Professional Authors

သူခိုး…..ဗျို့ ….သူခိုး (မိုးထက်အောင်)

သြော်…….
 ပြောနေဆိုနေရင်းနဲ့ ပဲ
ကိုယ့်လျှာကိုယ်ပြန်တက်နင်းမိပြန်ပြီ
ကဲ…….ကြည့်
အမြင်မတော် ကြားလို့ မကောင်း
အရောင်းတွေ အ၀ယ်တွေနဲ့ 
ဈေးစကားတွေအလဲအထပ်
ခွေးအူရင်တော့ ရွာပူတာပေါ့
(အဲဒီတော့……)
ရေငုံနှုတ်ပိတ် တိတ်တိတ်လေးမင်းနေ
(အခုတော့……)
အားနာပါးနာပြောရဦးမပေါ့
ဒီကောင်ဆိုတာကလဲ သရော်သလို ခနဲ့ တဲ့တဲ့
အရမ်းတစ်ဖက်ကမ်းခတ်တဲ့ကောင်
(မင်းပြန်စဉ်းစားကြည့်လေ)
……………တယ်ဆိုလည်း
သူခိုးကတော့သူခိုးပဲလေ မိတ်ဆွေ………။                  ။

                                                    မိုးထက်အောင်

(သူငယ်ချင်းများကိုနှုတ်ဆက်ပြီးမှ မရေးမဖြစ်ရေးခဲ့ရပြန်ပြီဗျ…..:)     )

In: ကဗျာ Posted By: Date: Jan 23, 2011
Comment #1

ဝင်ကြိုက်သွားတယ် ဗျို့

commentinfo By: ကြက်ခြေခတ် X at Jan 23, 2011
Comment #2

:haha ချကွ…………

commentinfo By: မာယာမင်းသား at Jan 23, 2011
Comment #3

ကြိတ်ထားဗျ ကိုမိုးထက်ကွ…………………
😛

Leave Comments

Name*

Email*
Website
Email me whenever there is new comment