Professional Authors

ဘင်လာဒင်နှင့်အတူတောခိုနေသော

ကလေးဆန်တယ်လို့ပဲပြောပြော
 ပေးပြီးရင်တော့ပြန်ရချင်တယ်…
အလျား ၊အနံ မရှိတဲ့ သင်း က အသွားအပြန်လည်း မရှိဘူးတဲ့လေ…
 မိုးကြိုးကိုကြောက်လို့ထန်းလက်နဲ့ကာတယ်
အခုထိ ငါ့ရင်ဘတ်က မိုးခေါင်လို့ကောင်းတုန်း…
ဆေးစက်ကျရာအရုပ်တွေထင်တယ်
ငါ့ပန်းချီကားကတော့ အခုထိ အဖြူစက်လက်နဲ့ နာမည်ပျက်လို့ကောင်းတုန်း…
 ကြယ်တွေကြွေတိုင်းဆုတောင်း
ဘုရားသခင်က အခုထိ မျက်နှာလွှဲလို့ခဲပစ်ကောင်းတုန်း…
သစ်သီးကြွေသံကြားလို့ယုန်ငယ်လေးထွက်ပြေးတယ်
 ကမ္ဘာမပြိုခင်အထိ ငါ့မြှားတွေ ချော်လို့ကောင်းတုန်း…။ ။

In: ကဗျာ Posted By: Date: Aug 5, 2012
Comment #1

wowwwwww
a yann mike de.
both title & poem.

commentinfo By: ei lay at Aug 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment