Professional Authors

သို့ …….. မေမေ (မိုးထက်အောင်)

သို့ …….. မေမေ

 

အိမ်မက်တွေလွယ်ပိုးရင်း

မေမေ့သားရဲ့ကျောင်းမုန့် ဖိုးလေး

ကဗျာစာအုပ်လေးတွေဖြစ်ခဲ့တယ်

 

ကျောင်းနောက်က မြရာပင်အောက်

မေမေချစ်တဲ့သားမိုက်

ကဗျာတွေပဲ တစိုက်မတ်မတ်ဖတ်နေဖြစ်ခဲ့တယ်

ကျွန်တော် မလိမ္မာခဲ့ပါဘူး မေမေ

 

(မှင်နီတွေအထပ်ထပ်….)

မေမေ့ဆူပူမှုအောက်က ရီပို့ ကဒ်လေးကိုလွမ်းတယ်

မြန်မာစာဆရာရဲ့ လက်ရေးဝိုင်းဝိုင်းတွေကြား

ကျွန်တော့်အားကျမှုတွေ ပင်လုံးကျွတ်ဝေခဲ့

(မေမေ မျှော်လင့်တဲ့သား)

ကဗျာထဲမှာပဲ ဆရာဝန်ဖြစ်သွားခဲ့တယ်

 

ဒီလမ်းကိုမှ သိပ်နှစ်သက်ခဲ့တဲ့ကောင်

(လှိုင်းကြား လေကြားမှာ)

ကောင်းကောင်းကြီး ထုသားပေသားကျခဲ့

(ဘ၀ကထန်တယ်….)

ကျွန်တော် ဆန်ကြမ်းကိုပဲမက်တယ်မေမေ

 

ဟိုးးးး……..အဝေးကအိမ်အို

ကျွန်တော့်ကိုလွမ်းလို့  ငိုနေမလား

(ငေးရင်း တွေးရင်း)

မေမေ့ သားမိုက်

အိမ်ပြန်ချိန် မသိခဲ့မိလိုက်ဘူး

 

မေမေ့ရဲ့ သားလေး

ဒီလမ်းမှာ မွေ့ လျော်

နေပျော်ခဲ့တာ တော်တော်ကြာပြီ

(ဒီကဗျာအဆုံးမှာ…….)

မေမေ အပြုံးနဲ့ ခွင့်လွှတ်နိုင်ပါစေ

 

အိမ်မက်တွေလွယ်ပိုးရင်း

မေမေ့သားရဲ့ကျောင်းမုန့် ဖိုးလေး

ကဗျာစာအုပ်လေးတွေဖြစ်သွားခဲ့ပါတယ်

 

ကျွန်တော် မလိမ္မာခဲ့ပါဘူး မေမေ

 

မြန်မာစာဆရာရဲ့ လက်ရေးဝိုင်းဝိုင်းတွေကြား

ကျွန်တော့်အားကျမှုတွေ ပင်လုံးကျွတ်ဝေခဲ့

 

(ဘ၀ကထန်တယ်….)

ကျွန်တော် ဆန်ကြမ်းကိုပဲမက်တယ်မေမေ

 

ဟိုးးးး……..အဝေးကအိမ်အို

ကျွန်တော့်ကိုလွမ်းလို့  ငိုနေမလား

 

(ဒီကဗျာအဆုံးမှာ…….)

မေမေ အပြုံးနဲ့ ခွင့်လွှတ်နိုင်ပါစေ

 

ကျွန်တော့် မေမေ……

……………………………….

ခွင့်လွှတ်နိုင်ပါစေ………

…………………………………………။

 

 

                                                 မိုးထက်အောင်

In: ကဗျာ Posted By: Date: May 11, 2011
Comment #1

🙂

commentinfo By: pannei at May 12, 2011
Comment #2

ကိုမိုးထက်အောင်ရေ အစ်ကိုက ဆေးကျောင်းသားလားဗျ ဘယ်ဆေးတက္ကသိုလ်ကလည်း သိချင်တယ်ဗျာ [email protected] ကို ဆက်သွယ်ပေးပါ ကျေးဇူးတင်ပါတယ်

commentinfo By: မိုးသစ်လေပြေ at Jul 28, 2011
Comment #3

မိုးသစ်လေပြေရေ…..
ကျွန်တော်မိုးထက်အောင်က ဆေးကျောင်းသားမဟုတ်ပါဘူးဗျာ
ဆိုက်ကားသမားပါ…..
အားပေးတာကျေးဇူးတင်ပါတယ်……။

commentinfo By: moehtetaung18 at Jul 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment