သေးဆုံးသွားသော ကြယ်တစ်ပွင့်(သို.)လူတော်တစ်ယောက်(သို.)မိုးထက်အောင်
အကို….ဆရာ….မိတ်ဆွေ….
အကို…….အကိုသေးဆုံးသွားပြီးဆိုတဲ့ အသုံကြားတဲ့အခါမှာ ကျန်တော် တော်တော်အံသြခဲ့တယ်အကို
မယုံလို. ကျန်တော် စုံစမ်းတော့မှာ ဟုတ်နေတာပေါ့
အကို ကျန်တော့် ကို ကဗျာ လောကထဲ သွင်းပြီး အကိုက နှုတ်မဆက်ဘဲ ထွက်ခွာသွားပြီလားဗျာ
မယုံဘူးအကို ………ကျန်တော် မယုံဘူး……..ကျန်တော် ရင်ထဲမှာ အကိုရှိနေသေးတယ်
ဒီဆိုဒ် ထဲမှာလဲ အကိုရှိနေသေးတယ် ဗျာ…………
အကိုရာ ……….ဆင်းရဲတဲ့ ဘုန်းကြီးကျောင်းလေး (မှော်ဘီ) မှာ ကထိန်ပွဲကို ရပ်ကွက်နဲ. ရန်ဖြစ်ပြီး ဖြစ်အောင်လုပ်သွားတယ်နော် ငါ့ ဆရာအကို ……သာဓု သာဓု သာဓု … ခေါ်ရပေမဲ့ ရင်ထဲမှာမကောင်းဘူးအကို….
မိုးထက်အောင်နဲ.သူငယ်ချင်းများခင်ဗျာ……..ကျန်တော့် ရဲ.ဆရာအစ်ကို မိုးထက်အောင်ဟာ ကားတိုက်ပြီး လွန်ခဲ့တဲ့ နှစ်လလောက်က ဆုံးသွားပါတယ် ခင်ဗျာ…သူကဗျာတွေ ဟာ တော့ ကောင်းစဲပါ……..ဟောင်းပေမဲ့ ကောင်းစဲပါခင်ဗျာ………………………………
Comment #2
လူတော်တစ်ယောက်အတွက်မျက်ရည်မကျဘူး မျက်ရည်ကျဖို့လုံးဝမလိုဘူး လူသေသွားပေမယ့် သူရဲ့ကလောင်စွမ်းတွေက အမြဲရှင်သန်နေမှာ သူ့ကဗျာတွေက အမြဲအသက်ဝင်နေမှာ သူ့အရေးအသားတွေက အမြဲလှပနေမှာ
အေးချမ်းတဲ့ကောင်းကင်တစ်ခုမှာ ကခုန်ခဲ့ဖူးတဲ့ ကြယ်တစ်စင်း အကြွေစောကို နှမြောမိတယ်ဗျာ
သွားလေသူ ကဗျာချစ်သူတစ်ယောက် ကောင်းရာသုဂတိလားပါစေ ။
By: X - ray at Jan 18, 2012
Comment #4
အာ
ဟုတ်လို့လား……နောက်ဆုံးကဗျာမှာတောင်မရေးတာကြာလို့ ရေးနော်လို့ပြောခဲ့သေူးတယ်.
မနောက်ပါနဲ့……………… မဖြစ်နိုင်ဘူးနော်….လုံးဝမယုံဘူး………
By: May Kha at Jan 18, 2012
Comment #5
မမိုးရေ…
တကယ်ပြောတာလား
သူ့ ကဗျာလေးတွေ နှစ်သက်လို့ book mark မနေ့ ကမှ လုပ်လိုက်တာ..
မယုံချင်ဘူး သေပီဆိုတဲ့ သတင်းမှားပါစေ
By: NC at Jan 18, 2012
Comment #6
ကျွန်တော်တို့ရဲ့ အနုပညာ ကြယ်တစ်ပွင့် ကြွေလွင့်ခဲ့တယ်ဆိုတာက အမှန်တကယ် ဝမ်းနည်းစရာကောင်းပါတယ်…၊
အားလုံးလည်း သိကြမှာပေါ့ဗျာ….၊ ကို မိုးထက်အောင် ကဗျာတွေ ဘယ်လောက်ကောင်းလဲဆိုတာ…။
အခုလို သတင်းဆိုးကို ဘယ်လိုရည်ရွယ်ချက်နဲ့များထုပ်လွင့်လိုက်ပါသလဲ…..?။
သက်သေဆိုတာ အတိအကျ မပြနိုင်သေးသရွေ့တော့ ဘယ်သူမှ မယုံကြည်နိုင်စရာပါ…။
အားလုံး ပြောသလို ကျွန်တော်လဲ မယုံတာ အမှန်ပဲ ကို nyanlinnhtet ရေ….။
By: ဇော်သက်ဦး(Ayatekalay) at Jan 18, 2012
Comment #7
အစ်မတော် အသဲကွဲမိုးပြောတာတကယ်လားဗျာ
အစ်မပြောသလို အစ်ကိုမိုးထက်အောင် တကယ်မသေဘူးဆိုရင် ဝမ်းသာစရာဘဲဗျ
ကိုဥာဏ်လင်းထက်လည်း သေချာစုံစမ်းလိုက်ဦးပေါ့ဗျာ
အားလုံးကိုအရူးလုပ်တာတော့မကောင်းပါဘူး ။
By: X - ray at Jan 18, 2012
Comment #8
သူငယ်ချင်းအားလုံးကျေးဇူးပါဗျာ……
သတင်းကတော့တကယ်ပျံ့ နှံ့ သွားပါတယ်၊ တကယ်လည်းဖြစ်ခဲ့တာကိုး။ဒါပေမယ့်ကျွန်တော်မသေသေးပါဘူးဗျာ။ဆေးကုသမှုခံနေပါတယ်။မောင်ဥာဏ် ညီလေးရေ……နောက်နှစ်ကထိန်အတွက် အစ်ကိုဆက်ရှိနေဦးမှာပါ။ကျန်းမာရေးကောင်းတဲ့နေ့ ပြန်တွေ့ ကြဦးမှာပေါ့။စိတ်မပူနဲ့ တော့နော်။မင်းအစ်ကိုမသေပါဘူးကွာ။ကဗျာတွေဆက်ရေးနေမှာပါ။သူငယ်ချင်းတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာ။လှိုက်လှဲစွာနဲ့ ပေါ့။
By: moehtetaung18 at Jan 19, 2012
Comment #9
ကျွန်တော် ပြောပါတယ်..
ဦးလေး ကြီး မိုးထက် မသေပါဘူးလို့…
😀 😀
By: အသဲကွဲမိုး at Jan 19, 2012
Comment #10
အော် ဒီလိုလားဗျာ
ကိုဥာဏ်လင်းထက်ရေ ကျွန်တော်ပြောတာနည်းနည်းလွန်သွားရင်တောင်းပန်ပါတယ်
ကိုမိုးထက်အောင် မသေဘူးဆိုလို့ တကယ်ဝမ်းသာမိပါတယ် မြန်မြန်နေကောင်းပါစေဗျာ ကဗျာတွေလည်း မြန်မြန်ပြန်ရေးနိုင်ပါစေ ။
By: X - ray at Jan 19, 2012
Comment #11
ဟုတ်ပါ့ဗျာ…..
ကျွန်တော်လဲ တောင်းပန်ပါတယ်ဗျာ…..၊အပြောအဆိုလွန်သွားခဲ့တယ်ဆိုရင်ပေါ့….။
ကျွန်တော်မယုံပါဘူးလို့ပြောသားပဲဗျာ….။
ကို မိုးထက် မသေဘူးဆိုတာသိရတာ ကျွန်တော်တကယ်ဝမ်းသာပါတယ်…။
အရသာရှိတဲ့ ကို မိုးထက်ရဲ့ ကဗျာတိုင်းကို စောင့်မျှော်လျှက်…….။
ဇော်သက်ဦး(Ayatekalay)
By: ဇော်သက်ဦး(Ayatekalay) at Jan 19, 2012
Comment #12
oh,,
sound great,
wishing u b healthy very very soon,
By: ei lay at Jan 19, 2012
Comment #13
နတ်ပြည်တက်သွားပီလားလို့  စိတ်မကောင်းနေတာ….
တော်သေးတာပေါ့ 
နတ်ပြည်မှာ ကဗျာရေးလို့ မရဘူး…
By: NC at Jan 20, 2012
Comment #14
သူငယ်ချင်းအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ…….
By: moehtetaung18 at Jan 22, 2012




Comment #1
oh,,,
so sorry to know.
really really feel sorry,