Professional Authors

အမည်မသိခြင်းများခေါ်ဆောင်ရာ ….!

ရင်ဖိုခြင်းနှင့်အတူ
နှလုံးသားရဲ့ ၁ ဒေါင့် ၁ နေရာမှာ
နွေးထွေးခြင်းလေး
အမည် မသိခြင်းနှင့်အတူ
နေရာယူသွားခဲ့တယ် ……။

ကြည်နူးခြင်းတွေ
စွတ်ပျံ့
ငါ့ ခန္ဓာအနှံ့
အမည် မသိခြင်းနှင့်အတူ
ရင်ခုန် တတ်လာတယ် ……။

သတိရခြင်းတွေ
ပျံ့ထွက်
စိတ် ၀ဥာဉ်ကို
ခေါ်ဆောင်သွားတာ
သူ ရှိရာ အရပ်ဆီသို့
အမည် မသိခြင်းနှင့်အတူ
လွမ်းမော တတ်လာတယ် ……။

ကြေကွဲမှုတွေ
ယိုစီး
အသွေးအသားထိကို
သူ့ကြောင့် ရရှိ စိတ်ဒဏ်ရာတွေ
ကျမရင်တွင်း
နှလုံးသားဆီသို့
ရင်နာခြင်းနှင့်အတူ
ဝမ်းနည်းခဲ့ရတယ် ……..။

အမည်မသိခြင်းများစွာနဲ့ ကျမ
အဖြေမထုတ် .. မေ့ပစ်ဖို့ မေ့နေလိုက်တာ …..
မချစ်သင့်သူကိုမှ ချစ်မိသူ ကျမအဖို့
တခါတလေ သူ့ဘက်က လစ်လျူရှု့တာ မဟုတ်ခဲ့ပါဘူး …..
ကျမ ဘက်က အလိုက်သိတတ်လွန်းသွားတာပါ ………………..။

(၃ဝ-၄-၂ဝ၁၂)

In: ကဗျာ Posted By: Date: Apr 30, 2012
Comment #1

ကျတော်ကို ကူးယူခွင့်ပြုပါခင်ဗျာ….အမှန်အတိုင်းပြောရရင် တစ်ကယ်ကို တိုက်ဆိုင်လွန်ူးလို့ပါ…နေ့ဆွဲကော ဆိုပါတော့…ကျေးဇူး အရမ်းတင်မိတယ်ဗျာ…ကျတော့ Blogလေးမှာ တင်ချင်လွန်းလို့ပါ…

commentinfo By: Ko Phyo at Apr 30, 2012
Comment #2

အင်း .. ရပါတယ်။ credit လေးတော့ ခံပေးပါရှင့်။ 🙂

commentinfo By: pannei at Apr 30, 2012
Comment #3

so much perfect,

commentinfo By: ei lay at Apr 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment