ခင်ဗျားတို့ မသိသေးတဲ့  ကျွန်တော် (မိုးထက်အောင်)
ခင်ဗျားတို့ မသိသေးတဲ့  ကျွန်တော်
အံဝင်ဂွင်ကျ လွမ်းပြတတ်တာတော့ခွင့်လွှတ်ပါ
အထားအသိုနဲ့  သတ်ပုံမှားတတ်တာလည်း အစဉ်အလာပါ
အရောင်မရှိ အနံ့ မရှိ ဒြပ်လည်းမရှိခဲ့ပါဘူး
အဖြစ်ချင်ဆုံးဆန္ဒကတော့ ဘာမှမဖြစ်ချင်တာတစ်ခုတည်းပါ
လိုက်လျောညီထွေနဲ့ ဆန့် ကျင်ဘက်အရပ်မှာ ကျွန်တော့်ရွာလေးရှိတယ်
ခင်ဗျားတို့ ကမ္ဘာကိုတော့ ခပ်ပြပြလေးမြင်ရမယ်
(လာချင်မှလာပါ………)
ပျူပျူငှာငှာဖိတ်မခေါ်တတ်တာတော့ ဓလေ့ တစ်ခုဖြစ်နေလို့ ပါ
ပြောင်းပြန်အတွေးနဲ့ မြေကြီးကိုငေးကြည့်ကြမယ်
တိမ်တွေရဲ့အရိပ်ဟာလည်း တိမ်တွေပဲဖြစ်တယ်
(သဘောတူရင် မဲ့ပြပါ…….)
ကဗျာမဆန်တဲ့ ကဗျာတစ်ပုဒ်ကို တောက်ခတ်သံတွေနဲ့ ကောင်းချီးပေးပါ
သီအိုရီတွေပြင်ပ အမှိုက်တစ်စ
ဟိုးးးးးးးပြဿာဒ်ထက်က ဖြစ်ချင်ဖြစ်မယ်
ဖြစ်ချင်မှလည်း ဖြစ်လိမ့် မယ်
ဖြစ်ဖြစ် မဖြစ်ဖြစ် ကျွန်တော်ကျေနပ်တယ်
အုတ်ခုံပေါ်ထိုင်ဆွေးတဲ့  ညတေးရဲ့ပိုင်ရှင်လည်းဆွံ့ အ
သန်းခေါင်ယံတေးသွားမှာ ပန်းပွင့်တွေငေးမောနေကြတယ်
အရိုင်းကောင်ဆီမှာ မြစ်ဖျားခံခဲ့တဲ့ဂီတ
(ခင်ဗျာတို့ ………)
မကြားချင်ပါနဲ့ တော့………
……………………………………………………………….
ဖြစ်တည်မှုရဲ့နိဂုံးမှာ ပြို ကျ ပျက်သုဉ်း
လက်တစ်ဖျစ်စာ ဟောဒီ့ဘ၀တိုတိုလေးမှာ
(ကျွန်တော်ဆိုတာ………)
မဖြစ်စလောက် အမှုန်ခပ်သေးသေးလေးရယ်ပါ မကဗျာ……….။ ။
မိုးထက်အောင်
Comment #2
စာသားတွေအတုယူလျက်ပါ ကိုမိုးထက်
By: နိုးဆက် at Dec 24, 2013
Comment #3
(ကျွန်တော်ဆိုတာ………)
မဖြစ်စလောက် အမှုန်ခပ်သေးသေးလေးရယ်ပါ မကဗျာ……….။
………………………………………..
တကယ် မဖြစ်စလောက်အမှုန်ခပ်သေးသေးလေးပါ
By: နွေ at Dec 26, 2013
Comment #5
အားလုံးကျေးဇူးတင်တယ်ဗျာ……:)
By: moehtetaung18 at Dec 28, 2013
Comment #7
(အဖြစ်ချင်ဆုံးဆန္ဒကတော့ ဘာမှမဖြစ်ချင်တာတစ်ခုတည်းပါ)
(ပျူပျူငှာငှာဖိတ်မခေါ်တတ်တာတော့ ဓလေ့ တစ်ခုဖြစ်နေလို့ ပါ)
ွှအရမ်းကြိုက်မိပါတယ်။
By: ကြက်ခြေခတ်X at Mar 7, 2014




Comment #1
အမှုန်သေးသေးလေးမို့ ပဲ …. အကြီးကြီးဆိုမလွယ်ဘူး…
ကိုယ့်ဆြာ အားပေးနေဆဲ … နှစ်သက်ဆဲအရေးအသားတွေကို