Professional Authors

သူ…..ဟာ….နင်…မဟုတ်ဘူး .

ငါအချိန်အကြာကြီးတွဲခဲ့တဲ့လက်
ဖျတ်ခနဲဆိုကြွေကျ
မြေခသွားချိန်မှ….
ငါ…..တွေးလို့မရ……..
ဖြေကြည့်ပေးဖို့ တောင်းဆိုတော့…
နင်………….. စိတ်ပျက်သွားလို့တဲ့
(ငါ့ကိုပဲချစ်မယ်..ပုံပြင်တွေမှာ..ငါမင်းသမီးပဲ မဟုတ်လား.ဒီလိုလူဟာ…နင်မဟုတ်နိုင်ဘူး)

ရုတ်တရက်ကြီး ခါးသီးသွား
ဘာလို့လည်း..
ဘာကြောင့်လည်း…နဲ့ ငါ….တွေဝေ….
ဒီလက်တွေ နဲ့ ချည်ခဲ့တဲ့ ကြိုး…
နှောင်ကြိုးပါးခဲ့လေသလား….
ငါ..ဆွေးလိုက်..ငေးလိုက်
ရေးလိုက်…….ပြိုလိုက်…..
တကယ်ဆို ငါ နင့်ကို ခွဲဖို့ မတွေးထားဘူး …
(မခွဲတမ်း…ဆိုကာ..တွဲခဲ့တဲ့လက်…စ…ဖြုတ်ရက်တာ..နင်..မဟုတ်ဘူး)

အချစ်မှာ…သံသယတွေ အပြည့်ထပ်
အငြိုးတွေ ပိုးထားခဲ့တော့……
ဝေးးးးးပြီ…
…………..ဝေးချင်ခဲ့ပြီ
ငါပေးခဲ့တဲ့အနမ်းတို့…
အလွမ်းတွေအဖြစ် ပြုစား
အသည်းတစုံလုံးနင်းခြေခဲ့…ကုစားရာ…မရှိတော့ဘူး
(မမေ့ကြေး..မလွဲကြေး…အသိတွေနဲ့..ကတိထပ်ခဲ့…စ..ဖြတ် တဲ့သူ…နင်..မဟုတ်ဘူး)

 

တဖက်သတ်ကြိုက်နေတဲ့.19နှစ်လေးနဲ့
ချစ်ကြိုးသွယ်ဖို့..ငါ့ကို..အပြစ်ဆိုးတွေဖွဲ့
ငါ…ပြုခဲ့သမျှ.…နုခဲ့ရလို့လား…
အမှားတွေနဲ့စုတ်ပြတ်….
အနာတွေနဲ့ မရင့်ကျက်တတ်ခဲ့
ယောင်ယမ်းလို့…သမ်းဝါးမိရင်တောင်…
နင့်ကြောင့်ပဲ…
.ငါ….ဂလဲ့စားကို နားလည်တတ်သူပါ
ခုတော့..
တသက်ဆွဲမယ့် ချစ်ပန်းချီကားတို့ ဆေးဖြယ်
နှစ်ယောက်အတူ..အနာဂတ်တို့….ဖောက်ဖျက်..
touch ph screen မှ..နင်မှန်းရက်လေခဲ့..
တပါးအချစ်ဆိုတာ…
ငါမုန်းသလောက်ကို..မျှ..မမှီပါ..အချစ်ရယ်

ပကာသနတွေနဲ့
အညာထပ်တဲ့အချစ်ကို..တပ်မက်သူ

အပြစ်တွေ ထပ်လို့ အချစ်ကို ချေဖျက် ခဲ့သူ
ငါ့အသည်းတွေကျွမ်းမှ..နင့်အနမ်းတွေ.
တဖက်လှည့်..လန်းတတ်တဲ့သူ

အတိတ်ကို အတိတ်မှာထားလို့…အနာဂတ်ကို အဆိပ်ခတ်..
ငါ့ဘ၀ကို စုတ်ပြတ်သတ်အောင် လုပ်ရက်ခဲ့သူ

မျက်ရည်မိုးတွေသည်း…
ညတွေတိုင်းမှာ..မျှော်လင့်တတ်တဲ့ဖုန်း..လေး….
အမြဲမအားမလပ်နဲ့ အသစ်ဆက်တဲ့သူ ……………..

အဲဒီသူဟာ……
……..…….နင်………………..မဟုတ်ဘူး…………
နင်ဆိုတာ.
………….ငါ့ကိုပဲချစ်လို့ ငါ့အနားမှာပဲ..ဆိုးပေတတ်တဲ့သူ

ဘာပဲဖြစ်ဖြစ်…
…………အဲဒီသူဟာ………….နင်မဟုတ်ဘူး။

(ငါမူမမှန်စွာနဲ့ တယူသန်ခဲ့ပါတယ်……..နင့်ကိုငါ…မမုန်းရက်ခဲ့ပါဘူး)

In: ကဗျာ Posted By: Date: Jun 13, 2011
Comment #1

အဲဒီသူဟာ……
……..…….နင်………………..မဟုတ်ဘူး…………
နင်ဆိုတာ.
………….ငါ့ကိုပဲချစ်လို့ ငါ့အနားမှာပဲ..ဆိုးပေတတ်တဲ့သူ

ဘာပဲဖြစ်ဖြစ်…
…………အဲဒီသူဟာ………….နင်မဟုတ်ဘူး။

commentinfo By: ကေသရီ at Jun 14, 2011
Comment #2

အတိတ်ကို အတိတ်မှာထားလို့…အနာဂတ်ကို အဆိပ်ခတ်..
ငါ့ဘ၀ကို စုတ်ပြတ်သတ်အောင် လုပ်ရက်ခဲ့သူ
ဘာပဲဖြစ်ဖြစ်…
…………အဲဒီသူဟာ………….နင်မဟုတ်ဘူး။

(ငါမူမမှန်စွာနဲ့ တယူသန်ခဲ့ပါတယ်……..နင့်ကိုငါ…မမုန်းရက်ခဲ့ပါဘူး)
မမိုး…..ထပ်တူအရမ်းခံစားရပါတယ်…ကဗျာလေးက
အားပေးနေပါတယ်။

commentinfo By: poem.poem28 at Jun 14, 2011
Comment #3

ရုတ်တရက်ကြီး ခါးသီးသွား
ဘာလို့လည်း..
ဘာကြောင့်လည်း…နဲ့ ငါ….တွေဝေ….
ဒီလက်တွေ နဲ့ ချည်ခဲ့တဲ့ ကြိုး…
နှောင်ကြိုးပါးခဲ့လေသလား….
ငါ..ဆွေးလိုက်..ငေးလိုက်
ရေးလိုက်…….ပြိုလိုက်…..
တကယ်ဆို ငါ နင့်ကို ခွဲဖို့ မတွေးထားဘူး …

commentinfo By: ခင်ဘုန်းနေ at Jun 14, 2011
Comment #4

တဖက်သတ်ကြိုက်နေတဲ့.19နှစ်လေးနဲ့
ချစ်ကြိုးသွယ်ဖို့..ငါ့ကို..အပြစ်ဆိုးတွေဖွဲ့
ငါ…ပြုခဲ့သမျှ.…နုခဲ့ရလို့လား…
အမှားတွေနဲ့စုတ်ပြတ်….
အနာတွေနဲ့ မရင့်ကျက်တတ်ခဲ့
ယောင်ယမ်းလို့…သမ်းဝါးမိရင်တောင်…
နင့်ကြောင့်ပဲ…
.ငါ….ဂလဲ့စားကို နားလည်တတ်သူပါ

သုံးနှုံးထားတဲ့အသုံးအနှုံးတွေ…..အရမ်းမိုက်ပါတယ်…..အားပေးပါတယ်….

commentinfo By: terry at Jun 14, 2011
Comment #5

ကဗျာကောင်းလေး…….
အားပေးသွားပါတယ်ဗျာ။

commentinfo By: moehtetaung18 at Jun 15, 2011
Comment #6

အားပေးသွားပါတယ် မမ အသဲကွဲမိုး..။
နာမည်နဲ့လိုက်အောင်ကို အသဲတွေကွဲပြနေလိုက်တာ မမ ရယ်…။

Comment #7

………..မိုးကို အားပေးကြတဲ့မောင်နှမများအားလုံးကျေးဇူးပါ

commentinfo By: အသဲကွဲမိုး at Jun 15, 2011
Comment #8

🙂

commentinfo By: ဖိုးနမ်း at Jun 15, 2011
Comment #9

ဘယ်သူလဲ ဒါဆိုရင်…..။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #10

ဖိုးနမ်း နှင့် ဆည်းဆာ…ကျေးဇူးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #11

တစ်မျိုးဘဲ အရေးအသားက

commentinfo By: မာန်ခက်ဝင့် at Jan 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment