Professional Authors

လိုချင်တယ် လေ………

ရင်ဘတ်ကို နှင်း
အချိန်ကို ရင်း ပြီး
ချစ်ခဲ့ရတဲ့ ချစ်သူ…..
ဘ၀ မုန်တိုင်း
လေထန်တိုင်းလည်း
အနားမခွာ
ကြင်နာခဲ့ရတဲ့ သူ…..
စိတ်ကို ပုံအပ်
လူ ချင်းထပ်ကာ
အချစ်ပိုရတဲ့သူ……
မုဒိတာ
စေတနာ
အကြင်နာတွေ
ဂရုဏာတွေ အပြည့်ပေး
ကျွန်တော် လေ သူစိတ်ချမ်းသာဖို့
ဖြည့်ဆည်းပေးချင်ရဲ့…..
အချိုးအကွေ့တွေ
ဘ၀ မှာ ဘယ်လိုများ
ကျွန်တော်မှာလေ
သူမပေးတဲ့ အင်အားများ
အပြည့်ရှိလေရဲ့
နှလုံးသားကို အပ်ပရစေ
ကျွန်တော်ဦးနှောက်ကိုလည်း
အပ်ပရစေ
ကျွန်တော်ပိုင်သမျှ အရာအားလုံးဟာ
ဒီ ဖြူစင် ချောမောလှတဲ့
နတ်သမီးလေး အတွက်ပါ
နတ်သမီးရေ
သင်ပြန်လုပ်ပေးရမှာက
တစ်ခုတည်းပါ
ကျွန်တော့်အနားမှာ လေ နေပေးပါလား………..

In: ကဗျာ Posted By: Date: Oct 26, 2011
Comment #1

pyay say ta te,,,
pyay say ta te,,,
pyay say ta te,,

commentinfo By: ei lay at Oct 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment