Professional Authors

နှလုံးသားမှာ အမာရွတ်နဲ.လူ

ကိုယ်ထောင်တဲ. ကျော.ကွင်းထဲ
ခြေချော်လက်ချော် နမော်နမဲ.နဲ.
ထပ်တလဲလဲ ပြန်ကျနေတဲ.လူ

သနားစရာတော. မကောင်းပါဘူး
မျှော်လင်.ချက် မြီးကောင်ပေါက်တွေကို
(အမှတ်သည်းခြေမရှိ)
ကျောသပ်ရင်သပ် မွေးထားတတ်တဲ. လူမျိုး

သေရာပါမယ်. နာကျင်ခါးသီးမှုတွေက
တစ်စတစ်စ လှိုက်စားနေလိုက်တာ
ဟိုးအတွင်းဘက် ၀ိဥာဉ်တောင်
ဖြူလျော်ပါးလျလို. နေပါရော.လား

ဒီလိုနဲ.
ငါ.ဇာတ်သိမ်းခန်းကို ငါမြင်နေရပြီမို.
နှုတ်ဆက်ခဲ.ပါတယ် ချစ်သူ…
တစ်သက်လုံးအတွက်ပေါ.
နင်ပေးတဲ. ဒဏ်ရာက အမာရွတ်ကို
မပျောက်မပျက် ထိန်းသိမ်းရင်း
နာကြည်းတတ်အောင်
ကြိုးစားသင်ယူရဦးမယ်

In: ကဗျာ Posted By: Date: Jan 23, 2011
Comment #1

ဒီလိုနဲ.
ငါ.ဇာတ်သိမ်းခန်းကို ငါမြင်နေရပြီမို.
နှုတ်ဆက်ခဲ.ပါတယ် ချစ်သူ…
တစ်သက်လုံးအတွက်ပေါ.
နင်ပေးတဲ. ဒဏ်ရာက အမာရွတ်ကို
မပျောက်မပျက် ထိန်းသိမ်းရင်း
နာကြည်းတတ်အောင်
ကြိုးစားသင်ယူရဦးမယ်

commentinfo By: အသဲကွဲမိုး at Jan 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment