Professional Authors

နင့်ရဲ့ အရင်လူ ဖြစ်ချင်ခဲ့တာ ….

နင့်ရဲ့ အရင်လူ ဖြစ်ခွင့်မရတာ

နာတယ်။

နင့်ရဲ့ အရံလူ မဖြစ်ရတာ

ပျော်တယ်။

ငါဟာ

နင့်ရဲ့ အချစ်ဦး

နင့်ရဲ့ အချစ်ဆုံး

နင့်ရဲ့ ထာဝရ

နင့်ရဲ့ …………

ဖြစ်ချင်ခဲ့တာ

ဒါပေမယ့် အဖက်ဖက်က

ပြဿနာနည်းနည်းရှိလို့်။

 

ငါ့ရဲ့ အရင်လူဟာ

နင် မဖြစ်ခဲ့တာလည်း

နာတယ်။

ဒါပေမယ့်

နင့်ရဲ့ အရံလူဟာ

ငါ မဟုတ်တာ

ပျော်တယ်။

 

ငါ့မှာ နောက်လူမရှိ

ငါ့မှာ အရံလူမရှိ

တကယ်လို့

ငါ့မှာ နောက်လူဆိုတာ

ရှိခဲ့ရင်လည်း နင်ပဲ ဖြစ်မှာပါ။

နင့် တစ်ယောက်ထဲ

ငါ့ နံဘေးနေဖို့

ငါ ရွေးချယ်ခဲ့ပြီးပြီမို့ပါ။

 

နင့်ရဲ့ အရံလူ

ငါ မဟုတ်တာပဲ

ငါ ကျေနပ်ပါတယ်။

နင့်ရဲ့ အရင်လူ ဖြစ်ချင်ခဲ့တာ

နင့်ရဲ့ နောက်လူ ဖြစ်ချင်ခဲ့တာ

နင့်ရဲ့ ထာဝရလူ ဖြစ်ချင်ခဲ့တာ

နင့်ရဲ့ အချစ်တွေ ရှယ်ယာအများဆုံး

ပိုင်ဆိုင်သူဟာ ငါ ဖြစ်ချင်ခဲ့တာ

သို့ပေမယ့် ပြဿနာ နည်းနည်းရှိခဲ့တယ်။

In: ကဗျာ Posted By: Date: Jan 17, 2012
Comment #1

he,,he,,
mike de,,
mike de,,,
kyike de,,,kyike de,,

commentinfo By: ei lay at Jan 17, 2012
Comment #2

ကတုံးလေး ..အမ အားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at Jan 18, 2012
Comment #3

အားပေးသွားတယ်…….

commentinfo By: May Kha at Jan 18, 2012
Comment #4

ငါ့ရဲ့ အရင်လူဟာ

နင် မဖြစ်ခဲ့တာလည်း

နာတယ်။

ဒါပေမယ့်

နင့်ရဲ့ အရံလူဟာ

ငါ မဟုတ်တာ

ပျော်တယ်။

commentinfo By: zawthetoo at Jan 18, 2012
Comment #5

လာအားပေးတဲ့ မမိုးရယ်
ei lay ရယ် ကျေးဇူးပါဗျာ။

commentinfo By: gadounlay at Jan 18, 2012
Comment #6

kyay zu tin yin moke kway par,,,
bike sar nay loh,,he,,he,,
naw,,hote lar,,ma moe yae.

commentinfo By: ei lay at Jan 19, 2012
Comment #7

ko gadonelay naw,,
myat hnar dot htet ma myar ne dot,,
kaung ma lay ta nar par de,
u a twat 1 ma hote pay me last dot htar pay phoe tit sar shi like par naw..

commentinfo By: ei lay at Jan 19, 2012
Comment #8

ei lay ရေ ကတုံးလေး ကျေးဇူးတင်သွားတယ်။
မုန့်လည်း ၀ယ်ကျွေးပါ့မယ်ဗျာ။ 🙂
မမိုးကိုလည်း ကြုံရင် ခေါ်ရအောင် 😛
May Kha ကိုလည်း ၀င်ခေါ်ကြမယ်လေ ပြီးတော့
ကိုဇော်သက်ဦးလည်း လိုက်မယ်ထင်တယ် 😛
အားလုံး မုန့်စားသွားကြမယ် ခစ်ခစ်ခစ် 😀
ပျော်စရာကြီး ….. အဲ …တစ်ခါထဲပြောထားမယ်
ဟိုရောက်ရင် စားစရာရှိတာသာစား
မျက်နှာ မများကြေးနော်
ဟီးးးး
အားလုံးကို ခင်မင်လို့ပါ
ဘယ်လိုမှ သဘောမထားကြပါနဲ့။

commentinfo By: ကတုံးလေး at Jan 19, 2012
Comment #9

ကဗျာထဲက ခေါင်းစဉ်အတိုင်းပဲ…
ကတုံးလေး……
ကျွန်တော်လည်းပဲ ဖြစ်ချင်တယ်။

commentinfo By: poem.poem28 at Jan 19, 2012
Comment #10

a me,,a me,,
hint,,.lu ko myar.
ei lay ka u lo myat hnar ma myar par bu naw,,
aye say pe,,lane lane mar mar lay nay dar,,
daw p,,like dot bu,,,
sate kout twar p,

commentinfo By: ei lay at Jan 19, 2012
Comment #11

ကဗျာက အရေးအသားကောင်းတယ် အချိတ်အဆက်ကောင်းတယ် စကားလုံးတွေကလည်း ရှေ့နောက်ညီတယ် တကယ်မိုက်တယ် မုန့်စားချင်လို့လည်း ပါပါတယ် ( just kidding)
ကဗျာက ပေါ့ပေါ့ပါးပါးလေးနဲ့ တကယ်ဖတ်လို့ကောင်းတယ်
အားပေးသွားတယ် ကိုကတုံးလေး ။

commentinfo By: X - ray at Jan 20, 2012
Comment #12

ya ya ya 😛
Ko X- ray ..
thanks for your comment

commentinfo By: ကတုံးလေး at Jan 20, 2012
Comment #13

ကောင်းပါတယ်။
အကြံနည်းနည်းပေးချင်ပါတယ်။
သူငယ်ချင်းတို့လို လက်စလက်န ရှိတဲ့ လုငယ်တွေ အနေနဲ့
လက်သွေးခွင့်ရမယ့် မဂ္ဂဇင်းတစ်စောင်တွေ့ထားတယ်
အဲဒါ ကတော့ ရွက်နုဝေ မဂ္ဂဇင်းပါပဲ
လူငယ်တွေပါတဲ့ စာအုပ်မို့
ဲကြိုးစားကြည့်သင့်ပါတယ်။
ဒါ ……အကြံပေးတာပါနော်

commentinfo By: Zgyi at Jan 20, 2012
Comment #14

ဟုတ်…
အခုလို အကြံပေးတာ ကျေးဇူးတင်ပါတယ်။
နောက်ထပ် အများကြီး ကြိုးစားသွားပါဦးမယ်။
အားလုံးကို ကျေးဇူးတင် လေးစားလျှက်ပါ။

commentinfo By: gadounlay at Jan 26, 2012
Comment #15

နင့်ရဲ့ အရင်လူ ဖြစ်ချင်ခဲ့တာ

နင့်ရဲ့ နောက်လူ ဖြစ်ချင်ခဲ့တာ

နင့်ရဲ့ ထာဝရလူ ဖြစ်ချင်ခဲ့တာ

အရမ်းကောင်းတာပဲဗျာ…..ခုမှပဲ ဖတ်မိတော့တယ်….အားပေးသွားပါတယ်….။

commentinfo By: kaythari at Apr 19, 2012
Comment #16

ကေါင်းလွန်းလို့……..
ယူသွားတယ်
ခွင့်ပြုပါနော်……ဟဲဟဲ။

commentinfo By: သားသား at Apr 19, 2012
Comment #17

ငါ့မှာ နောက်လူမရှိ

ငါ့မှာ အရံလူမရှိ

တကယ်လို့

ငါ့မှာ နောက်လူဆိုတာ

ရှိခဲ့ရင်လည်း နင်ပဲ ဖြစ်မှာပါ။

နင့် တစ်ယောက်ထဲ

ငါ့ နံဘေးနေဖို့

ငါ ရွေးချယ်ခဲ့ပြီးပြီမို့ပါ။

commentinfo By: d26 at Apr 20, 2012
Comment #18

နင့်ရဲ့ အရံလူ

ငါ မဟုတ်တာပဲ

ငါ ကျေနပ်ပါတယ်။

နင့်ရဲ့ အရင်လူ ဖြစ်ချင်ခဲ့တာ

နင့်ရဲ့ နောက်လူ ဖြစ်ချင်ခဲ့တာ

နင့်ရဲ့ ထာဝရလူ ဖြစ်ချင်ခဲ့တာ

နင့်ရဲ့ အချစ်တွေ ရှယ်ယာအများဆုံး

ပိုင်ဆိုင်သူဟာ ငါ ဖြစ်ချင်ခဲ့တာ

သို့ပေမယ့် ပြဿနာ နည်းနည်းရှိခဲ့တယ်။

commentinfo By: thetnaung at Apr 20, 2012
Comment #19

ကျွန်တော့ကဗျာကို ခံစားပေးကြတဲ့အတွက်
အများကြီး ကျေးဇူးတင်ပါတယ်။
နောက်ထပ်ကဗျာရေးဖို့ အားအင်တွေ တိုးလာပါတယ်။

commentinfo By: gadounlay at Apr 21, 2012
Comment #20

want to b forever,

commentinfo By: ei lay at Apr 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment