Professional Authors

မုသားမဲ့ချစ်ခြင်း

အလွမ်းနာချက်က သူပုန်တယောက်လို
သောင်းကျန်းနေတာ ကမ္ဘာလည်းတုန်လို့
မောဟိုက်နေပြီ ညီမရေ..

ဆွေးချက်နာက ဆေးချက်စာလို
အမည်မသိ ဆေးရှိနေလို့
သက်သာသေးတယ် ညီမရေ..

ချစ်စိတ်နာက မုန်တိုင်းထန်သလို
မာန်ရှိန်ဒေါသ ထစ်ချုန်းကျလို့
ဖြေသာသေးတယ် ညီမရေ…

ဘ၀နာက ပြယုဂ်မရှိ
အလွမ်းအတိ ကျွမ်းမိနေလို့
ငိုခဲ့မိတယ် ညီမရေ….

အရာအားလုံး အချိုးအကွေ့
မိုးနေအောင် မုသားကမ္ဘာပတ်
စာကျက်နေသလား ညီမရေ…

ငါ့ရဲ့ရင်ခွင် ငါ့နှလုံးသားမှာပင်
ညီမအတွက် ကမ္ဘာပျက်လို့
မုသားစာမကျက်ခဲ့မိဘူး….

ကဗျာအတွက် စာကျက်လို့သာ
ငါ့ရင်ဘက်ထဲ ငါ့နှလုံးသားကျမ်းစာကို
နှုတ်ငုံရွတ်လို့ ချစ်ခဲ့မိတယ် ညီမရယ်..

In: ကဗျာ Posted By: Date: Sep 17, 2011
Comment #1

ကောင်းပါတယ်။အစ်ကိုကဗျာလေးကမဆိုးဘူးနော်။
ချစ်စိတ်နာက မုန်တိုင်းထန်သလို
မာန်ရှိန်ဒေါသ ထစ်ချုန်းကျလို့
ဖြေသာသေးတယ် ညီမရေ…

အားပေးသွားပါတယ်။

commentinfo By: မိုးကြိုး at Sep 17, 2011
Comment #2

တော်တော်လေး ပြင်းထန်တဲ့ခံစားချက်တွေကိုရေးဖွဲ့ထားတာ
ကြောက်မခန်းလိလိပါပဲ
အားပေးသွားပါတယ် ကိုမြတ်မင်းရေ…

commentinfo By: yaewintaung at Sep 17, 2011
Comment #3

အလွမ်းနာချက်က သူပုန်တယောက်လို
သောင်းကျန်းနေတာ ကမ္ဘာလည်းတုန်လို့
မောဟိုက်နေပြီ ညီမရေ..

ဆွေးချက်နာက ဆေးချက်စာလို
အမည်မသိ ဆေးရှိနေလို့
သက်သာသေးတယ် ညီမရေ..

commentinfo By: Han paing oo at Sep 17, 2011
Comment #4

ဘ၀နာက ပြယုဂ်မရှိ
အလွမ်းအတိ ကျွမ်းမိနေလို့
ငိုခဲ့မိတယ်
ကောင်းတယ်ဗျာ….

commentinfo By: ကြယ်စစ်သည် at Sep 17, 2011
Comment #5

ကဗျာအတွက် စာကျက်လို့သာ
ငါ့ရင်ဘက်ထဲ ငါ့နှလုံးသားကျမ်းစာကို
နှုတ်ငုံရွတ်လို့ ချစ်ခဲ့မိတယ် ညီမရယ်..

ယုံအောင်ပြောပါ

commentinfo By: Daw Shwe A at Oct 5, 2011
Comment #6

ဘယ်ညီမကို ရည်ရွယ်ရေးထားတာလဲဟင်

commentinfo By: Daw Shwe A at Oct 5, 2011
Comment #7

ဒါမှမဟုတ် စိတ်ကူးသက်သက်လား

commentinfo By: Daw Shwe A at Oct 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment