဒဏ်ရာတွေရလို့ စိတ်ပျက်ပျက်နဲ့
စိတ်သုဉ်းနေတဲ့ ငါ့ကမ္ဘာထဲကို
စိတ်ကူးယဉ်အိပ်မက်ပုံတွေက လွမ်းမိုးလို့
စိတ္တဇညမှောင်ကို ကျော်ဖြတ်လို့
အိပ်မက်တွေတောင် ပျက်သုဉ်းသွားတယ်…..။ 

မိုက်ရူးရဲစိတ်မိုက်ကို ရှေ့ဆောင်ဆရာတင်လို့
တပည့်မိုက် ငါ့စိတ်မိုက်ကို
ကယ်တင်ရှင်လုပ်လို့ မေတ္တာတောင်းခံလာသူ
မင်းက ငါ့ကို စိတ္တဇထောင်ချောက်ထဲ
အကျဉ်းချလိုက်တာ ငါ အခုတော့
မဟူရာ ညအမှောင်ကို ဝိုးတဝါးနဲ့
စမ်းတဝါးဖြစ်နေခိုက် အကျဉ်းထောင်က
ကြေးမှုန်ပြင်ပေါ် ငါ့မျက်နှာအပ်လိုက်တာ
အမှန်တရားက ငါ့ကို မောင်းထုတ်ခဲ့သလိုဖြစ်ခဲ့ပြီ
အခုတော့ စိတ်မိုက်ရဲ့ ဝဋ်ကြွေးတွေပေးဆပ်နေတယ်….။

လိုချင်မှု လိုအပ်မှုတွေ မကွဲပြားသေးတဲ့
ငါ့စိတ်မိုက်ရဲ့ လေဟာပြင်မှာ
မြူမှုန်တွေသိုင်းခြုံလို့ ငါ့စိတ်မိုက်က
အမှန်တရားတွေတောင် စိန်ခေါ်မိတဲ့
လောကလူမိုက် ငါ့စိတ်မိုက်က
အဝဇ္ဇာအမှောင်မှာ ထောင်ကျခံနေရတာ
အခုတော့ စိတ်မိုက်ဟာ အမှန်တွေ မှုန်ဝါးလို့
တန်ပြန်ဒဏ်ရာတွေ အကျိုးဆက်ခံစားရင်း
တွေဝေမိန်းမောမှုတွေ ငါစိတ္တဇ လွင်ပြင်မှာ
တန်းစီလို့ ခေါင်းဆောင်တန်းစီးတယောက်က
ငါ့ကို ထုထောင်းလိုက်တာ အတိက်ပါ မေ့သွားတယ်..။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 11, 2011
Comment #1

မိုက်ရူးရဲစိတ်မိုက်ကို ရှေ့ဆောင်ဆရာတင်လို့
တပည့်မိုက် ငါ့စိတ်မိုက်ကို
ကယ်တင်ရှင်လုပ်လို့ မေတ္တာတောင်းခံလာသူ
မင်းက ငါ့ကို စိတ္တဇထောင်ချောက်ထဲ
အကျဉ်းချလိုက်တာ ငါ အခုတော့
မဟူရာ ညအမှောင်ကို ဝိုးတဝါးနဲ့
စမ်းတဝါးဖြစ်နေခိုက် အကျဉ်းထောင်က
ကြေးမှုန်ပြင်ပေါ် ငါ့မျက်နှာအပ်လိုက်တာ
အမှန်တရားက ငါ့ကို မောင်းထုတ်ခဲ့သလိုဖြစ်ခဲ့ပြီ
အခုတော့ စိတ်မိုက်ရဲ့ ဝဋ်ကြွေးတွေပေးဆပ်နေတယ်….။

Comment #2

ငါ့ကို ထုထောင်းလိုက်တာ အတိက်ပါ မေ့သွားတယ်..။

commentinfo By: ဒေါ်ရွှေအ at Oct 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment