သေမင်းနံပါတ်နဲ့ဆောက်တဲ့ဧကရာဇ်သားအတိတ်မြို့ရိုးပေါ်မှပထမဦးဆုံးသခင်မထံသို့………..(terry)
(၁)
မီးအိမ်လိုမျိုးပဲ
မီးတောက်ကိုလွယ်ထားရတဲ့ကောင်ပါ……
ဖြူညစ်ညစ်မာတိကာမှာ
သက်ပြင်းတွေအပိုင်းပိုင်းပြတ်
မာနစွယ်ချိုးထားတဲ့
ကောင်းကင်ရဲ့လက်နဲ့
ခပ်ရင့်ရင့်နှင်းဆီတစ်ခက်ကို
ဖန်ဆင်းခဲ့ဖူးတယ်…………….။
(၂)
ဗုဒ္ဒဟူးနံနဲ့စတဲ့
အဆိပ်ဦးလေးရယ်……
၈နှစ်လုံးလုံး
ဥယျာဉ်မှုးပဲဖြစ်ခဲ့ဖူးသူအတွက်
တုန့်ပြန်မှု့လက်ကျန်
တကူးတကရနံလေးတောင်
မထိုက်တန်ဘူးတဲ့လား…….
(၃)
တံငါသည်…….
ရေနဲ့သေတတ်တယ်။
အလမ္မါယ်ဆရာ
မြွေနဲ့သေတတ်တယ်…တဲ့
ငါ့သမိုင်းကိုစိတ်ရှိလက်ရှိ
စုတ်ဖြဲပါ………..
အလွမ်းနဲ့ဖက်လှဲတကင်း
ပေါင်းသင်းခဲ့တဲ့ကောင်
အချစ်ကြောင့်ပဲ….သေပါရစေ။
(၄)
ခပ်ပုတ်ပုတ်တိမ်တိုက်တွေနဲ့အတူ……
ဓါးသွားတွေကိုဖမ်းဆုပ်
မြှားလုပ်တဲ့လက်တွေကိုလည်း
နမ်းခဲ့ဖူးပြီ…………………
ကျပျောက်ခဲ့ဖူးသော
ရာဇ၀င်တစ်အုပ်မှာတော့
ခပ်ရွယ်ရွယ်ကောင်လေးတစ်ယောက်ရဲ့ 
အိပ်မက်တစ်ပုဒ်ကို
နတ်ဆိုးတွေအလစ်သုတ်သွားခဲ့တယ်။
(၅)
မြင်နေရတဲ့
သစ်ရွက်ကြွေတွေရဲ့ 
နောက်ဆုံးခရီးကို
မျက်လုံးတစ်ချက်မှိတ်ပြီး
ဂါရ၀ပြုခိုက်….
လွှတ်ချလိုက်ပြီဆိုတဲ့အတွေးတွေ
ယဲ့ယဲ့လေးနွေးလာတယ်။
လောကဓံရယ်………….
ကိုယ့်ဈာပနကို
ငိုကြွေးတတ်ဖို့
(ဖြစ်နိုင်မယ်ဆိုရင်လေ)
တစ်စက္ကန့်လောက်တော့သင်ပေးပါ။
(၆)
စောင့်မျှော်သူမရှိတော့မယ့်
အနာဂတ်ကို
ကြက်ခြေခတ်တွေနဲ့အုံ့ဆိုင်းပစ်မယ်….
ဒီကြိုးတီးလို့
ဒီအသံမထွက်တဲ့
လောကရဲ့ နက္ခတ်
စောင်းဆရာရဲ့ ရင်ဘတ်ဟာ
တေးစပ်များမှားခဲ့ရော့သလား………။
(၇)
ကာလတွေအေးခဲနေဆဲပါပဲ…….
ဒါပေမယ့်
မအိပ်ပဲမက်ခဲ့ဖူးတဲ့
ဧကရာဇ်ပင်ကြီးအောက်က
အတိတ်သေတ္တာထဲမှာ
နှစ်ဦးသဘောတူမြှုပ်နှံခဲ့သော
သံယောဇဉ်တစ်ခုကတော့
တဆတ်ဆတ်တုန်ခါနေတုန်းပဲ..
`ငါနဲ့နင်´
အကြည့်ခြင်းမဆုံဖြစ်တော့ရင်တောင်
ရင်ခုန်သံခြင်းတော့ဆုံခဲ့ဖူးပါတယ်။
(၈)
မှတ်မိဦးမယ်ဆိုရင်ပေါ့….
ငါတို့ကြီးပြင်းခဲ့တဲ့
မြို့ လေးအတွင်းက
ဖြူလွှလွှတံတားတစ်စင်းလည်း
စောင့်မျှော်နေဦးမယ်ထင်ပါတယ်။
ဒီဇင်ဘာခံတွင်းထဲက
ကတ္တီပါနံနက်ခင်းနဲ့အတူ
မရွယ်ပဲလျှောက်ခဲ့ဖူးတဲ့
လူသုံးဦးရဲ့ ခြေသံတွေကို………..
(၉)
ဒီလိုနဲ့………………
၂၀၀၉……၂၀၁၀…….
သက္ကရာဇ်တွေအတုံးအရုံး
မာရ်နတ်ရဲ့ စစ်ချီတီးလုံးသံဟာ
ကြည်လင်နေခဲ့တဲ့ကန်ကို
နာကျင်ခြင်းတွေချင်းချင်းနီ
ညိုမဲအက်ကွဲစေခဲ့တယ်………..။
(၁၀)
စွပ်စွဲချက်တွေငေါက်ငေါက်ထိုးပြီး
ိုဖြိုခွဲခဲ့ဖူးတယ်…………..
မထိုက်တန်တဲ့ကောင်…တဲ့
ကျုပ်ဆိုတာကိုခဏဖယ်ထား
လူသားတစ်ယောက်အနေနဲ့
ခဏဖြစ်ဖြစ်ကြည့်ပေးပါကြပါ……
အရိပ်မခိုခဲ့ဖူးသလို
အခက်လည်းမချိုးခဲ့ဖူးတာ
မျက်ရည်ရဲ့ သစ္စာ….အမှန်ပါ။
(၁၁)
လွဲချော်မှု့တွေကြီးစိုးတဲ့
ငါ့ရဲ့မြို့ရိုးဟာ…
ရိုးသားခြင်းတွေနဲ့ကြီပြင်းခဲ့တာပါ။
အရာအားလုံးကိုခ၀ါချပြီး
ပြင်ဆင်ခွင့်ရမယ်ဆိုရင်
အစကနေ`ပြန်´ရှုံးချင်တယ်။
(၁၂)
စိတ်ဆိုးသလောက်လည်း
ချစ်ခဲ့တယ်……………..
စိတ်နာခဲ့သလောက်လည်း
လွမ်းခဲ့တယ်…………….
သံသယကြယ်ဆိုး
တစ်ရှုးထိုးကျဆုံးသွားချိန်
မျှော်လင့်ခြင်းတွေ
အရင်လိုဖြာဝင်းလာတဲ့အချိန်
ယုံကြည်မှု့အင်အား
ထောင်သောင်းမကများလာတဲ့အချိန်
အဆုံးမသတ်တတ်သေးတဲ့
ဖျော့တော့တော့နိဂုံးကို
သင့်နှုတ်ခမ်းနွေးနွေးတစ်စုံနဲ့
စွယ်တော်ရွက်မန္တာန်ကို
မန်းမှုတ်ပေးပါ။
(၁၃)
ပစ်ပြီးသားမြှားမှီးကို
နောက်မြားတစ်စီး
ထပ်စိုက်မယ့်အချိန်ကိုလည်း
ခိုးကြောင်ခိုးဝှက်အကြည့်နဲ့
လွမ်းမိတယ်……
ဟန်ကိုယ်ဖို့နဲ့
မမြင်ချင်ယောင်ဆောင်ဖြတ်သွားတိုင်း
စိတ်ထဲကနေပဲကြည့်ဖြစ်တဲ့
မင်းဆံပင်လေးတွေရဲ့ 
ခပ်ဖွဖွရယ်သံကိုလည်း
လွမ်းမိတယ်……..
တကယ်တမ်းတော့
ဘာရယ်ညာရယ်မဟုတ်ပဲ
မင်းလည်းငါ့ကို
လွမ်းပါလိမ့်ဦးမယ်လို့
ငါ….ယုံကြည်တယ်။
(၁၄)
ကဲ………………..
ရွှေအိုရောင်အတိပြီးတဲ့
မီးနတ်သမီး…….ရယ်…
ကျွန်ုပ်သင့်ထံ……
ဆည်းဆာတွေခြံရံလျက်
ပျံသန်းလာခဲ့ပြီ။
သပြေတစ်ခက်……
ဓါးတစ်လက်………
အသင်နှစ်သက်ရာနဲ့
ဆီးကြိုဆက်ဆံပါ။
(လူငယ်တစ်ယောက်ရဲ့ရင်ဘတ်အက္ခရာဖြင့်သီကုံးထားသောချစ်ခြင်းအထ္ထုပတိ(သို့) { Y..M..L }
terry(17.8.2011)3:00am,
[email protected]
Comment #3
ကိုတယ်ရီ..
ရေးထားတာတွေ ကောင်းတယ်ဗျ
အားပေးသွားပါတယ်။
By: pome.poem28 at Aug 17, 2011
Comment #5
x-ray..ပြောတာမှန်ပါတယ်…ကွန်ပြူတာပေါ်တင်တာ….
(17.8.2011)2am ပါ…….နာရီကိုကွန်ပြူတာပေါ်တင်ပြီးတဲ့အချိန်မရေးတတ်ဘူး..ဗျ
အပြင်မှာရေးတဲ့အချိန်ကိုပဲရေးလေ့ရှိပါတယ်…..ရက်စွဲကိုတော့ဒီအတိုင်းပဲရေးပါတယ်…
အကြောင်းရှိလို့ ရေးတာပါ….နားလည်တာလွဲသွားတယ်နဲ့ တူတယ်……။ 🙂
x-ray,အသဲကွဲမိုးနဲ့ရဲမင်းရေ……
အတူတူခံစားသွားတာကို…ကျေးဇူးတင်ပါတယ်…….
ဆက်လက်ကြိုးစားပါဦးမယ်……။
By: terry at Aug 17, 2011
Comment #6
@herosmith ရေ…..မမြင်လိုက်လို့ဗျ…..
ခံစားပေးတာ…ကျေးဇူးတင်ပါတယ်……။ 🙂
By: terry at Aug 17, 2011
Comment #10
ကို တယ် ရီ ရေ . . . . . အရမ်း ကို လေး စား တယ် ဗျာ . . . . အစဉ် အားပေး လျက် ဗျာ . . .
By: လမင်းဇော် at Aug 17, 2011
Comment #12
ဟုတ်တယ်ဗျ နားလည်မှုနည်းနည်းလွဲသွားတယ် အစတုန်းကတော့ ကျွန်တော်လည်း ကဗျာရေးတဲ့ date နဲ့ time ကိုပြောထားတယ်ထင်တာပါ ဒါပေမယ့် date က ဒီနေ့ဖြစ်နေတော့ ကဗျာတင်တဲ့အချိန်ကိုပြောတယ်လို့ထင်သွားတာပါ sorry ဗျာ သူများကိုနည်းနည်းစွက်ဖက်သလိုဖြစ်သွားတယ် ။
By: X - ray at Aug 17, 2011
Comment #13
oh my god..! what a damn pretty cool poem here!!!
i like every single words…bravo Terry!
By: ဖိုးနမ်း at Aug 17, 2011
Comment #14
မှတ်မိဦးမယ်ဆိုရင်ပေါ့….
ငါတို့ကြီးပြင်းခဲ့တဲ့
မြို့ လေးအတွင်းက
ဖြူလွှလွှတံတားတစ်စင်းလည်း
စောင့်မျှော်နေဦးမယ်ထင်ပါတယ်။
ဒီတစ်ပိုဒ်အကြိုက်ဆုံးပဲ
နားလည်သလိုပဲ ခံစားသွားတယ်………..
ဖြူလွှလွှတံတားတစ်စင်း
စောင့်မျှော်နေဦးမယ်ထင်ပါတယ်။
By: ရွှေငါး at Aug 17, 2011
Comment #16
ဟားးးး………သယ်ရင်းအရမ်းမိုက်တယ်ကွာ ၊ မင်းငယ်ချစ်ဦးလေးနဲ့ပြန်လည်ပေါင်းစပ်နိုင်ပါစေ ၊ လူသေးသေးလေးတွေလည်းအများကြီးရပါစေ …. ဟီးဟီး ………..
လောကဓံရယ်………….
ကိုယ့်ဈာပနကို
ငိုကြွေးတတ်ဖို့
(ဖြစ်နိုင်မယ်ဆိုရင်လေ)
တစ်စက္ကန့်လောက်တော့သင်ပေးပါ။
ကဲ………………..
ရွှေအိုရောင်အတိပြီးတဲ့
မီးနတ်သမီး…….ရယ်…
ကျွန်ုပ်သင့်ထံ……
ဆည်းဆာတွေခြံရံလျက်
ပျံသန်းလာခဲ့ပြီ။
သပြေတစ်ခက်……
ဓါးတစ်လက်………
အသင်နှစ်သက်ရာနဲ့
ဆီးကြိုဆက်ဆံပါ။
အရမ်းမိုက်တယ်ကွာ ………. အရမ်းမိုက်တယ် အရမ်းမိုက်တယ် …… အရမ်းခိုက်တယ် ….. အရမ်းခိုက်တယ် …..
By: tutpi at Aug 18, 2011
Comment #19
ကဗျာရှည်ပေမယ့် အရမ်းကောင်းလွန်းတော့ တစ်ထိုင်တည်း ဖတ်သွားတယ်ဗျား)
By: မိုးသစ်လေပြေ at Aug 21, 2011
Comment #20
တွတ်ပီ နဲ့ တယ်၇ီ ……….မင်းတို့နှစ်ယောက် .သတိတော့ထားနေ
ဝေယံကျော်…
By: ဝေယံကျော် at Aug 25, 2011
Comment #22
ပြောစရာမလိုတဲ့ကဗျာ ချီုးကျူးနေရင်စာလုံးတွေရှည်ကုန်လိမ့်မယ် share ပါရစေကိုတယ်ရီရေ ကျနော့်wallပေါ်မှာတင်ချင်လို့……………:)လေးစားလျက်
မောင်မြတ်သူ(ခေတ္တ-လှည်းတန်း)
By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Sep 24, 2011
Comment #25
စောင့်မျှော်သူမရှိတော့မယ့်
အနာဂတ်ကို
ကြက်ခြေခတ်တွေနဲ့အုံ့ဆိုင်းပစ်မယ်….
ဒီကြိုးတီးလို့
ဒီအသံမထွက်တဲ့
လောကရဲ့ နက္ခတ်
စောင်းဆရာရဲ့ ရင်ဘတ်ဟာ
တေးစပ်များမှားခဲ့ရော့သလား………။
သိပ်လေးစားစရာကောင်းတဲ့ အရေးအသားပါလားဗျာ
By: နိုးဆက် နေ့ at Dec 30, 2012
Comment #26
Sa ka lone hla hla lae tway ne Lu tat nay par de.
By: ei lay at Dec 30, 2012
Comment #27
`ငါနဲ့နင်´
အကြည့်ခြင်းမဆုံဖြစ်တော့ရင်တောင်
ရင်ခုန်သံခြင်းတော့ဆုံခဲ့ဖူးပါတယ်။
By: Sofarawayfromyou at Feb 26, 2013
Comment #28
အရာအားလုံးကိုခ၀ါချပြီး
ပြင်ဆင်ခွင့်ရမယ်ဆိုရင်
အစကနေ`ပြန်´ရှုံးချင်တယ်
By: နွေ at May 16, 2014
Comment #30
တယ်ရီရေ… ငါမဖတ်ဖြစ်တာကြာပြီ… comment လည်းမပေးဖြစ်တာကြာပြီ
နင်ငါ့ကိုမှတ်မိပါ့မလားမသိဘူး
ဒါပေမယ့် နင်ရေးတဲ့ကဗျာတွေကြိုက်တုန်းပဲ
By: angel rain at May 16, 2014
Comment #31
ကိုတယ်ရီရေ အရမ်းကြိုက်လို့ ရှယ်ခွင့်ပြုပါ…(y)
By: ap at May 17, 2014
Comment #32
ကဗျာရှည်တိုင်း ကျော်ချနေကျ ။
ဒီတပုဒ်ကိုတော့ တကြောင်းချင်း တကြောင်းချင်း အဆုံးထိ မျက်လုံးနဲ့ရော ရင်ဘတ်နဲ့ပါ ဖတ်သွားပါတယ်။ 🙂
By: Aphyu at May 17, 2014




Comment #1
3 am , 2 am မဟုတ်ဘူးလား ကျွန်တော်တော့ ဒီကဗျာကို ၂ နာရီကျော်ကျော်လောက်မှာတွေ့တာ စိတ်မရှိပါနဲ့ ဘာရယ်မဟုတ် ဒီအတိုင်းပြောလိုက်တာပါ ။ ကဗျာက အနှစ်သာရတော်တော်ပါတယ် စကားလုံးအသုံးအနှုန်းတွေကလည်း လိုက်လို့မမှီနိုင်အောင်ကို မြင့်တယ် ကဗျာအရေးအသား တကယ်ကျွမ်းတာဘဲ ဖတ်ရှုအားပေးသွားပါတယ် ။