Professional Authors

အစိမ်းချုပ် (မိုးထက်အောင်)

ဒါကစားပွဲတစ်ခုဆိုလည်း
ကိုယ့်ကိုယ်ကို အနီကဒ်ပြ
ကျွန်တော်နှုတ်ထွက်သွားခဲ့ပါတယ်
ရေးမိတဲ့စာလည်းပြန်ဖျက်
ခုန်မိတဲ့ ရင်လည်းရပ်တန့် 
ကိုယ့်ကိုယ်ကို ထိန်းချုပ်ရင်း
ကိုယ့်အသည်းကိုယ် အစိမ်းချုပ်ချုပ်ခဲ့ပါတယ်
မနာဘူး……မကျင်ဘူး
နာကျတယ်လို့ လည်းမပြောဘူး
ိစိတ်မကွက်ခဲ့ပါဘူး
စိတ်ပျက်ခဲ့မိတာပါ
ဒွိဟတွေနဲ့ နယ်လွန်သံသယတွေကြားမှာ
ကျွန်တော်တို့ ရင်ခုန်သွားကြတယ်ဆိုတာလည်း
ငလျင်လှုပ်သွားလို့ ဖြစ်မှာပါ
(ဘာမှထပ်တွေးမနေပါနဲ့ တော့)
အချိန်ကုန် လူပမ်း
နင် လန်းလန်းဆန်းဆန်းလေးပဲနေပါ
ဖြည့်တွေးပြီးအဖြေပေးပါတယ်
ငါမချစ်ခဲ့ဖူးပဲထားပါ
နင့်မာနတွေရိုက်ခွဲခဲ့တယ်လို့ ပဲထားပါ
အချစ်နဲ့ ကစားတတ်တဲ့သူလို့ ပဲထားပါ
တစ်ဖက်သက်ကောက်ချက်နဲ့ မတရားပြောတတ်တဲ့သူလို့ ပဲထားပါ
အချစ်ထက်ထမင်းတစ်နပ်ကိုပိုမက်ခဲ့တဲ့သူလို့ ပဲထားပါ
(နင်ဘာပြောစရာကျန်သေးလဲ…..)
နင် နင့်နင့်နာနာပြောမှာတွေအကုန်လုံး
င့ါလိုကောင်အတွက်ပဲ ထားပါ……
ထား ပါ………
       ထား ပါ……….
    ထား လိုက်   ပါ……………………..
စကားလုံးတွေပြောရင်းထပ်လိုနေရင်လဲ
ငါဝိုင်းကူညီရှာပေးပါဦးမယ်
လိုအပ်ရင်ပြောပါ
(အားမနာတမ်းသာပြောပါ)
မဆုံချင်တဲ့နောက်မှတော့ မတွေ့ ဖြစ်တော့တာပဲကောင်းပါတယ်
သံသရာအတွက်လည်း
နင်ပေးတဲ့ဆုတွေပဲ ပြည့်ပြည့်၀၀ယူသွားပါတယ်
ဒဏ်ရာဆိုတာလည်းမသိပါဘူး
ဝေဒနာဆိုတာလည်း မရှိပါဘူး
အချစ်ထက်ငွေကိုပိုမက်ခဲ့တဲ့ကောင်ပါ
နင်ရှိရက်နဲ့ နောက်တစ်ယောက်ကိုရှာချင်ခဲ့တဲ့ကောင်ပါ
နင်တွေးတာမှန်ပါတယ်
နင်ပြောတာကောင်းပါတယ်
(ကဲ…..ကျေနပ်ပါ……)
နှုတ်မဆက်တော့ပါဘူး
လက်လည်းမပြခဲ့ပါဘူး
ကျောခိုင်းလှည့်ထွက် ငါပြေးထွက်ခဲ့ပါပြီ
ဆုံနိုင်မယ့်လမ်းတွေလည်းအကုန်ဖြတ်တောက်ခဲ့ပါတယ်
အမှတ်မထင်လမ်းမှာတွေ့ ခဲ့ရင်လည်း
ခေါင်းငုံ့ မျက်နှာလွှဲ မတွေ့ သလိုပဲနေပေးပါ့မယ်
နင့်မြင်ကွင်းထဲမ၀င်ရအောင်
တစ်ခြောင်ခြောင်ကပ်ပြိး ငြိမ်ငြိမ်လေးရပ်နေပေးပါ့မယ်
ဒါကစားပွဲတစ်ခုဆိုလည်း
ကိုယ့်ကိုယ်ကို အနီကဒ်ပြ
ကျွန်တော်နှုတ်ထွက်သွားခဲ့ပါတယ်
ရေးမိတဲ့စာလည်းပြန်ဖျက်
ခုန်မိတဲ့ရင်လည်းရပ်တန့် 
ကိုယ့်ကိုယ်ကို ထိန်းချုပ်ရင်း
ကိုယ့်အသည်းကိုယ် အစိမ်းချုပ်ချုပ်ခဲ့ပါတယ်ဗျာ……….။                           ။

                                                                       မိုးထက်အောင်

In: ကဗျာ Posted By: Date: Jan 26, 2011
Comment #1

………………………………………………..

commentinfo By: အသဲကွဲမိုး at Jan 26, 2011
Comment #2

…………………..
အတွက် ကျေးဇူးအရမ်းတင်ပါတယ်…….

commentinfo By: moehtetaung18 at Jan 26, 2011
Comment #3

(နင်ဘာပြောစရာကျန်သေးလဲ…..)
နင် နင့်နင့်နာနာပြောမှာတွေအကုန်လုံး
င့ါလိုကောင်အတွက်ပဲ ထားပါ……
ထား ပါ………
ထား ပါ……….
ထား လိုက် ပါ……………………..
စကားလုံးတွေပြောရင်းထပ်လိုနေရင်လဲ
ငါဝိုင်းကူညီရှာပေးပါဦးမယ်
လိုအပ်ရင်ပြောပါ
(အားမနာတမ်းသာပြောပါ)

commentinfo By: ရွှေငါး at Jan 26, 2011
Comment #4

……………………………………………………………
……………………………………………………….

commentinfo By: အသဲကွဲမိုး at Jan 26, 2011
Comment #5

အိုး……………………………
………………ဟုတ်…………………….
……………………………………………
………

Comment #6

…………………………………….သွားပါတယ်ဗျာ
…………………………………………လို့…………….

commentinfo By: ကြက်ခြေခတ် X at Jan 26, 2011
Comment #7

ညီလေး……………………….
……………………………………
ဘာပြော၇မှန်းကိုမသိ
ရင်ကိုထိတယ်
………………
ခံစားချက်အစစ်
ရင်တွင်းဖြစ်မို့ ထင်ပါတယ်……

……………………………………

commentinfo By: moezat at Jan 26, 2011
Comment #8

…………………………………..
……………………………………..
……………………………………………..

commentinfo By: အသဲကွဲမိုး at Jan 26, 2011
Comment #9

ဘာမှပြောစရာမရှိပါဘူးဗျာ

commentinfo By: moehtetuang18 at Jan 26, 2011
Comment #10

ကြိုက် လို့ ရှယ် သွား ပြီ …

commentinfo By: ayechanphyu at Apr 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment