Professional Authors

ငါလိုချင်ခဲ့တာ အဲဒါမဟုတ်ဘူး

သူသတ်လို့သေသွားတာမဟုတ်ဘူး

ငါ့နှလုံးသားက

ပဋိပက္ခတွေကြား ဗျာများ

သံသယတွေနဲ့ လုံးထွေးရင်း

ငါတို့နှလုံးသားတွေ သတ်သေကုန်ကြတာ…..

ပထမတစ်ခါ

မနာရက်လို့ မနာဘူး

လေပြေလေးနဲ့ ညှိတယ်

ရိသဲ့သဲ့ နင့်အပြောနဲ့ပဲ

ငါ့ပါးစပ်တွေ အလိုလိုပိတ်

တောင်းပန်ခြင်းတွေ ဆွံအသွားခဲ့တာ

ဒုတိယတစ်ခေါက်

မမောက်မာရက်ပါဘူး

ချစ်လွန်းလို့ကို တိုးတိုးချစ်ခဲ့တာ

နင့်ရဲ့ ဥပက္ခာတရားတွေနဲ့ပဲ

ငါ့ကိုယ်ငါ တရားပြ

မာနတို့ ရာထူးတက်လာခဲ့တာ

တတိယ….

စတုတ္ထ….

ပဋိပက္ခတွေပေါ့

တစ်တန်းပြီး တစ်တန်းတက်လာတာ

ကိုယ်ပျိုးထောင်လာတဲ့ပန်း

ကိုယ်မခြွေရက်သလိုပဲ

မာနတွေကလဲ မိုးရောက်နေပြီ

ခဏ ခဏသေနေရတဲ့ နှလုံးသားလဲ

အကျင့်ကြီးကိုပါလို့

သံသယတွေကလဲ ITခေတ် အလျောက်

တောက်လျှောက်ကို မြန်နေတာ

နင်နဲ့ငါလဲ

ငါနဲ့ နင်လဲ

ပိုနေမြဲ ကျားနေမြဲ………


ကြက်ခြေခတ် X

2.09am 22 jan 2011 fri

In: ကဗျာ Posted By: Date: Jan 21, 2011
Comment #1

ဂွတ်တယ် အားပေးသွားတယ်နော် ….. ပိုနေမြဲ ကြားနေမြဲလေးကို ထိန်းထားပါဗျာ
😛

Comment #2

ကိုယ်ပျိုးထောင်လာတဲ့ပန်း

ကိုယ်မခြွေရက်သလိုပဲ

မာနတွေကလဲ မိုးရောက်နေပြီ

ခဏ ခဏသေနေရတဲ့ နှလုံးသားလဲ

အကျင့်ကြီးကိုပါလို့

သံသယတွေကလဲ ITခေတ် အလျောက်

တောက်လျှောက်ကို မြန်နေတာ

နင်နဲ့ငါလဲ

ငါနဲ့ နင်လဲ

ပိုနေမြဲ ကျားနေမြဲ………

commentinfo By: Ate Pyaw at Jan 22, 2011
Comment #3

ခဏ ခဏသေနေရတဲ့ နှလုံးသားလဲ

အကျင့်ကြီးကိုပါလို့ တဲ့လားကွာ….

commentinfo By: gadounlay at Jan 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment