Professional Authors

မေမေ့တွက်

အိပ်လို့မပျော် ညသန်းခေါင်ကျော်

တွေးများရှက်ရော ဘဝအမော

ဆယ်ကျော်အသက် ကျွန်တော့်အတွက်

ဖိစီးစိတ်အား သိမ်ငယ်လို့သွား

အားတင်းကာထား မေမေ့တွက်သား။

 

တစ်နယ်ရပ်ခြား ပညာသင်သွား

ခက်ခဲတွေများ ကျွန်တော့်အပါး

ဘဝတွေ့ကြုံ သတ်မှတ်ယူယုံ

ဘယ်လိုပင်ခက် မူဟန်မပျက်

ကြိုးစားသင်မှာ မေမေ့တွက်ပါ။

 

ကျောင်းပြီးဘွဲ့ရ ဖြစ်ခဲ့ပါလျှင်

မရှာကြင်ယာ တကယ်ပါဗျာ

တက်အားသ၍ ငွေရှာမယ်ဟေ့

ခြစ်ကုပ်စုကပ် မိသားစုတွက်

ယုံပါဗျာနော် မေမေ့တွက်နော်

ပူဆာတာတော့ ဝယ်ပေးပါနော် . . . ။

In: ကဗျာ Posted By: Date: Jan 26, 2011
Comment #1

အားပေးသွားတယ်..အားတင်းထားပါရှင်… 🙂

commentinfo By: ရွှေငါး at Jan 26, 2011
Comment #2

အို…ကဗျာလေးကချစ်စရာလေး

commentinfo By: ဇလပ်ဖြူ at Jan 26, 2011
Comment #3

ဇလပ်ဖြူပြောသွားသလို ပါပဲ …
nanpyisoke ရေ ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment