ရင်ဘတ်အကျိုးနဲ့  ရေးတဲ့စာ (မိုးထက်အောင်)
ရင်ဘတ်အကျိုးနဲ့  ရေးတဲ့စာ
(၀း၀၅ )
ဘယ်တစ်ဖက် ညာတစ်ဖက်နဲ့ 
(ဘ၀က…….)
ကပ်သီးကပ်သပ်နိုင်တယ်
(၀း၁၀)
(ညက……)
ဆယ်နှစ်နာရီတည့်တည့်
ဓူဝံကြယ်နဲ့  မတ်တပ်ရပ်ပြီးစကားပြောမယ်
(၀း၁၅)
ကောင်းကင်ကြီးရေ……
…………………………
ခင်ဗျားရင်ဘတ်တည့်တည့်မှာ
ကျွန်တော့်အိပ်မက်တွေ တန်းလန်းလေးစိုက်ဝင်နေလေရဲ့
(၀း၂၀)
(လာ……)
ဧ၀ မသိလိုက်တဲ့ အာဒံ ရဲ့ရင်ဘတ်ကိုပြမယ်
အရှင်လတ်လတ် စင်းစင်းသေသွားခဲ့ရတာ
(၀း၂၅)
ထ.. ထိုင် ..ရပ် ..သွား
(တစ်နေရာမလပ်…..)
ခင်ဗျားအတွက်ကျုပ်ရှိမယ်……
…………………………………………
(၀း၃၀)
ရင်ဘတ်အကျိုးနဲ့ ထုခဲ့တဲ့အရုပ်က ဘီလူး
(ကြည့်…….)
ဟိုမှာ လမင်းခူးနေတယ်…..
………………………………………….
(၀း၀၀)
(မှတ်တော့ထားပါဗျာ……)
ထ..ထိုင်..ရပ်..သွား
(တစ်နေရာမလပ်…….)
ခင်ဗျားအတွက် ကျုပ်ရှိမှာတော့သေချာပါတယ်ဗျာ…..။
မိုးထက်အောင်
Comment #3
goodတယ်ဗျ
အားပေးသွားပါတယ်။
By: poem.poem28 at Aug 26, 2011
Comment #6
ရင်ဘတ်အကျိုးနဲ့ ထုခဲ့တဲ့အရုပ်က ဘီလူး
(ကြည့်…….)
ဟိုမှာ လမင်းခူးနေတယ်…..
By: May Kha at Aug 26, 2011
Comment #7
သူငယ်ချင်းအားလုံး…..
ကျေးဇူးတင်ပါတယ်ဗျာ။
By: moehtetaung18 at Aug 26, 2011
Comment #8
(မှတ်တော့ထားပါဗျာ……)
ထ..ထိုင်..ရပ်..သွား
(တစ်နေရာမလပ်…….)
ခင်ဗျားအတွက် ကျုပ်ရှိမှာတော့သေချာပါတယ်ဗျာ…..။
By: နွေ at Jun 19, 2014




Comment #1
တော်..လိုက်..တာ…ဗျာ..
အားပေးသွားပါတယ်