Professional Authors

ကစားစရာ ထင်ပါသလား – မောင်စိန်ဝင် (ပုတီးကုန်း)

ခဏကလေးဆိုပြီး
ခရီးဝေးထွက်သွားသူ…

အဖော်ဆိုပြီး
ထီးတည်းထားခဲ့သူ…

ပျားရည်တစ်စက်နှင့်
ဝမ်းပျက်စေခဲ့သူ…

တကယ့်တကယ် တွယ်တာသနား
လားလား မဟုတ် ထိလှုပ်နှိုးခတ်
လမ်းကြုံဖြတ်ရုံ
မုတ်သံမဝင် မုန်တိုင်းဆင်ဆဲ
ဖွဲဖွဲစွေရွာ ရာသီဆိုးထဲက
ယာယီမိုးကလေးတစ်ခုပါပဲ…

မောင်စိန်ဝင် (ပုတီးကုန်း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment