Professional Authors

အပြုံးတစ်ခုရဲ့ နိဒါန်း (သို့) နိဂုံး

သူမချွှေချလိုက်တဲ့အပြုံးလေးတစ်ပွင့်ကိုရလိုက်တယ်
သူမရဲ့အပြုံးကိုနားမလည်ဘူး ဒါပေမယ့် စွဲလမ်းမိခဲ့တယ်
ဒီလိုနဲ့သူမအပြုံးအောက်မှာကျဆုံးခဲ့ရော
မင်းသိနိုင်ပါ့မလား ကောင်မလေးရယ်…
မင်းအပြုံးဟာ ငါ့အတွက် အလိုအပ်ဆုံးဆိုတာ
သူ့အပြုံးတွေနဲ့ အတူအခက်အခဲတွေကိုလည်း
အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့တယ်
သူ့အပြုံးတွေရဲ့ လှည့်စားမှုကိုသိပေမယ့်
ပျော်ပျော်ကြီး အသုံးတော်ခံခဲ့တာပဲ
ဒီလိုနဲ့အပြုံးတွေနဲ့ ပျော်မွေ့နေတုန်းမှာပဲ
သူကအပြုံးအတူနဲ့ အတူနှုတ်မဆက်ပဲ
ပျောက်ကွယ်သွားခဲ့ပြန်တယ်
လိုက်ရှာလည်း ရှာမတွေ့ဘူး အိမ်မက်များလား၊
သူရဲ့အပြုံးတွေလည်းမရှိတော့ ငါရှင်လျှက်အသက်မဲ့ခဲ့ရော
ကမ္ဘာလောကကြီးက အရင်လိုအရောင်မစုံလင်တော့ပါလား
အမြင်အာရုံထဲ အဖြူအမည်းကြီးပဲ
ပြန်လာခဲ့ပါ အရင်လိုအပြုံးတွေနဲ့ ငါစောင့်မျှော်နေစဲပါ
စတွေ့ချိန်ကစပြီး ပျောက်ကွယ်သွာတဲ့အချိန်အထိ
သူအပြုံးတွေကို ငါနားမလည်နိုင်ခဲ့ပါလား
အချိန်တွေကြာမြင့်ပေမည့်လည်း
သူရဲ့အပြုံးကိုမြင်ယောင်တမ်းတစဲပါ
ဒီလိုနဲ့မခံစားနိုင်တော့တဲ့ တစ်နေ့မှာ
နှလုံးသားတံခါးကို သော့ခတ်ခဲ့တယ်
ဒါပေမယ့် သော့ကသူဆီမှာရှိသေးတာပဲ
ကျေးဇူးပြုပြီး သော့ကိုဖျောက်ဖျက်ပေးပါ
ဘာပဲဖြစ်ဖြစ် အမြဲဆုတောင်းပေးနေမယ်
ထာဝရ အပြုံးလေးကို ပိုင်ဆိုင်ပါစေလို့

LoRdiE (Aug 6 2007, 12:12 AM)

In: ကဗျာ Posted By: Date: Aug 27, 2010
Comment #1

အသစ်သစ်တွေ ပေးပါ .. အဟောင်းကြီးတော့မလုပ်နဲ့ .. ကြာလာရင် ရူးသွားလိမ့်မယ် ~

ဟီးစတာ .. အဟောင်းပေမဲ့ သစ်နေဆဲပါပေါ့ ..

commentinfo By: သက်ထွေး at Aug 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment