Professional Authors

အစိမ်းချုပ် ( လင်းတန်ဆောင်)

—– အစိမ်းချုပ်—-

 
ထားပါတော့လေ..
ငါကပဲ စနေဂြိုလ်မှာ နက္ခတ်စီးနေတဲ့ 
အပူမီး(နင့်ကို) စွဲလမ်းမိတာပဲ..

ငါရင်ခွင်တစ်ခုလုံး..
နင့်ကြောင့် ပူလောင်နေတာ
မဆန်းတော့ပါဘူး..

တယုတယ နင်ပေးဖူးတဲ့ 
အကြင်နာစကားတွေက ဓားသွားထက်
ပျားရည်စက်သာသာ
ငါအတွက် သားချော့တေးတွေလား

ဟုတ်ပါပြီ..
နင် ပျော်ဖို့ အတွက်
ငါ ဒီနေရာတင် စတေးလိုက်ပါမယ်

နောက်တစ်နေ့ မှာ
ထွက်သက် မမြဲတော့မဲ့ 
ငါ့ကို နင် ကရုဏာ မသက်ပါနဲ့ 

ငါမလိုတော့မဲ့  နေ့ ရက်တွေကိုသာ..
နင် ပျော်ပျော်ကြီး ဖြတ်သန်းသွားပါ
စိတ်ချ..ငါအသေဖြောင့်ခဲ့ မှာပါ။ ။

လင်းတန်ဆောင်
(facebook.com/lynntazaung)
 

In: ကဗျာ Posted By: Date: May 4, 2012
Comment #1

mike de kwa,
a yan pyat tar dar pe naw.
huhhhhhhhhhh ;(
ei lay ne myar kwar pa daw,

commentinfo By: ei lay at May 4, 2012
Comment #2

!_!
!_!
i need u

commentinfo By: ei lay at Oct 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment